Get Mystery Box with random crypto!

ကျားသနားလို့ နွားချမ်းသာဟူသည်မှာ ====================== | Thurein


ကျားသနားလို့ နွားချမ်းသာဟူသည်မှာ
======================

၂၈.၁.၁၁၃၂ မှာ တရုတ်စစ်တပ်က အမြောက်လက်နက်ကို စတင်သုံးစွဲခဲ့တယ် ။ အမြောက်လက်နက်က ၄၅°ထက် ပိုပြီး ထောင်ပစ်လို့ မရဘူး ။

၁၄၅၃ ခု မေလမှာ စိန်ပြောင်း (မော်တာ) ကို စတင်အသုံးပြု တိုက်ပွဲဝင်ခဲ့တယ် ။ သူက ၄၅° နဲ့ ၈၇°ကြားထောင်ပစ်လို့ ရပြီ ဒါပေမယ့် ၄၅°အောက် နှိမ့်ပစ်လို့ မရပြန်ဘူး ။

၁၇ ရာစုကုန်ခါနီးမှာ ဆွီဒင်က ယခု ဟောင်ဝစ်ဇာ အမြောက်တွေ တီထွင်ခဲ့တယ် ။ သူကပြတော့ ၈၇° ကနေ ၁၈၀° အထိ ပစ်ခတ်နိုင်ပြီ ။ အမြောက်နဲ့ စိန်ပြောင်း (မော်တာ) ကို ပေါင်းလိုက်တဲ့ စနစ်သစ်ပဲ ဖြစ်တယ် ။

အမြောက်တပ်ဖွဲ့ ပစ်ခတ်ဖို့
အတွက်

- အကဲကြည့် အဖွဲ့

- ပစ်မိန့်ပေးအဖွဲ့

- Gun Crew အဖွဲ့

- တပ်ခွဲအဆင့်
အမြောက် ၈လက်

- တပ်ရင်းအဆင့်
အမြောက် ၃၂လက်

- တပ်မ အဆင့်
အမြောက် အလက် ၃၀၀ ခန့်

ပထမဆုံး အကဲကြည့်အဖွဲ့ပေးတဲ့ ပစ်မှတ်ကို Search Fire ပစ်ရတယ် ။ မီးခိုးကျည်နဲ့ ပစ်မှတ်စမ်းကြည့်ပြီး ကိုက် ၅၀ / ၁၀၀ အတွင်း ထိပြီဆိုရင် ပစ်ခတ်မှု စတင်တယ် ။

One Roung ပစ်မယ်ဆိုရင် အမြောက်တလက်ကို ကျည် ၃ တောင့် မှ ၅ တောင့် ပစ်တယ် ။
ဒီတော့ တပ်ခွဲ အဆင့် One roung ဆိုရင် ၂၄ ချက်ကနေ အချက် ၄၀ ထိ ၊ တပ်ရင်းအဆင့် ဆိုရင် ၉၆ ချက်ကနေ ၁၆၀ ထိ ပစ်ကြရတယ် ။

၁၀၅ မမ အဆင့်နဲ့ တတောင့်ပဲ ပစ်လိုက်တာ 19-11-2014 တုန်းက KIA သင်တန်းဆင်းပွဲ ဘာဖြစ်သွားလဲ ဆိုတာ အားလုံး အသိပါပဲ ။

၁၀၅ မမ တပ်ခွဲ တခွဲပစ်အားနဲ့တင် တောင်ကုန်းတခုလုံး ထယ်ထိုးသလို မွသွားစေနိုင်ပါတယ် ။

ယခုဆိုရင် ၁၂၂ ၊ ၁၃၀ ၊ ၁၅၅ တွေဟာ ၁၀၅ တွေကို ကျောက်ခေတ်ပို့ထားနိုင်ပါပြီ ။ ဒီဂျစ်တယ် ကျည်နဲ့ပစ်ရင် ပေအနည်းငယ်ထိ ကျရောက်အောင် အတိအကျ ထိမှန်နိုင်တဲ့ အမြောက်တွေဖြစ်ပါတယ် ။

နောက် လောက်ကိုင် နဲ့ ရခိုင်မှာ ကြဲခဲ့တဲ့ ပေါင် ၅၀၀ ဗုံးဆိုတာ အင်မတန်ခြောက်ခြားစရာ ကောင်းလောက်ပါတယ် ။ AA ဇောင်းထခဲ့တဲ့ မီးဝ တိုက်ပွဲမှာ အဲဒီ ပေါင် ၅၀၀ ဗုံးကြဲလိုက်တာ အခုထိ ခြောက်အိပ်မက် မက်ပြီး ကြောက်နေတဲ့ သူတွေ အများကြီးပါပဲ ။

