Get Mystery Box with random crypto!

ဒေါက်တာ ရင်ရင်နွယ်၏postကို copy ယူ၍ပြန်လည်မျှဝေလိုက်ပါသည် ( Ma | Thurein


ဒေါက်တာ ရင်ရင်နွယ်၏postကို copy ယူ၍ပြန်လည်မျှဝေလိုက်ပါသည်
( May Waddy )

#သေဒဏ်နဲ့ #လူ့အခွင့်အရေး
.
မကြာသေးမီက ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီ၊
ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော် လေးယောက်ရဲ့
သေဒဏ် ပြစ်ဒဏ်များ ကို
န စ က အတည်ပြုလိုက်တယ်။
ဒီကိစ္စ အပေါ်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး ရဲ့ပြောဆိုချက်နဲ့
BBC၊ VOA တို့ ရဲ့ သတင်းထုတ်ပြန်မှု တို့ကို
မှတ်ချက်ပေးပါရစေ။
.
၁။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုချုပ် ဟာ
“သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူနှစ်ဦးကို ကွပ်မျက်မယ့် “မြန်မာစစ်တပ်”ရဲ့ ဆုံးဖြတ်ချက်အပေါ် ကုလသမဂ္ဂအနေနဲ့ အလွန်အမင်း စိတ်ပူနေတယ်....
လို့ပြောတယ်။

