စျေးဝယ်ခြင်း အနုပညာ =============== ကြီးကြီးကျယ်ကျယ | Thurein
စျေးဝယ်ခြင်း အနုပညာ
===============
ကြီးကြီးကျယ်ကျယ် ခေါင်းစဥ်တပ်ထားလို့ အထင်ကြီးမနေနဲ့အုံးဗျ ။ တကယ်ဆိုရင် ကျနော် စျေးဝယ်ဖူးတာ ၊ ကိုယ်တိုင်မဖြစ်စလောက် ချက်ဖူးတာက မလေးရှားကို ရောက်တဲ့အချိန်ကမှ စပြီး ဝယ်ဖူး ချက်ဖူးတာဗျ ။
မလေးရှားမှာ ဝယ်ရတာကတော့ စျေးနှုံးတွေက သိပ်မကွာလို့ရယ် ၊ တခွန်းဆိုင်တွေရယ်ကြောင့် ပြဿနာမရှိခဲ့ရပါဘူး ။ မြန်မာပြည်ပြန်ရောက်ပြီး ရပ်စောက်မြို့မှာ တယောက်တည်းနေရတော့ စျေးဝယ်ရတဲ့ ပြဿနာရှိလာရပါတယ် ။
အလေးချိန်မပြည့်တာ ၊ ပစ္စည်းမကောင်းတာ အဓိကပြဿနာပါပဲ ။ တခါသား ကျနော်နဲ့ အတူနေ သစ်အုပ်ကြီးတို့ စျေးသွားဝယ်ကြပါတယ် ။ ဝက်သားဝယ်ကြတာပါ ။ ၅၀ သားဝယ်တာ မပြည့်ဖူးလို့ စိတ်ထဲမသင်္ကါတာနဲ့.....
'' ဒီမယ် ခင်ဗျား အပိုမပေးချင်နေ အလေးပြည့်အောင်တော့ပေးနော် ကျုပ်က ပြဿနာမရှိဘူး မိန်းမက အိမ်ရောက်ရင် ချိန်ကြည့်ပြီး မပြည့်တာနဲ့ ဆိုင်လိုက်ပြခိုင်းပြီး ပြဿနာမပြီးတမ်းရှာတတ်တယ် ဒါကြောင့် ပြည့်အောင်တော့ချိန်ပေး မပိုချင်နေနော် ''
ဒီလိုလည်းပြောလိုက်ရော နောက်ထပ် ၃ တုံး ခုတ်ထစ်ပြီး ထပ်ပေးပါရော ။ အိမ်ရောက်တော့ သစ်အုပ်ကြီးက အိမ်နားကထမင်းဆိုင်က ချိန်ခွင်နဲ့ချိန်ကြည့်တယ် ကွက်တိပဲတဲ့ ။ ယောကျာ်းသားနှစ်ယောက်ပဲ နေတာကို မိန်းမနဲ့ခြောက်ပြီး အလေးပြည့်အောင် တောင်းခဲ့လို့ သစ်အုပ်ကြီးက သဘောကျပြီး လျှောက်ပြောလေရဲ့ ။
နောက် ကျနော်ရန်ကုန်မှာ စျေးဝယ်တော့ ဆိုင်ကယ်ကယ်ရီ အသွားအပြန် ၂၀၀၀ိ ကုန်ပါတယ် ။ စျေးဝယ်နည်းက စျေးထဲပတ်ကြည့်လိုက်တယ် ။ တိုင်းရင်းသားတွေထဲက အဖိုးအို ၊ အမယ်အိုတွေ ဘာရောင်းနေသလဲ ၊ ကလေးငယ်တွေ ဘာရောင်းသလဲ လေ့လာပါတယ် ။
အားပေးစရာရှိရင် သူတို့ဆီကပဲ အားပေးပါတယ် ။ တော်ရုံပစ္စည်းမကောင်းတာ ချေးများမနေပါဘူး ။ နောက် သူတို့ဆီကိုလည်း ဘယ်တော့မှ စျေးမဆစ်ပါဘူး ။ ဆစ်မယ်တွက်ပြီး ပိုတင်ထားလည်း ဝယ်ပါတယ် ။
တချို့ကျတော့ မျက်မှန်းတန်းမိပြီး ပိုပိုသာသာ ထည့်ပေးကြပါတယ် ။ မထည့်နဲ့ မြတ်အောင်ရောင်း အဆစ်တောင်းမှ ကျေနပ်သူပဲ ပေးလိုက်ပါ ဆိုပြီး ပြန်ပေးလိုက်ရင် ကျနော့်ကို ဘယ်လိုလူလည်းဆိုပြီး မော့ကြည့်တဲ့ မျက်ဝန်းတွေကို ကျနော် ပြုံးပြီးတော့ ကြည့်မိရင်း ပီတိဖြစ်တာ အမှန်ပါပဲ ။
အသား ငါး ကတော့ လူတိုးဝယ်နေတဲ့ဆိုင်ပဲ ဝင်ဝယ်လေ့ရှိပါတယ် ။ ဒါက လူသတင်းလူချင်းဆောင်တာဗျ ။ အလေးခိုးသူ ၊ ကွာလ်တီမကောင်းသူဆီ တခေါက်ဝယ်ပြီး နောက်ဘယ်လာဝယ်မလဲဗျာ လူတိုးဝယ်နေပြီဆိုကတည်းက သူ့ဆိုင်မှာ အားသာချက်ရှိနေတာသေချာတယ်လေ ။
အဖိုး အဖွား ကလေးသူငယ်တို့ဆီကနေ စျေးမဆစ်ပဲဝယ်လို့ ဘယ်လောက်ပိုကုန်မလဲ..... ?
