Get Mystery Box with random crypto!

ပဋ္ဌာန်းရွတ်ခြင်းက သံသရာအတိတ်ကြွေး မြန်မြန်ကျေချင်သူတွေအတွက် က | Thurein


ပဋ္ဌာန်းရွတ်ခြင်းက သံသရာအတိတ်ကြွေး မြန်မြန်ကျေချင်သူတွေအတွက် ကောင်းပါတယ်။
ယခု ဘဝမှာ ပဋ္ဌာန်းရွတ်ရတဲ့အကျိုးကြောင့် ဘဝအဆက်ဆက်ကျင်လယ်ရာမှာ တင်ခဲ့တဲ့ အတိတ်ကြွေးတွေကျေအောင် အရင်ဆပ်ရတဲ့အခါ လူ့သဘာဝအရ မခံမရပ်နိုင်အောင်သောကများကြရတတ်ပါတယ်။
ဒီလိုသောကတွေ ဒုက္ခတွေကို ခါးစည်းခံပြီး မပျက်မကွက်ဆက်ရွတ်ရင် သံသရာအကြွေးကျေပါတယ်။
သို့ပေမယ့် လူ့သဘာဝ အရ ဖြစလာတဲ့ သောကအပေါ် ဆက်သီးမခံနိုတဲ့အခါ ရပ်ပစ်ကြပါတယ်။
သီးခံပြီး ဆက်ရွတ်တဲ့အခါ အတိတ်ကအညစ်အကြေးတွေ ကင်းစင်ချိန်မှာ ကောင်းသောကံအဖြစ်ပြောင်းလဲလာပါတယ်။

အရင်တုန်းက ပဋ္ဌာန်းရွတ်ခဲ့ပြီး
ခုပဋ္ဌာန်းမရွတ်ဖြစ်တဲ့သူတွေရှိမှာပါ။
ဘာပဲဖြစ်ဖြစ်ပဋ္ဌာန်းကို
ပြန်ရွတ်ပူဇော်စေချင်ပါတယ်။
ပြန်လာပါလို့ ဖိတ်ပါရစေ ။

(ကိုယ့်အတွက်)
အပတ်စဉ်ကုသိုလ်ကျင့်ဝတ်တခုရှိစေချင်လို့ပါ။
အလေ့အကျင့်တွေနဲ့
ဖြတ်သန်းတာကြာလာတဲ့အခါ
အများကြီးအထောက်အပံံ့့ ရလာပါလိမ့်မယ်။
မိသားစုတွေအတွက်၊ ကိုယ့်ပတ်ဝန်းကျင်က
လူမှု့ကိစ္စတွေအမျိုးမျိုးနဲ့၊ ကိုယ့်အတွက်ကိုယ်
လုပ်ဖြစ်တယ်ဆိုတာ သိပ်မရှိပါဘူး။
ကိုယ့်အတွက်တစ်ပတ်မှာတစ်ကြိမ်
ကုသိုလ်တွေတိုးပွားဖို့၊
တွန့်ဆုတ်နေမိနေပြီး ပျက်ကွက်နေခဲ့မိရင်
ကိုယ်လုပ်နေ့ကျ ကုသိုလ်ကျင့်ဝတ်တွေကို
ပြန်လုပ်စေချင်ပါတယ်။
အရင်တုန်းကပဋ္ဌာန်းမရွတ်ခဲ့ဖူးဆိုရင်
ပဋ္ဌာန်းရွတ်ကြည့်ပါ၊
ပဋ္ဌာန်းပူဇော်ကြတဲ့မိသားစုဝင်များ
ဖြစ်အောင်ပြန်လာခဲ့ပါလို့ ဖိတ်ခေါ်လိုက်ပါရစေ။

ဝဋ်ကြွေးပါလာရင်
ဘယ်လောက်ပဲ ဘုရားတရား လုပ်လုပ်
အဲ့ဝဋ်ကြွေးကိုတော့ အရင်ဆပ်ရပါတယ် ......
ပဋ္ဌာန်းရွတ်တိုင်း
တစ္ခုခု ကံဆိုးမိုးမှောင်ကျတဲ့ အကြောင်းက
သံသရာတိုအောင် ခွာချနေတာပါတဲ့ ...

ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဖတ်ရာမှာ
( မိမိတစ်နိုင် အကျဉ်းဖြစ်စေ ၊ အကျယ်ဖြစ်စေ ၊
ပဉွာဝါရ ဖြစ်စေ ပဋ္ဌာနပါဠိငါးအုပ်ပဲဖြစ်ဖြစ်
ဘာပဲဖြစ်ဖြစ် ပူဇော်ရွတ်ဖတ် သရဇ္ဇျယ်ခြင်းဟာ)

မိမိရဲ့သံသရာ ဘဝအဆက်ဆက်မှာရှိခဲ့သော
သိ၍ ဖြစ်စေ မသိ၍ဖြစ်စေပြုခဲ့မိတဲ့
အကုသိုလ် အညစ်အကြေးတွေကို
ခွာချနေခြင်းနဲ့တူတယ် ဆိုတာ
သတိလေးကပ်ထားဖို့ လိုပါတယ် ။

