Get Mystery Box with random crypto!

(တိုင်းပြည်မတည်ငြိမ်ခြင်းရဲ့ လတ်တလော လက်သည်တွေဟာ ဒီကောင်တွေပါပ | Thurein

(တိုင်းပြည်မတည်ငြိမ်ခြင်းရဲ့ လတ်တလော လက်သည်တွေဟာ ဒီကောင်တွေပါပဲ ။ အစိုးရရဲ့ အကြိမ်ကြိမ်လွှတ်ပေးနေတဲ့ လွတ်ငြိမ်းတွေကြောင့် အပြင်မှာ မရှိသင့်တဲ့ ခိုးဆိုးလုနှိုက်တွေ အပြင်လောကမှာ သောင်းကျန်းနေတာ ဘယ်ခေတ်ကမှ မတွေ့နိုင်ခဲ့တဲ့ စကေးတွေပါပဲ ။ နစက အတွက် ရှက်တတ်ရင် သတ်သေသင့်တဲ့ အထိဆိုးဝါးလွန်းနေပါပြီ)

{ဖြေရှင်းဖို့ကတော့ ယခင်ပြစ်မှုဟောင်းရှိပြီး အလုပ်အကိုင်မရှိ သုံးဖြုံးနေတဲ့ သူခိုး ဂျပိုးအားလုံး ပြန်ဖမ်းပြီး ပင်လယ်ထဲက ကျွန်းတကျွန်းမှာ လုပ်အားခသတ်မှတ်ပြီး စိုက်ပျိုး​မြေဖော်ထုတ်ခိုင်းပါ ၊ ဖမ်းဆီးနိုင်ဖို့လည်း ပုံစံ ၆၆ နဲ့ တိုက်ဆိုင်ပြီး အဝင်အထွက်ပိတ်ဆို့ကာ ဧည့်စာရင်းစစ်ပါ ၊ အသက် ၁၄ နှစ်မှ ၄၀ နစ် အတွင်း ဆေးစစ်ပါ ။ မူးယစ်ဆေးသုံးရင် အထက်ပါ သူခိုးဂျပိုးတွေလို ဖမ်းပြီး ကျွန်းတွေမှာ အလုပ်လုပ်ခိုင်းပါ ဒါဆိုရင် တိုင်းပြည်အမြန်တည်ငြိမ်လာပါလိမ့်မယ်}

ယခု နိုင်ငံတော်ရဲ့ ပေါ်လစီများသည် တိုင်းပြည်အတွက် ရှေးရှုပြီး ချမှတ်ဆောင်ရွက်နေကြတာ မှန်ပါတယ် ။ ဒီပေါ်လစီတွေသည် တိုင်းပြည်တည်ငြိမ်နေချမ်းနေလျှင်ကား အင်မတန်သင့်တော် ကောင်းမွန်တဲ့ ပေါ်လစီများ ဖြစ်ပါတယ် ။

သို့သော် ယနေ့ တိုင်းပြည်သည်ကား NLD နဲ့ အနောက်အုပ်စုရဲ့ စနစ်တကျ တိုက်ခိုက်ဖျက်ဆီးခြင်းခံနေရတဲ့ တိုင်းပြည်ဖြစ်နေပါတယ် ။ ဒီအခြေအနေကို ပြတ်ပြတ်ထင်ထင်ရှုမြင်ပြီး ပြတ်သားတဲ့ ပေါ်လစီအပျံစားနဲ့မှ အဆင်ပြေမှာဖြစ်ပါတယ် ။

တသက်လုံး အကောင်းမပြော ၊ အကောင်းမထင် ခဲ့တဲ့သူတွေ အကောင်းမြင်လာစေဖို့အတွက် တိုင်းပြည်နဲ့ပြည်သူတွေကို ရင်းပြီး ပေါ်လစီတွေချမှတ်နေရင်ဖြင့် ပြည်ပျက်တာပဲ အဖတ်တင်ပါတော့မယ် ။

ယခုအချိန်မှီပါသေးတယ် ။ မိမိတို့ ချမှတ်ထားသော ပေါ်လစီရေစီးနဲ့ အတူ ရှေ့ဆုံးရေဦးကနေ မျှောလာတဲ့ ပေါ်လစီအမှိုက်တွေကို အမြန်ဆုံး ဖယ်ရှားဖို့ အရေးတကြီးလုပ်ဆောင့်တော့ လိုသပေါ့လေ ။

ကိုရွှေမျိုးဝင်း

(အတော်ပြောရဲတဲ့ ကာတွန်းဆရာ တို့တော့ကြောက်ပါ့ ပြောရဲပေါင် ၊ ခင်ဗျားတို့လည်း ဒီလို မပြောနဲ့နော်....... )