တဦး တရာထက် ပိုကုန်မယ်မထင်ပါဘူး ။ ဒီလို မစီစစ်ပဲ ဝယ်ယူလို့ စီစစ်သူထက်စာရင် စျေးတခေါက် တထောင်ပိုကုန်တယ် ဆိုပါစို့ ။
ကျနော် အသွားအပြန်ဆိုင်ကယ် ကယ်ရီမခေါ်ပဲ လမ်းလျှောက်ရင်ပဲ ၂၀၀၀ိ ချွေတာပြီး ဖြစ်နေပါပြီ ။ ကျနော်ဝယ်လို့ စက္ကန့်ပိုင်းလေးလောက်ပဲ ပျော်ပျော် ၊ ကိုယ့်ဆီက မဖြစ်သလောက် အမြတ်လေးက သူတို့ရဲ့ ထမင်းအိုးအတွက် ဆန်ဗူးဝက်ပဲ ရရ ကျနော် ပီတိဖြစ်ရပါတယ် ။
သေချာတဲ့ အကျိုးကတော့ လမ်းလျှောက်ဖြစ်လို့ ကျန်းမာရေးနဲ့ ညီညွှတ်တယ် ။ ကိုယ်ဝယ်မိတဲ့ ဆင်းရဲသားစျေးသည် အဖိုး အဖွား ကလေးငယ်တွေနဲ့ သူတို့ရဲ့ ခဏတာပီတိလေးကို ကျနော် မြိန်ယှက်စွာ စားသုံးနိုင်တဲ့ အကျိုးတော့ ရလာပါတယ်ဗျာ ။
ကိုရွှေမျိုးဝင်း
ေစ်းဝယ္ျခင္း အႏုပညာ
===============
ႀကီးႀကီးက်ယ္က်ယ္ ေခါင္းစဥ္တပ္ထားလို႔ အထင္ႀကီးမေနနဲ႔အုံးဗ် ။ တကယ္ဆိုရင္ က်ေနာ္ ေစ်းဝယ္ဖူးတာ ၊ ကိုယ္တိုင္မျဖစ္စေလာက္ ခ်က္ဖူးတာက မေလးရွားကို ေရာက္တဲ့အခ်ိန္ကမွ စၿပီး ဝယ္ဖူး ခ်က္ဖူးတာဗ် ။
မေလးရွားမွာ ဝယ္ရတာကေတာ့ ေစ်းႏႈံးေတြက သိပ္မကြာလို႔ရယ္ ၊ တခြန္းဆိုင္ေတြရယ္ေၾကာင့္ ျပႆနာမရွိခဲ့ရပါဘူး ။ ျမန္မာျပည္ျပန္ေရာက္ၿပီး ရပ္ေစာက္ၿမိဳ႕မွာ တေယာက္တည္းေနရေတာ့ ေစ်းဝယ္ရတဲ့ ျပႆနာရွိလာရပါတယ္ ။
အေလးခ်ိန္မျပည့္တာ ၊ ပစၥည္းမေကာင္းတာ အဓိကျပႆနာပါပဲ ။ တခါသား က်ေနာ္နဲ႔ အတူေန သစ္အုပ္ႀကီးတို႔ ေစ်းသြားဝယ္ၾကပါတယ္ ။ ဝက္သားဝယ္ၾကတာပါ ။ ၅၀ သားဝယ္တာ မျပည့္ဖူးလို႔ စိတ္ထဲမသကၤါတာနဲ႔.....
'' ဒီမယ္ ခင္ဗ်ား အပိုမေပးခ်င္ေန အေလးျပည့္ေအာင္ေတာ့ေပးေနာ္ က်ဳပ္က ျပႆနာမရွိဘူး မိန္းမက အိမ္ေရာက္ရင္ ခ်ိန္ၾကည့္ၿပီး မျပည့္တာနဲ႔ ဆိုင္လိုက္ျပခိုင္းၿပီး ျပႆနာမၿပီးတမ္းရွာတတ္တယ္ ဒါေၾကာင့္ ျပည့္ေအာင္ေတာ့ခ်ိန္ေပး မပိုခ်င္ေနေနာ္ ''
ဒီလိုလည္းေျပာလိုက္ေရာ ေနာက္ထပ္ ၃ တုံး ခုတ္ထစ္ၿပီး ထပ္ေပးပါေရာ ။ အိမ္ေရာက္ေတာ့ သစ္အုပ္ႀကီးက အိမ္နားကထမင္းဆိုင္က ခ်ိန္ခြင္နဲ႔ခ်ိန္ၾကည့္တယ္ ကြက္တိပဲတဲ့ ။ ေယာက်ာ္းသားႏွစ္ေယာက္ပဲ ေနတာကို မိန္းမနဲ႔ေျခာက္ၿပီး အေလးျပည့္ေအာင္ ေတာင္းခဲ့လို႔ သစ္အုပ္ႀကီးက သေဘာက်ၿပီး ေလွ်ာက္ေျပာေလရဲ႕ ။