တစ်ချို့ရှိကြပါတယ်
ပဋ္ဌာန်းရွတ်မှ ပူလောင်လာတယ်၊
ပြဿနာတွေ တစ်ခု မဟုတ် တစ်ခု ဖြစ်ကြတယ်၊
စီးပွားတွေကျကုန်တယ်ဆိုတာ
ရံဖန်ရံခါ ရှိတတ်ပါတယ်။
တကယ်လည်း လက်တွေ့ပါ။

ဒါပေမယ့် သတိထားရမွာက
ဒါဟာ ပဋ္ဌာန်းဒေသနာတော်ကြောင့် မဟုတ်ပဲ
မိမိရဲ့ အကုသိုလ်အညစ်အကြေးကို
မိမိကိုယ်တိုင် အသက်သာဆုံးနည်းနဲ့
သံသရာတိုအောင် ခွာချနေတယ်ဆိုတာပါ ။

သံသရာမွာ မိမိရဲ့ အကုသိုလ် ဝဋ်ကြွေး
အညစ်အကြေးတွေ မကုန်စင်သေးပဲ
သံသရာကနေ ထွကျသွားလို့ ရရိုးထုံးစံမရှိပါ။

ဒါကို မြတ်စွာဘုရားရှင်
ကိုယ်တော်မြတ်ကြီးမှ အစ
အဂ္ဂသာဝက မဟာသာဝက
ရဟန္တာအရှင်မြတ်ကြီးများပါ မကျန်
သက်သေပြခဲ့ကြပြီးပါပြီ။

ပဋ္ဌာန်းဒေသနာတော်ကြီးကို
ရွတ်ဖတ်ပူဇော်ခွင့်ရနေပြီ ဆိုကတည်းက
မိမိမွာ ကံကြီးငါးပါးထိုက်သူထဲ မပါဖို့
ရာခိုင်နှုန်းများပါတယ်။

ဒီတော့ ရှိသမျှ အကုသိုလ်ဝဋ်ကြွေးကို
တောင့်ခံပြီး မြန်မြန်ဆပ်
နာနာဆပ် ပေတေပြီးတော့
သဒ္ဒါတရားအပြည့်နဲ့သာ
ဖြေးဖြေးမှန်မှန် ရွတ်ဖတ်ကြဖို့
တိုက်တွန်းလိုပါတယ်။

အဲ့ဒီလို ပူဇော်လေ မိမိသန္တာန်မှာ
အနှေးနဲ့အမြန် အငြိမ်းဓါတ်
အအေးဓါတ် တစ်မျိုးကို
တစ်ဦးနှင့်တစ်ဦး စရိုက်ပေါ်မူတည်ပြီးတော့
ခံစားရမွာ မလွဲဧကန်ပါ။

ပဋ္ဌာန်းတရားတော်ကြီးရဲ့
ကျိုးကြောင်းဆင်ခြင်သုံးသပ်မှု ဒေသနာ
ပစ္ဆဝေက္ခဏာ စွမ်းအားအာနုဘော်ကြောင့်
မိမိရဲ့ သန္တာန်မှာ အကုသိုလ်
အညစ်အကြေးကင်းစင်လာတာနဲ့အမျှ ....

အကုသိုလ် ဝဋ်ကြွေးဖြစ်မယ့်
အရာမှန်သမျှ လုပ်ကိုင်လိုစိတ်လည်း
တစ်ဖြေးဖြေးလျော့နည်းပျောက်ကွယ်သွားပြီး
အကုသိုလ္ကို လုံးဝလုပ်ချင်စိတ်လည်း
မရှိတော့မှာလည်း လက်တွေ့ ဒိဋ္ဌဓမ္မ
သေချာတဲ့ အကျိုးရလဒ်ဖြစ်ပါတယ်။

အဲ့ဒီအချိန်မှာ မထင်မှတ်လောက်အောင်
မိမိရဲ့ ယုံကြည်မှုသဒ္ဒါတရားနဲ့ အေးမြမှုတို့ဟာ
မထင်မှတ်လောက်အောင်
ခိုင်မြဲနေတာကိုတွေ့ရပါလိမ့်မယ်။

မိမိရဲ့ လူမှုစီးပွားဘဝလည်း
အေးချမ်း တည်ငြိမ်ပြီး
အရာရာ ပြည့်စုံနေတာကို
မျက်မြင်တွေ့ရပါလိမ့်မယ်။

ဒီထက်မက ထပ်ပြီးတော့မှ
အနက်အဓိပ္ပါယ်တို့ကို လေ့လာချင်စိတ်
သဒ္ဒါတရားတွေ တဖွားဖွားပေါ်လာပြီး
အနက်အဓိပ္ပါယ်တို့ကို အနုလုံ ပဋိလုံ
သိမြင်နားလည်လာတဲ့အခါ ...

အလိုလိုနေရင်း တရားက သူ့အလုပ်သူလုပ်ပြီး
ခန္ဓာဥာဏ်ရောက် သြားတာကို
အံ့သြဖွယ် ကောင်းစွာ ထပ်မံတွေ့ရပါမယ်။

မိမိရဲ့ ဝါသနာ စရိုက်နဲ့ ကိုက်ညီတဲ့
ကမ္မဋ္ဌာန်းနည်းပြ၊
အနီးကပ်လမ်းညွှန်ပေးမယ့်
ဆရာလည်း ရောက်လာပါလိမ့်မယ်။