Get Mystery Box with random crypto!

ကာလသားချက်ပန်းကန်က ပြောင်နေပြီ အရိုးတောင်မကျန်တော့ဘူး ။ ညက ခင် | Thurein

ကာလသားချက်ပန်းကန်က ပြောင်နေပြီ အရိုးတောင်မကျန်တော့ဘူး ။ ညက ခင်ဗျားစားတယ်ထက်နေတာတဲ့ ။ ကျနော်က ကြောင်တို့ ကြွက်တို့စားမှာပေါ့ဆိုတော့ သူက ခေါင်းရမ်းတယ် ။

အုပ်ဆောင်းလည်း နေရာမပျက်ဘူး ၊ ဟင်းပန်းကန်လည်း မမှောက်ဘူး ၊ အရိုးလည်းမကျန်ဘူး အရည်လည်းပြောင်နေအောင် ဘယ်တိရိစ္ဆာန်က စားတတ်မလဲဗျ တဲ့ ။

သူပြောမှ သတိထားမိတယ် ဟုတ်သားပဲ ။ ဒါနဲ့ ခင်ဗျားသိတဲ့အတိုင်းပဲ ဟိုအသံပေး ဒီအသံပေးကောင်တွေ ဝါးသွားတာနေမှာပေါ့ လာစမ်းပါ လက်ဖက်ရည်သွားစို့ဆိုပြီး ဇတ်လမ်းဖြတ် ခေါ်ခဲ့ရဖူးတယ်ဗျ ။

ဒီလိုကြုံခဲ့ရပြီး ကျနော်တည်း နေသခိုက်မှာပဲ ခုံတွေလဲကျတာတို့ ၊ ပန်းအိုးပြုတ်မကျပဲ ကွဲသွားတာတို့ ခဏခဏ ကြုံရတယ်ဗျ ။ ဒီကြားထဲမှာ အင်မတန် ထူးခြားတာတခု ထပ်တွေ့လိုက်ရတာက ကျနော့်ခေါင်းကို ထူပူသွားအောင် စဉ်းစားရခက်သွားရပါတယ် ။

ဖြစ်ပုံက ထုံးစံအတိုင်း ခွေးအူလာပြီဆိုတာနဲ့ TV ကြည့်နေရင်း အပေါက်ထဖွင့်ပြီး TV ပြန်ကြည့် ပြီးတော့အိပ်ခါနီးအပေါက်ပြန်ပိတ် အိပ်ရာဝင်ပေါ့ဗျာ ။ အိပ်မပျော်တပျော်ဆို ခေါင်မိုးပေါ်က ဒွန့်နေတဲ့ အသံပေါင်းစုံနားသောတဆင်ပြီး အိပ်ပေါ့ဗျာ ။ အိပ်ပျော်ခါစလေးမှာပဲ မီးဖိုထဲက ချွမ် ဆိုတဲ့ အသံကို ပီပီသသကြီး ကြားလိုက်ရပါရော ။

ကိုင်း ကြောင်တိုးသလား ကြွက်တိုးသလားမသိဘူး ပန်းကန်တလုံးတော့ လစ်ပဟ လို့ပဲ တွေးပြီး ဆက်အိပ်တာပေါ့ ။ အဲဒါကိုလည်း မနက်လင်းတော့ သတိတန်းရတာနဲ့ ပန်းကန်အကွဲသိမ်းဖို့ မီးဖိုးထဲသွားတာပေါ့ ။

မီးဖိုထဲရောက်တော့ ကွဲနေတဲ့ ပန်းကန်ကို မြင်ရချိန်မှာ သိပ္ပံသမား ကျနော် ပါးစပ်အဟောင်းသားဖြစ်အောင် အံ့သြသွားရပါတော့တယ် ။ ကျနော်မြင်လိုက်ရတဲ့ ပန်းကန်လုံးလေးကတော့.......

ကိုရွှေမျိုးဝင်း