Get Mystery Box with random crypto!

ဖေဖေ သမီး ဘုရားကို နောက်တစ်ခါ ထပ်မသွားတော့ဘူး ဘာဖြစ်လို့လဲ သ | Thurein


ဖေဖေ သမီး ဘုရားကို
နောက်တစ်ခါ ထပ်မသွားတော့ဘူး

ဘာဖြစ်လို့လဲ သမီး

ဘုရားကို သမီးသွားတော့
တွေ့တဲ့လူတိုင်းက ဘုရားဝတ်ပြုနေတဲ့ အချိန်မှာတောင် ဖုန်းသုံးနေတဲ့သူနဲ့
အတင်းပြောနေတဲ့သူနဲ့ ဘယ်သူမှ
တလေးတစား မရှိကြဘူး သူတို့အားလုံးဟာ သူတော်ကောင်းယောင်
ဆောင်နေကြတာပဲ ဖေဖေ

အင်း..

ဒါဆို သမီး ဘုရား
မသွားတော့ဖို့ မဆုံးဖြတ်ခင် ဖေဖေ
သမီးကို တစ်ခုလောက် လုပ်ခိုင်းလို့ရမလား

ပြောကြည့်လေ ဖေဖေ ဘာများလဲ

ဒါဆို သမီး.....
ဖန်ခွက်ထဲ ရေအပြည့်ထည့်ပြီး
ဘုရားကို ၂ ပတ် လမ်းလျောက်ရမယ်
ဒါပေမယ့် ရေတော့
လုံးဝမဖိတ်ရဘူးနော်

ဒါလေးများ သမီး လုပ်နိုင်ပါတယ်
ဖေဖေ....

ခဏအကြာ.... .

သမီး ပြန်ရောက်ပီ
ဖေဖေ ဒီမှာကြည့် ရေ လုံးဝမဖိတ်ဘူး

ဟုတ်ပီ ဒါဆို
ဖေဖေ သမီးကို မေးခွန်း ၃ ခု မေးမယ်

သမီး ဘုရားပေါ်မှာ
ဖုန်းသုံးနေတဲ့သူတွေ တွေ့ခဲ့လား.. .

အတင်းပြောနေတာတွေရော ကြားခဲ့လား...

သမာဓိပျက်နေတဲ့သူတွေရော ရှိခဲ့လား.. .

သတိမထားမိလိုက်ဘူး ဖေဖေရယ် အဲဒါတွေ သွားကြည့်ရင် သမီး ဖန်ခွက်ထဲကရေ ဖိတ်သွားမှာပေါ့ သမီးကိုယ်ကို အာရုံစိုက်ထားရတာ သူတို့ကို မကြည့်အားပါဘူး

ဟုတ်တယ် သမီး.. .

ဖေဖေလိုချင်တာ အဲဒါပဲ သမီး

သမီး ဘုရားကျောင်းကို
သွားတယ်ဆိုရင် လုပ်သင့်တာက
ကိုယ့်အလုပ်ကိုကိုယ် အာရုံစိုက်ပြီး ဘုရားကို အာရုံပြုနေဖို့ပဲ

ကျန်တာတွေက ကိုယ့်ကိစ္စ မဟုတ်ဘူး

ကိုယ့်သမာဓိ မပျက်ဖို့ပဲ
အရေးကြီးတယ် မဟုတ်လား သမီး

ဘယ်သူ တရားပျက်ပျက်
ကိုယ်မပျက်ဖို့ လိုတယ်သမီး

ဒါဆိုရင် သမီးဘဝ တစ်လျှောက်မှာ
ဘယ်လို အဖြစ်အပျက်နဲ့ပဲ ကြုံရကြုံရ
ကိုယ့်ရဲ့ အတွင်းစိတ်ထဲမှာသာ
အာရုံအပြည့်အဝ စူးစိုက်ထားမယ်ဆိုရင်
ပြင်ပ ဘယ်အရာကမှ သမီးကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်နိုင်တော့မှာ မဟုတ်ဘူး သမီး

ကျေးဇူးပါ ဖေဖေ
ဖေဖေပေးတဲ့ သင်ခန်းစာက
သမီးအတွက် တကယ်ကို
ကောင်းလွန်းပါတယ် ဖေဖေ

မေတ္တာဖြင့်.....မိုးဦး

တယ်လီဂရမ်လင့်
https://t.me/komyowin

ကျွန်တော့အကောင့်လင့်
https://www.facebook.com/phyo.w.zin.5011

YUTUBE လင့်
https://youtube.com/channel/UCG7fGVz_iyGtDnMsqyCABbw


ေဖေဖ သမီး ဘုရားကို
ေနာက္တစ္ခါ ထပ္မသြားေတာ့ဘူး

ဘာျဖစ္လို႔လဲ သမီး

ဘုရားကို သမီးသြားေတာ့
ေတြ႕တဲ့လူတိုင္းက ဘုရားဝတ္ျပဳေနတဲ့ အခ်ိန္မွာေတာင္ ဖုန္းသုံးေနတဲ့သူနဲ႔
အတင္းေျပာေနတဲ့သူနဲ႔ ဘယ္သူမွ
တေလးတစား မရွိၾကဘူး သူတို႔အားလုံးဟာ သူေတာ္ေကာင္းေယာင္
ေဆာင္ေနၾကတာပဲ ေဖေဖ

အင္း..