တရားစီရင် တာ မြန်မာစစ်တပ် မဟုတ်ဖူး။
မြန်မာပြည်က Failed state မဟုတ်တဲ့အတွက်
တရားရုံး အဆင့်ဆင့်နဲ့ လုပ်ထုံးလုပ်နည်းများအတိုင်း
အကြမ်းဖက်ဥပဒေ နဲ့ အညီ တရားစီရင်ခဲ့ တယ်။
တည်ဆဲ အစိုးရ တစ်ရပ်ကို ကုလသမဂ္ဂ က
အသိအမှတ်မပြုချင် ဘူးလား။
အသိအမှတ် မပြုချင်ရင် ရှေ့လျှောက် ဘယ်သူပိုနစ်နာမလည်း စဉ်းစားကြည့်။
ကုလမှာ လုပ်တဲ့ ပြည်တွင်းပြည်ပ မြန်မာ နိုင်ငံသားတွေ က ကော...ဘက်မလိုက်နေရမှာ။
The nature of development and the role of UN assistance
အကြောင်း သေချာလေ့လာကြည့်။
အရိပ်အမြွက်ကလေး ကိုသာ ကျွန်မ သတင်းစာ ဆောင်းပါးထဲရေးထားတယ်။
Remember the examples of China and Cambodia.
ကုလသမဂ္ဂ က အသိအမှတ်မပြုလို့တော့ ဘယ်အစိုးရမှ ပြောင်းမသွားဘူးမှတ်ပါ။
စိတ်ရှည် သည်းခံ နေတာကို အားနည်းမှုလို့မြင်ရင် မှားမယ်။
Do not mistake patience and politeness for weakness. This is a mistake made by arrogant people.
.
၂။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုချုပ် က
“ဒါဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၃ အရ လူတစ်ဦးရဲ့ အသက်ရှင်ခွင့်၊ လွတ်လပ်မှုနဲ့ လုံခြုံမှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုလည်း ဖြစ်တယ်” လို့ ဆိုတယ်။
.
မစ္စတာ ဂူတာရက်စ် ရှင့်။
ကျွန်မက ကုလသမဂ္ဂ ကို နောကျေနေပြီ။
ဒီတော့ ကုလသမဂ္ဂ မှာ သေဒဏ်ပြစ်ဒဏ် ပေးခြင်းကိုလုံးဝဆန့်ကျင်တဲ့ ပေါ်လစီရှိတယ် ဆိုတာသိပါတယ်။
ဒီလိုဆိုရင်လည်း သိက္ခာရှိရှိ
သေဒဏ်ပြစ်ဒဏ် ချတဲ့ နိုင်ငံတိုင်းကို
တစ်သမတ်တည်း ထောက်ပြဝေဖန်ပါလား။
အချက်အမှန်တွေနဲ့ လည်း ပြောပါလား။
မြေပုံနဲ့ဇယားကိုကြည့်။
သေဒဏ်တွေ အများကြီး စီရင် ကွပ်မျက်နေတဲ့
တရုတ်နဲ့ အမေရိကန် တို့ကို
ကျုပ်တို့ မြန်မာတွေကို ပြောသလိုမျိုး ပြင်းပြင်းထန်ထန် နှိမ် နှိမ်ချိုးချိုး ပြောရဲလား။
မြန်မာပြည် လို နိုင်ငံတွေကိုသာ ပြောတာ ပါ။
.
မစ္စတာ ဂူတာရက်စ် ရှင့်။
#ဦးဖြိုးဇေယျာသော်_ဦးဂျင်မီတို့နှစ်ယောက်ကြောင့်
#အသတ်ခံရတဲ့ပြည်သူတွေရဲ့လူ့အခွင့်အရေးတွေကော
မပြောတော့ဘူးလား။
ဒါတွေကို တော့ ဘာတစ်ခုမျှ ထည့်မပြောပဲ
မသိချင်ယောင်ဆောင် နေတဲ့ ကုလသမဂ္ဂ၊ BBC နဲ့ VOA။
ဥပမာ၊ ဖြိုးဇေယျာသော် ရဲ့ဦးဆောင်မှု ကြောင့် ဖြစ်တဲ့
လုပ်ကြံသတ်ဖြတ်မှု (၁၁) ကြိမ်၊ ဖောက်ခွဲဖျက်ဆီး မှု (၁၇၈) ကြိမ် တို့မှာ
သေဆုံးသူတွေ၊ ဒဏ်ရာ ရသူတွေ ကို
BBC နဲ့ VOA က ထည့်မပြောကြဘူး။
ထိမ်ချန် ထားတယ်။
ဆင်းရဲတဲ့ ကျွန်မတို့ မြန်မာပြည်မှာ
ပြည်သူ့ဘဏ္ဍာနဲ့ဆောက်ထားတဲ့
ကျောင်းတွေ အစိုးရရုံးတွေ ကို တိုက်ခိုက် ဖျက်ဆီးတာ က
ဝမ်းနည်းစရာပါ။
.
ဖြိုးဇေယျာသော် နဲ့ ဂျင်မီ တို့က
တည်ဆဲအစိုးရနဲ့ တပ်မတော်ကို မကျေနပ်တာနဲ့ ပဲ
ကလေးသူငယ်တွေကျောင်းမတက်ရဲအောင်
သာမန်လူတွေ ကြောက်စိတ်တွေဖြစ်လာအောင်
တာလီဘန်တွေ ISIS တွေလုပ်ခဲ့သလိုလုပ်ဖို့
အကြမ်းဖက်အဖွဲ့အစည်းတွေကို ခိုင်းခဲ့တာ တွေကော၊
ဒါက တမင်သက်သက် ပြည်သူ တွေကို Terrorism နဲ့ နှိပ်စက်နေတာဘဲ။
အသတ်ခံရတဲ့လူတွေ ရဲ့
ကျန်ရစ်သူ မိသားစုတွေဖက်က လည်း စဉ်းစားပေးကြပါလား။
နိုင်ငံရေးအရ သဘောမတူပေမဲ့
ဒါတွေနဲ့ အခြား ဝန်ခံပြီးသား လူသတ်မှု ပြစ်မှုတွေ ကို
ဝန်ခံချက် တွေကို Report အနေနဲ့သာ တင်ပြသင့်တယ်။
ဆိုလိုတာက BBC နဲ့ VOA တို့က သတင်းတစ်ရပ်ကို
အဖက်ဖက်မှ Report လုပ်သင့်ပါတယ်။
.

၃။ တတိယ အနေနဲ့
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုချုပ် က
“#လူတွေရဲ့လွတ်လပ်စွာထင်မြင်ယူဆခွင့်နဲ့ #ထုတ်ဖော်ပြောဆိုခွင့်ကို လေးစားလိုက်နာရမယ်......အဲဒီလို လွတ်လပ်စွာ ပြောဆိုဆန္ဒထုတ်ဖေါ် လို့ ဖမ်းခံရတဲ့ လူတွေကို အမှုအားလုံး ရုပ်သိမ်းပေးရမယ်၊....” လို့ ပြောဆိုတယ်။
The Secretary-General reiterates his calls for the respect of people’s rights to freedom of opinion and expression; and also to drop all charges against those arrested on charges related to the exercise of their fundamental freedoms and rights…….” ****
.
ဒီနေရာမှာ ကုလသမဂ္ဂ ပြောနေတာက