Get Mystery Box with random crypto!

ဘယ်ဘာသာက အမှန်ဖြစ်မလဲ ကျွန်တော်စဉ်းစားလာပြီ. ကျွန်တော်ဟာ အစ္စလာ | Thurein

ဘယ်ဘာသာက အမှန်ဖြစ်မလဲ ကျွန်တော်စဉ်းစားလာပြီ. ကျွန်တော်ဟာ အစ္စလာမ်ဘာသာကို ကိုးကွယ်တဲ့မိဘက ဆင်းသက်လာပြီး ကိုယ်တွေ့မကြုံတွေ့နေသမျှတော့ အစ္စလာမ်ဘာသာက အမှန်ဆုံးလို့ ထင်ထားခဲ့တာ. အလာဟ်အရှင်မြတ် ရှိတယ်ဆိုတာ ကျွန်တော်မယုံကြည်တော့ပါဘူး. ပြီးခဲ့တဲ့ လေးငါးခြောက်နှစ်အလွန်က သေပြီးမှ အသက်ပြန်ဝင်လာပြီး ဗုဒ္ဓဘာသာ ကို ပြောင်းသွားတဲ့ ဦးအာလီကို ရှုံ့ချပစ်တင်ပြောခဲ့တာကို ပြန်သတိရပြီး နောင်တရမိပါတယ်.

ကျွန်တော် ဘုန်ကြီးကျောင်း ပြန်သွားခဲ့ပြီး ဘုန်းကြီးတွေကို ဦးအောင်မြတ် လက်အုပ်ချီပြီးကန်တော့တဲ့အတိုင်း ကန်တော့လိုက်ပါတယ်. ကျွန်တော်ဘဗုဒ္ဓဘာသာဝင်ဖြစ်ဖို့ ဘာတွေလုပ်ရမလဲ မေးတော့ ဘုန်းကြီးက သင်ပေးပါတယ်. စာရှည်နေပြီမို့ အာ့တွေ မရေးတော့ပါဘူး. အိမ်ရောက်တော့ မိန်းမနဲ့ သားတွေကိုပြောပြလိုက်ပါတယ်. မိန့းမက အော်ငေါက်ပြီးဆွေးမျိုးတွေကို ခေါ်ပြောပါတယ်. ဆွေမျိုးတွေအားလုံနဲ့မိန်းမ နဲ့ သားတွေကကျွန်တော်ကို သစ္စာဖောက်တယောက်လို ပြောဆိုပြီး နျင်ချကြပါတယ်. ကျွန်တော် ဘာမှစိတ်မဆိုးပဲ ကျွန်တော်အဝတ်လေးတွေ ယူလာပြီး ဦးအောင်မြတ်ဆီလာပြီး ကျွန်တော် ဆိုင်မှာပဲ အိပ် စားနေပါတယ်. မိန်းမက အိမ်ပေါ်ကနှင်ချတာတောင်အားမရပဲ ဆိုင်ကိုပါ သော့လာခတ်ပါတယ်. က်ကျန်တော့စိတ်က ဒေါသမဖြစ်ဘူး. ဒါတွေကြုံရမယ်ဆိုတာ ကြိုသိနေတယ်လေ. ကျွန်တော်အသာလေးထွက်လာပြီး ဘုန်းကြီးဆီပဲ လာလိုက်တယ်. သေသွားတဲ့ တမလွန်ဘဝက သူကိုတောင် ဘုန်ကြီးက ကယ်နိုင်သေးတာ ကျနော်အခုလိုဖြစ်နေတာကို ဘုန်းကြီးကယ်နိုင်မယ်လို့ ယုံကြည်ထားတယ်. ဘုန်းကြီးကျောင်းရောက်တော့ ဘုန်းကြီးကိုပြောပြတော့ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ပြီဆိုရင် လောလောဆယ်ကြုံတွေ့နေရတဲ့ စိတ်ခံစားမှုတွေ သက်သာသွားအောင် ဒကာကြီး တရားစခန်းတခုကို သွားပြီး တရားထိုင်ကြည့်ပါလားဆိုတော့ကျနော်လည်း တခါမှ မလုပ်ဖူးတော့ ဘုန်းကြီးက ဘာမှမပူနဲ့ အလွယ်လေးပါ. သင်ပေးမဲ့သူတွေရှိတယိဆိုပြီး ၁၀ ရက် စခန်းဝင်ခိုင်းလို့ဝင်ခဲ့ပါတယ်. ပြန်ထွက်လာတော့ ဦးအောင်မြတ်အကူအညီနဲ့ တောင်ဥက္ကလာက လူတစ်ယောက်က ဆိုင်လေးဖွင့်ဖို့ ကူညီပေးပါတယ်. ကျွန်တော် ငှားထားတဲ့ အိမ်ဆိုင်လေးမှာပဲနေပြီး တရားစခန်းက သင်ပေးတဲ့အတိုင်း ဝိပဿနာကို နေ့တိုင်းလေ့ကျင့်ပါတယ်.အံသြစရာကောင်းလောက်အောင် အလုပ်ကလည်း အရမ်းအဆင်ပြေလာပြီး တောင်ဥက္ကလာမှာ တိုက်ခန်းလေးတစ်ခု ဝယ်လိုက်နိုင်ပါတယ်. ဘုန်းကြီးတွေကိုလည်း နေ့တိုင်းလှုပါတယ်. အခု ကျွန်တော်အသက် ၅၀ ပါ. ကျွန်တော် ဘဝဆိုတာကို နားလည်သင့်သလောက်နားလည်နေပါပြီ. နောက်ငါးနှစ်လောက်ဆို ကျွန်တော် ဘုန်းကြီးဝတ်ပြီး ဝိပဿနာကို တိုးပြီးကျင့်ကြံပါတော့မယ်.

အခု ကျွန်တော်ရဲ့ ကိုယ်တွေ့ အတွေ့အကြုံလေးကို ဖတ်ပြီး ဒီဂရုဖ်ထဲက လူတွေ တစ်ခုခု ရရှိသွားရင် ကျွန်တော် ကျေနပ်ပါတယ်ဗျာ.

ဗုဒ္ဓဘာသာဝင်တွေအဖြစ်နဲ့ မွေးဖွားလာခဲ့ရတွေကတော့ ကံကောင်းလွန်းပါတယ်လို့ ပြောပြချင်ပါတယ်.

ကျွန်တော့် အသိုင်းအဝိုင်းအစ္စလာမ်ဘာသာဝင်တွေကို ပုတ်ခတ်တာလို့ မထင်ဗစချင်ပါဘူးဗျာ. ကိုယ်တွေ့ကြုံတွေ့ရမှသာယုံကြည်ကြမှာမို့ ကျွန်တော်ဘာမှမပြောလိုပါဘူး.

အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ.

Credit #မူရင်း