ဒီထက် ဖျက်အားပြင်းတဲ့ ဗုံးတွေကို မြန်မာ့တပ်မတော် လက်နက်စက်ရုံတွေကနေ ပေါင်မုန့်ဖုတ်သလို ထုတ်နေတာ မရေနိုင်အောင် စုဆောင်းပြီးနေပြီ ။ ဒီကနေ့ ပစ်နေတဲ့ အမြောက်ဆံ နဲ့ ဗုံးတွေက ၂၀၀၈ က ထုတ်ထားတဲ့ ကျည်တွေဆိုတော့ စဥ်းစားပေါ့ ။

တပ်မတော်မှာ ၁၄ နှစ်စာလောက်ထုတ်ထားပြီး ပုံအောနေတဲ့ လက်နက်ခဲယမ်းအင်အားနဲ့ PDF လေးတွေ ကျည်ဆံတတောင့် တထောင်ကျော် ပေးဝယ်ပြီး အငတ်ငတ် အပြတ်ပြတ် နဲ့ သီတင်းကျွတ် ဗြောက်ဖောက်သလောက်တောင် မြိုင်မြိုင်ဆိုင်ဆိုင် ပြန်မပစ်နိုင်ပဲ ဘယ်လို ရင်ဆိုင်နိုင်မလဲ ။

ဒါတွေ ဘာလို့ ရေးပြနေလဲဆိုရင် PDF တွေကို မနိုင်ဘူးလားတို့ ၊ သူပုန်တွေ ပေါင်းတိုက်ရင် ဘယ်လို လုပ်မလဲတို့နဲ့ တွေးပူနေတဲ့ မျိုးချစ်တွေအတွက် ရေးပြတာပါ ။

PDF ကို လေယာဥ်နဲ့ တိုက်တယ်ဆိုတာ လေယာဥ်သစ်တွေရဲ့ စွမ်းဆောင်ရည်ကို အကျိုးရှိရှိ စမ်းသပ် ပျံသန်းလေ့ကျင့်ရင်း အပြင်းပြေ တိုက်နေတာပါ ။

PDF နဲ့ သူပုန်ဆိုတာ တပ်မတော်ရဲ့ အမြောက်ပစ်ခတ်မှု နဲ့ လေကြောင်းထိုးစစ်အတွက် ဖြေဆေးမရှိသေးတဲ့ အဆင့်နိမ့် တပ်ဖွဲ့တွေပဲ ဖြစ်ပါတယ် ။

ဒီရက်ပိုင်းမှာ နစက အပေါ် ဝေဖန်ထောက်ပြနေရတာက လုပ်သင့်တဲ့ ကိစ္စကိုတွေကို မြန်မြန်ဆန်ဆန် လုပ်ပေးဖို့ တိုက်တွန်းနှိုးဆော်ပေးနေတာပါ ။ မလုပ်နိုင်လို့ ဝေဖန်နေတာ မဟုတ်ပါဘူး မလုပ်ရက်ဖြစ်ပြီး ညှာတာနေလို့ ခပ်စပ်စပ် ဝေဖန်နေတာပါ ။

အခု ဖေဖော်ဝါရီ ၁၂ ရက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရလာဒ် ဘာတွေ ဖြစ်လာမလဲ ။ လက်ခံရင် ဘာဖြစ်မလဲ ...? လက်မခံရင်ကော ဘယ်လို တုန့်ပြန်မလဲ... ?

စိတ်ဝင်စားစရာ အချက်တွေ ရှိပါတယ် ။ အဆိုးဖက်ကနေ ဇာတ်မျှောကြီးဖြစ်မှာလို့ တွက်ဆလို့ရသလို နောက်ဆုံး ညှိနှိုင်းခြင်းလည်း ဖြစ်သွားနိုင်တာမို့ ကျနော်တို့က ရဲရဲတက် ရဲရဲတိုက် ရဲရဲချေမှူံး ဆိုတဲ့ မြန်မာ့တပ်မတော်ရဲ့ ဆောင်ပုဒ် အသက်ဝင်ရေး ဝေဖန်လှုံ့ဆော်နေတာပါ ။

ငါတို့ နိုင်ပြီဆိုပြီး နှာခေါင်းထယ်ထိုးနေတဲ့ PDF တွေ အတွက်တော့ ကျားသနားလို့ နွားချမ်းသာနေရတယ် ဆိုတာကို သိထားဖို့ တင်ပြလိုက်တာပါပဲ ။

(အမြောက်သမိုင်း နဲ့ ဖွဲ့စည်းပုံကို လေးစားရပါသော ကိုရဲမိုးထံမှ ကိုးကားထားပါတယ်)

ကိုရွှေမျိုးဝင်း


======================


