Get Mystery Box with random crypto!

ကျွန်တော့်မှာ မိန်းမနဲ့ သားနှစ်ယောက် သမီးလေးတစ်ယောက် ရှိပါတယ်. | Thurein

ကျွန်တော့်မှာ မိန်းမနဲ့ သားနှစ်ယောက် သမီးလေးတစ်ယောက် ရှိပါတယ်.
သမီးက အငယ်ဆုံးဖြစ်ပြီး အသက် က ၉ နှစ်ပါ. လွန်ခဲ့တဲ့ နှစ် နှစ် ၂၀၁၉ မှာ သမီးလေကး ရောဂါနဲ့ ဆုံးသွားခဲ့ပါတယ်.

ဇာတ်လမ်းက အဲ့မှာ စ တာပါ .
ကျွန်တော့ သမီး သေဆုံးသွားပြီး ကတည်းက ညတိုင်း ကျွန်တော် အိပ်ပြီဆို ကျွန်တော့်ရဲ့ အိပ်မက်ထဲမှာ ငိုယိုပြီး စကားလာပြောနေခဲ့ပါတယ်.

သူမှာ သွားချင်တဲ့နေရာ သွားလို့မရဘူး. ဗိုက်ဆာတဲ့အခါ သစ်ပင်တွေအောက်မှာနေကြတဲ့ အသက်ကြီးကြီး သူတွေဆီကနေ တောင်းစားတဲ့အခါ ရိုက်နှက်ပြီး နှင်ထုတ်ခံရတယ်. အဝတ်ကလည်း စုတ်စုတ်ပြတ်ပြတ်နဲ့ အရောင်မှန်နေတဲ့ အဝတ် အစား ဝတ်ထားပြီး ငိုယိုနေပါတယ်.

ကျွန်တော် အံ့သြရပါတယ် . သမီးကို တွေ့တေါ့. ကိုင်လို့မရပါဘူး. ဖက်လို့မရပါဘူး. ကျွန်တော်က သမီးကို အလာဟ် အရှင်မြတ်ဆီမှာ ဆုတောင်းခိုင်းတယ်. သမီးကလည်း ဆုတောင်းတယ်. မရဘူး. အလာဟ်ကိုလည်းမတွေ့ဘူးပြောတယ်. ကျွန်တော်လည်း အလာဟ် အရှင်မြတ်ဆီမှာ နေ့တိုင်းဆုတောင်းတယ်. ညကျရင် ကျွန်တော်အိပ်မက်ထဲမှာ သမီးက ပြန်လာ လာပြီး ငိုပြီးတိုင်တယ်. ကျနော်က နှစ်သိမ့်တယ်. ကျွန်တော် ဆီမှာပဲနေပြီး ဆုတောင်း. ဗိုက်ဆာရင် ကျွန်တော်ကျွေးမယ်ပြောတာ သမီးက မရဘူး အဖေ. သမီးအဖေ့ဆီလာလို့မရ. အဖေပေးတဲ့အစားအစာ စားလို့ရမှာမဟုတ်ဘူးပြောတယ်.

ကျွန်တော် ဝတ်ပြုနေတဲ့ ဗလီကျောင်းက ဆရာတွေကိုလည်းပြောပြတယ်. သူတို့လည်း အလာဟ်အဂှင်မြတ်ဆီ ဝတ်ပြုဆုတောင်း ပြီး လုပ်ပေးနိုင်တာ အကုန်လုပ်ပေးပေမဲ့ တစ်ပတ်သာ ပြည့်သွားတယ် မရပါဘူး. ကျွန်တော် နေ့တိုင်းငိုနေမိတယ်. ကျွန်တော့်သမီးလေးကို အဲ့လို မြင်နေရတာ. မနက်ပိုင်း ဆိုင်ကို သွားရင်လည်း မပြုံးရွှင်နိုင်ပါဘူး.

ကျွန်တော်က သင်္ဃန်းကျွန်းဈေးမှာ အိမ်အသုံးအဆောင်ပစ္စည်းများရောင်းပါတယ်. ကျွန်တော်ဆိုင်ဘေးကပ်ရပ်က ဦးအောင်မြတ်ဆိုသူ ကျွန်တော်မိတ်ဆွေက ကွမ်းရွက်ကွမ်းသီး ရောင်းပါတယ်. ဦးအောင်မြတ်က ဗုဒ္ဓဘာသာဝင်ပါ. ကျွန်တော့်မျက်နှာ မကောင်းတာကို ဦးအောင်မြတ်က တပတ်လောက်တွေ့တော့ မေးပါတယ်. ဆုံးသွားတဲ့ သမီးကို သတိရနေလို့လား ကိုစိန်မောင်. သမီးလေးအတွက်း ခင်ဗျားလည်း ခင်ဗျားတို့ ဘာသာအရ ကောင်းမှုတွေလုပ်ပေးနေတာပဲ. သမီးလေး ကောင်းကင်ဘုံရောက်မှာပါ ဆိုပြီး သူသိသလောက်လေးနဲ့ ဖြေသိမ့်ပေးပါတယ်.

