Get Mystery Box with random crypto!

ဒါပေမဲ့ ဆုံးသွားတဲ့ ဒကားကြီးသမီးလေးကောင်းရာမွန်ရာရောက်ဖို့ တော | Thurein

ဒါပေမဲ့ ဆုံးသွားတဲ့ ဒကားကြီးသမီးလေးကောင်းရာမွန်ရာရောက်ဖို့ တော့ ဒကာကြီး နေတဲ့ အနီးအနားက ဘုန်းကြီးကျောင်းက သံဃာ သုံးပါးဖြစ်ဖြစ် ငါးပါးဖြစ်ဖြစ် ကို သမီးလေးအတွက် ဆွမ်းနဲ့ သင်္ကန်း လှုပေးပြီး သမီးလေးကို သူလှုတဲ့ အနေနဲ့ သာဓုခေါ်ခိုင်းလိုက်ရင် အဆင်ပြေသွားလိမ့်မယ်လို့ ပြောတယ်.

အာ့နဲ့ကျွန်တော်လည်း ဘုန်းဘုန်းတို့ပဲ လုပ်ပေးပါလားလို့ မေးတော့ အာ့ဆို မနက်ဖြန် ဘုန်းဘုန်းတို့ ဆွမ်းခံမကြွဘူး. ဒကာကြီး သံဃာသုံးပါးအတွက် ဆွမ်းစီစဉ်ပြီး သင်္ငကန်းတစ်ထည်ကို ဘုန်းဘုန်းတို့ ဆွမ်းစားအမှီ ယူဆောင်လာခဲ့လို့ ပြောတယ်. ညကျရင်လည်း သမီးလေး ဒကာကြီးနဲ့ တွေ့ရင်လည်း မနက်ဖြန် ဒကာကြီးနဲ့ ဘုန်းကြီးကျောင်းကို လိုက်ခဲ့ခိုင်းပြီး ဘုန်းဘုန်းတို့အမျှပေးဝေတဲ့အခါ သာဓုသုံးကြိမ်ခေါ်ခိုင်းပါလို့ ပြောခိုင်းပါတယ်.

အာ့နဲ့ ကျွန်တော်တို့ပြန်လာကြပြီး ညအိပ်ပျော်သွားတဲ့အခါ သမီးလေးကို တွေ့ပြန်တယ်. သမီးလေးကို ချော့မော့ပြောဆိုပြီး မနက်ဖြန် ကျွန်တော်နဲ့ အတူ နေနိုင်ရင် နေပြီး ကျွန်တော်သွားတဲ့ ဘုန်းကြီးကျောင်းကို အတူလိုက်ခဲ့ဖို့နဲ့ ဘုန်းကြီးသင်ပေးတဲ့အတိုင်း ပြောပြလိုက်တယ်. သမီးလေးက ငိုယိုပြီး သမီးလိုက်ခဲ့မယ် ပြောတယ်.အဲ့လိုနဲ့ ပျောက်သွားပြန်ရော.

မနက်ရောက်တော့ ကျွန်တော်လည်း ဘုန်းကြိးတွေအတွက် အိမ်မှာ ချက်ရင် မိန်းမက မေးနေရင် ပြဿ နာဖြစ်နိုင်တာမို့ ဦးအောင်မြတ်နဲ့ တိုင်ပင်ပြီး ထမင်းဆိုင်က နေ ဝယ်ပြီး သင်္ကန်းတထည်ပါဝယ်ပြီး ဥိးအောင်မြတ်နဲ့ ဘုန်းကြီးကျောင်းကို ၁၀ နာရီ ခွဲလောက် သွားခဲ့တယ်.

ကျောင်းကိုရောက်တော့ ဦးအောင်မြတ်က ဝယ်လာတံ ထမင်းဟင်းတွေ ပုဂံခွက်တွေထဲထည့်ပြီး ဆွမ်းနဲ့ သင်္ကန်းကို ကပ်ဖို့စီစဉ်နေစဉ်မှာပဲ. ဘုန်းကြီးတစ်ပါးက ဘုရားရှိခိုးပြီး ရပ်ကွက်စောင့်နတ်ဆိုတာနဲ့ ဘုန်းကြီးကျောင်းစောင့်နတ်ဆိုတာကို မေတ္တာရပ်ခံနေတယ်. ကျွန်တော့်သမီးလေးနာမည် ပြောပြီး သမီးလေးကို ဘုန်းကြီးကျောင်းကို ခေါ်ဆောင်လာပေးကြဖို့နဲ့ သမီးလေး လာရင် ဘုန်းကြီးကျောင်းထဲကို ဝင်ခွင့်ပေးဖို့ မေတ္တာရပ်ခံနေတာ ကြားရပါတယ်. အဲ့ဒါနဲ့ ၁၁ နာရီလောက်မှာ သင်္ကန်းနဲ့ ထမင်းနဲ့ဟင်းကို ကျွန်တော်လက်နဲ့ ကိုင်ထိပြီး ဘုန်းကြီးတွေကို ကပ်ရပါတယ်. ကျွန်တော် မရှိခိုးပေမဲ့ ဘူန်းကြီးတွေ ပြောတာကို ဦးအောင်မြတ်နဲ့အတူတူ လိုက်ပြောဆိုခဲ့ရပါတယ်.

