Get Mystery Box with random crypto!

အဲဒါကို ပြည်သူတွေ အဆင်ပြေဖို့ ဘယ်လိုဆောင်ရွက်ထားတယမပြောပဲ အခက် | Thurein

အဲဒါကို ပြည်သူတွေ အဆင်ပြေဖို့ ဘယ်လိုဆောင်ရွက်ထားတယမပြောပဲ အခက်အခဲတွေ လျှောက်ပြောနေတယ် ။ ကောင်းပြီ အဲဒီစစ်ဆေးရပါတယ်ဆိုတဲ့ အခက်အခဲတွေက ပွဲစားကြ လွယ်သွားပြီး ပြည်သူကြမှ ဘာကြောင့်ခက်ခဲနေရသလဲဆိုတာ အဓိကသိချင်နေတာဗျ ။

သာမန်ပြည်သူတွေအတွက် ကြိုးနီစနစ်နဲ့ အဟန့်အတားတွေ လုပ်ထားပြီး ကာလကြာအောင် ဆွဲရစ်နေပေမယ့် ဝေစား ပေါင်းစားမယ့် ပွဲစားနဲ့ကြမှ လွယ်ကူအဆင်ပြေ​အောင် ဖန်တီးပြီိး အကြံအဖန်လုပ်ကာ ပူးပေါင်းလာဘ်စားနေတဲ့ ကိစ္စကို ဖြေရှင်းဖို့ မေးမြန်းတာပါ ။

ဒါကိုပဲ ခင်ဗျားကိုယ်တိုင်ပေးခဲ့ရလို့လားဆိုတဲ့ အပိတ်မေးခွန်းနဲ့ တုန့်ပြန်ပြီး မျက်စိမှိတ်ငြင်းနေတာ ရှက်စရာပါပဲ ။ တကယ်သိချင်ရင် တာဝန်ရှိလူကြီးမင်းတွေ လူကြားထဲတိုးပြီး ကိုယ်တိုင်ဝင်ကြည့်ရဲသလားမေးချင်ပါတယ် ။

ဒီတော့ ကျနော့်အတွေ့အကြုံအရ အကြံပြုရမယ်ဆိုရင်တော့....

- ကိုယ့်ထမင်းအိုးထဲ အနှိုက်မခံရအောင် ကာကွယ်ကြပါ သတ္တိရှိကြပါ ဥပဒေနဲ့အညီ မိမိဖက်က ပြည့်စုံအောင် ဆောင်ရွက်ထားကြပါ ။

- ဝန်ထမ်းဆိုတဲ့နေရာမှာ မဟုတ်တာလုပ်နေသူတွေ ထုနဲ့ထည်နဲ့ ပူးပေါင်း လာဘ်စားနေကြပါသေးတယ် ဆိုတာ သတင်းစာရှင်းလင်းပွဲလို ပွဲကြီးမျိုးမှာ ဘယ်လို ပိတ်ဆို့ဖြေသွားသလဲ ကြည့်ရရင်ပဲ ထင်းထင်းကြီး မြင်သာနေပါပြီ ၊ ပြည်သူ့အခက်အခဲကို ကူညီဖြေရှင်းဖို့ထက် ဝန်ထမ်းဆိုးနဲ့ ပေါင်းစားမယ့်သူတွေ ဘယ်အဆင့်တာဝန်ယူနေသလဲ တွေးကြည့်နိုင်ပါပြီ ။

- ဦးသန်းရွှေ ၊ ဦးသိန်းစိန် ၊ ဒေါ်စုကြည် ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘယ်လက်မှာပဲဖြစ်ဖြစ် ပြည်သူ့အကျိုးအတွက် လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးကို အမှန်တကယ် မလုပိဆောင်ကြပဲ ဟန်ပြအဖြစ်သာ ဆောင်ရွက်ကြရင်း ပြည်သူကို လိမ်နေကြပုံတွေက ထူးမခြားနားမို့ ခေတ်အဆက်ဆက် ယောင်မှားပြီး ဒီနေ့တော့ မီးရထား အချိန်မှန်သားလို့များ ချီးမွမ်းမစောလေနဲ့ အဲဒါ အချိန်မှန်တာမဟုတ်ဖူး

''မနေ့ ရထားကြီး ဗျ ''

ကိုရွှေမျိုးဝင်း

(ပြည်သူတွေကတော့ ရှုံးရှုံးရှက်ရှက်ဆိုတဲ့ မနေ့က ရထားပေါ်မှာပဲ လိုက်ပါနေရဆဲပါပဲ... ဘယ်အထိ လိုက်​နေရမလဲဆိုတော့ တာဝန်ရှိသူတွေ အရှက်ရှိလာတဲ့အချိန် ထိပေါ့ဗျာ)