အဲ့အခါ ကျွန်တော် သူ့အရှေ့မှာ စိတ်မထိန်းနိုင်တော့ပဲ ငိုချပြီး ညတိုင်းအိပ်မက်ထဲမှာ သမီးလေးကိုတွေ့ပြီး သမီးလေးက လာစကားပြောနေ ငိုနေတာကို ပြောပြလိုက်တယ်. အဲ့အခါ ဦးအောင်မြတ်က စိတ်မကောင်းပါဘူးဗျာ ပြောပြီး ဒါတွေဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အဖြစ်တွေပါလို့ ပြောတယ်. ကျွန်တော် အံသြသွားတယ်ဗျာ. ကျွန်တော်တို့ ဘာသာဝင်တွေမှာ အဲ့လိုမျိုး အတွေ့အကြုံ တခါမှမကြားခဲ့ဘူးပါဘူး. ဦးအောင်မြတ်က သူတွေ့ကြုံဖူးသလို ဖြစ်လေ့ဖြစ်ထရှိတယ်လို့ပြောတော့ ကျွန်တော်က အဲ့လိုမျိုးကြုံတွေ့လာကြရင် ခင်ဗျားတို့ ဘယ်လို လုပ်ကြသလဲလို့ မေးလိုက်ပါတယ်. ဦးအောင်မြတ်က အဲ့လိုမျိုးကြုံကြရင် ကျွန်တော်တို့ က နီးစပ်ရာ ဘုန်းကြီးကျောင်းတစ်ကျောင်းက ဆရာတော်တွေဆီသွားပြီး အကူအညီတောင်းလိုက်ပြီး လှုစရာရှိတာ လှုဒါန်းပေးလိုက်ရင် အိပ်မက်ထဲလာပြောနေတဲ့ သေဆုံးသူက ကောင်းရာ ဘဝကို ရောက်သွားကြတယ်လို့ ပြောပါတယ်.

အဲ့လို ကြားတော့ ကျွန်တော် စိတ်ဝင်စားသွားတယ်. ကျွန်တော် သမီးလေးအတွက် ဘာပဲလုပ်ရလုပ်ရဗျာ. ကျွန်တော် လုပ်ချင်တယ်လို့ ပြောတော့ ဦးအောင်မြတ်က ကိုစိန်မောင်, ခင်ဗျားက အစ္စလာမ်ဘာသာဝင်ဆိုတော့ ဘုန်ကြီးတွေကို ဆွမ်းလှုတာက ခက်ခဲပါလိမ့်မယ်လို့ ပြောတော့. ကျွန်တော်က ရတယ် ကျွန်တော် လှုဆို လှုမယ်. အရေးကြိးတာက ကျွန်တော့်သမီးလေး အခုလို ဖြစ်နေရကနေ လွတ်ဖို့ အရေးကြီးတယ်. ကျွန်တော် ဘုန်းကြီးကျောင်းကို လိုက်မယ်လို့ ပြောလိုက်တယ်.

အဲ့အခု ဦးအောင်မြတ်က သူခေါ်သွားမယ်ဆိုပြီး ဈေးနားက ဆားကန်ကျောင်းဆိုတာကို သွားကြတယ်. အဲ့မှာ ဘုန်းကြီးတပါးနဲ့ တွေ့ရပြီး ဘုန်းကြီးက ဒကာကြီး ဦးစိန်မောင်က အစ္စလာမ်ဘာသာဝင်ဆိုတော့ ဘုန်းကြီးတို့ကို မကန်တော့လည်း ရတယ်. ဒါပေမဲ့ ဆုံးသွားတဲ့ ဒကားကြီးသမီးလေးကောင်းရာမွန်ရာရောက်ဖို့ တော့ ဒကာကြီး နေတဲ့ အနီးအနားက ဘုန်းကြီးကျောင်းက သံဃာ သုံးပါးဖြစ်ဖြစ် ငါးပါးဖြစ်ဖြစ် ကို သမီးလေးအတွက် ဆွမ်းနဲ့ သင်္ကန်း လှုပေးပြီး သမီးလေးကို သူလှုတဲ့ အနေနဲ့ သာဓုခေါ်ခိုင်းလိုက်ရင် အဆင်ပြေသွားလိမ့်မယ်လို့ ပြောတယ်.

အာ့နဲ့ကျွန်တော်လည်း ဘုန်းဘုန်းတို့ပဲ လုပ်ပေးပါလားလို့ မေးတော့ အာ့ဆို မနက်ဖြန် ဘုန်းဘုန်းတို့ ဆွမ်းခံမကြွဘူး. ဒကာကြီး သံဃာသုံးပါးအတွက် ဆွမ်းစီစဉ်ပြီး သင်္ငကန်းတစ်ထည်ကို ဘုန်းဘုန်းတို့ ဆွမ်းစားအမှီ ယူဆောင်လာခဲ့လို့ ပြောတယ်. ညကျရင်လည်း သမီးလေး ဒကာကြီးနဲ့ တွေ့ရင်လည်း မနက်ဖြန် ဒကာကြီးနဲ့ ဘုန်းကြီးကျောင်းကို လိုက်ခဲ့ခိုင်းပြီး ဘုန်းဘုန်းတို့အမျှပေးဝေတဲ့အခါ သာဓုသုံးကြိမ်ခေါ်ခိုင်းပါလို့ ပြောခိုင်းပါတယ်.