Get Mystery Box with random crypto!

. #ဥက္ကရစ်ထရဲ့_သူရဲကောင်း ( ခရက်ဒစ်... မူရင | Thurein


. #ဥက္ကရစ်ထရဲ့_သူရဲကောင်း
( ခရက်ဒစ်... မူရင်း )

စက်လတ်ပစ်အားနဲ့ ရန်သူ့တိုက်စစ်ကို
အကြိမ်ကြိမ်လန်ကျစေတဲ့သူ..
သူ့ကိုယ်မှာ ဒဏ်ယာရနေတာတောင်
ကိုယ်တိုင်ဆေးပတ္တီးစည်း
အချင်းချင်းတောင်စိတ်ဓာတ်ကျမှာစိုးလို့
ပေးမသိဘဲ ပစ်အားရော့ကျမသွားဘဲ
ဆက်လက်ချေမှုန်းနေသူ..

နောက်ဆုံး စစ်ကူတွေရောက်လာကြပြီလို့
သူ့ကိုပြောလိုက်တဲ့အချိန်မှာတော့
" ဟုတ်လားရောက်လာပြီလား" လို့
တိုးတိုးပြောလေးမေးပြီး ငြိမ်နေခဲ့တယ်
သူ့မျက်စိက ရန်သူတက်လာမဲ့လမ်းကြောင်းကို
မမှိတ်မသုန်ကြည့်နေခဲ့တယ်၊

သူ့လက်က စက်လတ်ရဲ့ မောင်းခလုတ်ပေါ်မှာ
ခန္ဓာကိုယ်ကတော့ တိုက်ပွဲဝင်အနေအထား
သို့သော်ငြိမ်သက်သွားခဲ့ပြီ စိတ်ချသွားခဲ့ပြီ
ရန်သူတွေလည်းငြိမ်သက်သွားခဲ့ပြီ
သူ့ကျွေးမွေးပြုစုဘို့ သွားခေါ်တဲ့အခါမှာတော့
သူလက်ထဲက သေနတ်ကို
မနဲဖြုတ်ယူရတဲ့အနေအထားနဲ့
မြင့်မြတ်စွာ ကျဆုံးနေခဲ့ပြီ
သူ့ကိုစစ်ဆေးကြည့်တော့
သေနတ်ဒဏ်ယာ (၃) ချက်
ဘယ်အချိန်ထဲက
ထိထားမှန်းတောင်မသိဘူးတဲ့..

သူကတော့
တပ်ကြပ်မြင့်လွင်ဆိုတဲ့
ဥက္ကရစ်ထ စခန်းရဲ့ အညတျ
သူရဲကောင်းတယောက်ပါဘဲ..
လေးလေးစားစား ဂုဏ်ပြု
လက်တင်အလေးပြုပါတယ်ဆရာမြင့်လွင်ရေ..

#KA


( ခရက်ဒစ်... မူရင်း )

ဆက်လက်ချေမှုန်းနေသူ..


သူလက်ထဲက သေနတ်ကို
သေနတ်ဒဏ်ယာ (၃) ချက်
ဘယ်အချိန်ထဲက

သူကတော့
လေးလေးစားစား ဂုဏ်ပြု

#KA