ပြီးသွားမှညဘုန်ကြီးတွေ ထမင်းစားပြီး သေဆုံးသွားတဲ့ ကျွန်တော့သမီးလေးနာမည်ခေါ်ပြီး အလှုအကြောင်းပြောပါတယ်. ပြီးတော့ အမျှ အမျှ အမျှဆိုပြီး သုံးကြိမ် လုပ်ပါတယ်. ဦးအောင်မြတ်နဲ့ကျွန်တော်လည်းသာဓု သုံးကြိမ် လိုက်ဆိုလိုက်ပါတယ်.

အဲ့အချိန်မှာ အံ့သြစရာကောင်းတာက ကျွန်တော့်စိတ်ထဲမှာ သမီးလေးက ကျွန်တော့အနားမှာ ရှိနေသလို ခံစားရတာပဲ. ကျွန်တော် ဝမ်းသာသလိုဖြစ်ပြီး ငိုချမိလိုက်တယ်. ဘုန်းကြိးက ဒကာကြီး ဝမ်းမနည်းပါနဲ့ အဆင်ပြေသွားမှာပါ ပြောပြီး ထရပ်တော့ ကျွန်တော်တို့လည်း အကုန်သိမ်ပြီး ပြန်လာခဲ့လိုက်ပါတယ်. အဲ့နေ့တနေကုန်စိတ်ထဲ တမျိုးကြီး. ညဘက်အမြန်ရောက်ချင်ပြီး သမီးကို တွေ့ချင်နေခဲ့တယ်. ညရောက်တော့ အိပ်မရဘူး. သမီးလေး ဘယ်လိုနေမလဲ တွေးနေမိတာ. မနက်မိုးလင်းကာနီးမှ မှေးကနဲ အိပ်ပျော်သွားတာ သမီးလေးက ကျွန်တော့်ကို ရီပြီးကြည့်နေတယ်ဗျာ. သူ့က စောင့်နေတာတဲ့. သူ့ပုံက လုံးဝပြောင်းသွားတာ. အသားအရည်စိုစိုပြေပြေနဲ့ အဝတ်အစားကလည်းအသစ်လိုပဲ ဝတ်ထားတာ. ပြီးတော့ ဗိုက်ကလေးပုတ်ပြပြီး သမီးအစားအစာတွေရလို့ အကုန်စားပလိုက်တာ ဗိုက်ကို တင်းနေတာပဲလို့ ပြောပြီး ရီရီမောမောနဲ့ သမီးအခု သွားချင်ရာ သွားလို့ရပြီ. သမီးလာနှုတ်ဆက်တာ ဆိုပြီး ဖြေးဖြေးချင်းဝေဝါး ပြီးပျောက်သွားတယ်.

ကျွန်တော်လည်းဝမ်းသာပြီးညသမီးနာမည်ခေါ်ပြိး ငိုတာ ဘေးက မိန်းမက လက်နဲ့ပုတ်မှ သတိရပြီး နိုးသွားတယ်. ကျွန်တော်ဆက်အိပ်လို့မရတော့ဘူး. မနက် ရေမိုးချိုးပြီး ဆိုင်ကို အပြေးလာပြီး ဦးအောင်မြတ်ကို ပြောပြတော့ သူက ခင်ဗျားသမီး အမျှပေးတာ သာဓုခေါ်ပြီး ကောင်းရာမွန်ရာ ဘဝကိုသွားပြီလို့ပြောတယ်. ကျွန်တော်ဝမ်းသာပေမဲ့ ဘယ်လို ယုံရမလဲ. လှူတာက ကျွန်တော်. နာမည်လေးခေါ်ပြီး အမျှဝေတာ သေတဲ့သူက သာဓုလေးခေါ်တာ နဲ့ လှုလိုက်တဲ့ပစ္စည်းတွေလို ရရှိတယ်ဆိုတော့. ကျွန်တော်သိပ်မယုံသေးဘူး.

ညကျရင်သမီးကိုမေးမယ်လို့ ကြံထားလိုက်တယ်. ညကျတော့ မြန်မြန်အိပ်ပျော်အောင် နွားနို့ထဲ ပျားရည်တဇွန်းထဲ့သောက်. ခြေထောက်ကိုရေအေးအေးဆေးပြီး အိပ်ယာဝင်လိုက်တာ သိပ်မကြာဘူး အိပ်ဗပျာ်သွားတယ်. ဒါပေမဲ့ ကျွန်တော်နိုးလာသည်အထိ သမီးကို အိပ်မက် မ မက်ဘူး. မနက်ဆိုင်ထွက်တော့ ဦးအောင်မြတ်ကိုပြောပြတော့ ကျွန်တော်က သူပြောတာမယုံဘူးလားဆိူပြီးရီနေတယ်. အဲ့ညလည်းအိမ်မက်ထဲမှာမတွေ့ နောက်ညတွေလည်း မတွေ့တော့တာ ခုထိပါပဲ.

သမီးလေးကို မတွေ့တာ တပတ်မြောက်တဲ့နေ့မှာ ဘုန်ကြီးကျောင်းကို ပြန်သွားပြီး ဘုန်းဘုန်းတို့ကို ပြောပြလိုက်တယ်. ဘုန်းကြီးက ဦးစိန်မောင် သမီးအတွက်စိတ်ချလိုက်ပါတော့ ကလေးမလေး ကောင်းတဲ့ဘဝကိုရောက်သွားပါပြီး ပြောပါတယ်. အာ့နဲ့ကျွန်တော်လည်းပြန်လာလိုက်ပါတယ်.