Get Mystery Box with random crypto!

မိမိရဲ့ လူမှုစီးပွားဘဝလည်း အေးချမ်း တည်ငြိမ်ပြီး အရ | Thurein

မိမိရဲ့ လူမှုစီးပွားဘဝလည်း
အေးချမ်း တည်ငြိမ်ပြီး
အရာရာ ပြည့်စုံနေတာကို
မျက်မြင်တွေ့ရပါလိမ့်မယ်။

ဒီထက်မက ထပ်ပြီးတော့မှ
အနက်အဓိပ္ပါယ်တို့ကို လေ့လာချင်စိတ်
သဒ္ဒါတရားတွေ တဖွားဖွားပေါ်လာပြီး
အနက်အဓိပ္ပါယ်တို့ကို အနုလုံ ပဋိလုံ
သိမြင်နားလည်လာတဲ့အခါ ...

အလိုလိုနေရင်း တရားက သူ့အလုပ်သူလုပ်ပြီး
ခန္ဓာဉာဏ်ရောက် သြားတာကို
အံ့သြဖွယ် ကောင်းစွာ ထပ်မံတွေ့ရပါမယ်။

မိမိရဲ့ ဝါသနာ စရိုက်နဲ့ ကိုက်ညီတဲ့
ကမ္မဋ္ဌာန်းနည်းပြ၊
အနီးကပ်လမ်းညွှန်ပေးမယ့်
ဆရာလည်း ရောက်လာပါလိမ့်မယ်။

ဒါဟာဘာကို ပြသလဲဆိုတော့ မိမိသန္တာန်မှာ
အကုသိုလ် အညစ်အကြေးတွေကို
အကြွေးမထားပဲ အဖတ်လိုက်
အဖတ်လိုက်ခွာချလိုက်တဲ့အခါ ...
မိမိဘဝ အဆက်ဆက် အနမတဂ
သံသရာအဆက်ဆက်ပါခဲ့တဲ့
အထုံပါရမီတွေဟာ ...

ဒီဘဝမှာပြန်ပေါ်လာပြီး
မဂ် ဖိုလ်လမ်းကြောင်းပေါ်ကို မဂ္ဂင်ရှစ်ပါးနဲ့အညီ
ခပ်မြန်မြန် ရောက်သွားခြင်းသာ ဖြစ်ပါကြောင်း
ထပ်မံ ရေးသားရင်း...

သံသရာအဆက်ဆက္က
အကုသိုလ်အညစ်အကြေးများကို
မဆုတ်မနစ်တဲ့ ဇြဲ သတ္တိ ဝီရိယ တို့နှင့်
တရားအလုပ်အားထုတ်ရင်း
ဒီဘဝမှာတင် ခွာချကြရအောင်

ပဋ္ဌာန်းပူဇော်၍ စိတ်အေးချမ်းမှု့ရကြပါစေ...

Credit.... မူရင်းရေးသားပူဇော်သူ

မေတ္တာစေတနာဖြင့် ပြန်လည်မျှဝေပေးပါသည်