ဒါဆို သမီး ဘုရား
မသြားေတာ့ဖို႔ မဆုံးျဖတ္ခင္ ေဖေဖ
သမီးကို တစ္ခုေလာက္ လုပ္ခိုင္းလို႔ရမလား

ေျပာၾကည့္ေလ ေဖေဖ ဘာမ်ားလဲ

ဒါဆို သမီး.....
ဖန္ခြက္ထဲ ေရအျပည့္ထည့္ၿပီး
ဘုရားကို ၂ ပတ္ လမ္းေလ်ာက္ရမယ္
ဒါေပမယ့္ ေရေတာ့
လုံးဝမဖိတ္ရဘူးေနာ္

ဒါေလးမ်ား သမီး လုပ္ႏိုင္ပါတယ္
ေဖေဖ....

ခဏအၾကာ.... .

သမီး ျပန္ေရာက္ပီ
ေဖေဖ ဒီမွာၾကည့္ ေရ လုံးဝမဖိတ္ဘူး

ဟုတ္ပီ ဒါဆို
ေဖေဖ သမီးကို ေမးခြန္း ၃ ခု ေမးမယ္

သမီး ဘုရားေပၚမွာ
ဖုန္းသုံးေနတဲ့သူေတြ ေတြ႕ခဲ့လား.. .

အတင္းေျပာေနတာေတြေရာ ၾကားခဲ့လား...

သမာဓိပ်က္ေနတဲ့သူေတြေရာ ရွိခဲ့လား.. .

သတိမထားမိလိုက္ဘူး ေဖေဖရယ္ အဲဒါေတြ သြားၾကည့္ရင္ သမီး ဖန္ခြက္ထဲကေရ ဖိတ္သြားမွာေပါ႔ သမီးကိုယ္ကို အာ႐ုံစိုက္ထားရတာ သူတို႔ကို မၾကည့္အားပါဘူး

ဟုတ္တယ္ သမီး.. .

ေဖေဖလိုခ်င္တာ အဲဒါပဲ သမီး

သမီး ဘုရားေက်ာင္းကို
သြားတယ္ဆိုရင္ လုပ္သင့္တာက
ကိုယ့္အလုပ္ကိုကိုယ္ အာ႐ုံစိုက္ၿပီး ဘုရားကို အာ႐ုံျပဳေနဖို႔ပဲ

က်န္တာေတြက ကိုယ့္ကိစၥ မဟုတ္ဘူး

ကိုယ့္သမာဓိ မပ်က္ဖို႔ပဲ
အေရးႀကီးတယ္ မဟုတ္လား သမီး

ဘယ္သူ တရားပ်က္ပ်က္
ကိုယ္မပ်က္ဖို႔ လိုတယ္သမီး

ဒါဆိုရင္ သမီးဘဝ တစ္ေလွ်ာက္မွာ
ဘယ္လို အျဖစ္အပ်က္နဲ႔ပဲ ႀကဳံရႀကဳံရ
ကိုယ့္ရဲ႕ အတြင္းစိတ္ထဲမွာသာ
အာ႐ုံအျပည့္အဝ စူးစိုက္ထားမယ္ဆိုရင္
ျပင္ပ ဘယ္အရာကမွ သမီးကို စိတ္အေႏွာင့္အယွက္ျဖစ္ေအာင္ လုပ္ႏိုင္ေတာ့မွာ မဟုတ္ဘူး သမီး

ေက်းဇူးပါ ေဖေဖ
ေဖေဖေပးတဲ့ သင္ခန္းစာက
သမီးအတြက္ တကယ္ကို
ေကာင္းလြန္းပါတယ္ ေဖေဖ

ေမတၱာျဖင့္.....မိုးဦး

တယ္လီဂရမ္လင့္
https://t.me/komyowin

ကြၽန္ေတာ့အေကာင့္လင့္
https://www.facebook.com/phyo.w.zin.5011

YUTUBE လင့္
https://youtube.com/channel/UCG7fGVz_iyGtDnMsqyCABbw