🔥 Burn Fat Fast. Discover How! 💪

သုံးပွင့်ဆိုင် ဝိရောဓိ ============== ဒီကနေ့ ကမ္ဘာ့ | Thurein

သုံးပွင့်ဆိုင် ဝိရောဓိ
==============

ဒီကနေ့ ကမ္ဘာ့အရေးအခင်း ရဲ့ အခင်းအကျင်းကို လေ့လာကြည့်ရင် မြန်မာ နဲ့ ဆက်စပ်နေတဲ့ ပြဿနာကိုလည်း ချိတ်ဆက်မိပါလိမ့်မယ် ။

အမေရိကန်ရဲ့ စူပါပါဝါ ကျဆုံးခန်းအတွက် ဖြစ်ပေါ်လာတဲ့ ဘေးထွက်ဆိုးကျိုးကို ကျနော်တို့ ဖြေရှင်းနေရတာလို့ မြင်မိပါတယ် ။

အမေရိကန်ဟာ စီးပွားရေး နိမ့်ကျသွားပြီး တရုတ်နောက်ရောက်သွားတာကို ဒီလောက် မတုန်လှုပ်ပေမယ့် စစ်ရေးကဏ္ဍပါ တရုတ်နောက် ရောက်သွားတာကိုတော့ သူတို့ ဘယ်လိုမှ မခံစားနိုင်ပါဘူး ။

ပထမဆုံး ရုရှားက ထုတ်ပြလိုက်တဲ့ ကြားဖြတ်တိုက်မရတဲ့ အလျှင်နဲ့ စူပါဆောနစ် ဒုံးကို ရေငုပ်သဘော်ကနေ ပစ်ပြတော့ အမေရိကန် တုန်လှုပ်သွားရပါတယ် ။

နောက် တရုတ်ကပါ စူပါဆောနစ် ဒုံးကို အောင်မြင်စွာ ပစ်ပြလိုက်တော့ အမေရိကန်ရော ရုရှားပါ အံ့သြထိတ်လန့်သွားကြမှာ သေချာပါတယ် ။ ဒီထက်ဆိုးတာက တရုတ်ကနေ ယနေ့လက်ရှိ အကြီးဆုံး ဒုံးအင်ဂျင်ထက် လေးဆ ကြီးတဲ့ အင်ဂျင်ကို ထုတ်ပြပြီ အနာဂါတ် အတွက် အာကာသထဲထိ လွှတ်တင်မယ့် ဒုံးယာဥ်တွေကို ပြသလိုက်တာ ထိတ်လန့်စရာ ဖြစ်သွားပါတယ် ။

အမေရိကန်ဟာ ရည်ရွယ်ချက် ကြီးမားစွာနဲ့ တရုတ်ကို အနီးကပ်ထိမ်းနိုင်ဖို့ မြန်မာကို ချုပ်ကိုင်နိုင်ရန် နှစ်ရှည်လများ ကျွန်မွေး တပည့်မွေး ကျိုးစားထားရပါတယ် ။

ဦးသန်းရွှေရဲ့ ပါးနပ်မှုကြောင့် နှစ်များစွာ လှုပ်မရတဲ့ အမေရိကန် ကျွန် နိုင်ငံရေးသမားတွေဟာ ၂၀၁၂ ကစပြီး ဦးသိန်းစိန်ရဲ့ ဖြေလျော့မှုနဲ့အတူ လူးသာ လွန့်သာ ဖြစ်လာပါတယ် ။

၂၀၁၅ နောက်ပိုင်း အာဏာပိုင်ပိုင်ရပြီးနောက် ပြည်ဖျက်လုပ်ငန်းများကို စိတ်တိုင်းကျ ဆောင်ရွက်ခဲ့ကြပေမယ့် အမေရိကန်ရဲ့ ရည်မှန်းချက် မြန်မာပြည်မှာ စစ်စခန်းအခြေချရေးကတော့ လိမ္မာပါးနပ်စွာ ရေးဆွဲခဲ့တဲ့ ၂၀၀၈ ခြေ / ဥ အရ ဘယ်လိုမှ ခွင့်ပြုချက်မရခဲ့ပါဘူး ။

ဒီယုန်မြင်လို့ ဒီခြုံထွင်ခဲ့သူခြင်း အတူတူ ၂၀၀၈ မှာ တပ်မတော်ကို 25 % ထည့်ပြီး ပုဒ်မ ၄၃၆ နဲ့ ချုပ်ခဲ့တဲ့ ဘရွှေကြီးရဲ့ အကွက်မှာ အမေရိကန် နဲ့ ပြည်ဖျက် NLD တို့ ငယ်သံပါအောင် အော်နေယုံကလွဲပြီး စိတ်တိုင်းကျ ပြည်ဖျက်ခွင့် မရခဲ့ပြတာ ဘရွှေကြီးရဲ့ ဥာဏ်နဲ့ တိုင်းပြည်ရဲ့ ကံ ပါပဲ ။

ကလိမ်ကကျစ် နဲ့ မဲခိုးပြီး အာဏာသက်ဆိုးရှည်ဖို့ ကြံခဲ့ပေမယ့် တပ်မတော်က အချိန်မှီ ဖမ်းထိမ်းခဲ့လို့ တိုင်းပြည် ငါးပါးမှောက်မယ့် အန္တရာယ်က လွတ်ကင်းခဲ့ပါတယ် ။

အဖျက်အမှောင့်တွေ တရစပ်လုပ်ပြီး အမေရိကန်တို့ တိုက်စစ်မြှင့်ခဲ့ပေမယ့် ကျောခြင်းကပ်ပြီး ရင်ဆိုင်နိုင်ခဲ့တဲ့ မြန်မာနဲ့ တရုတ်အပြင် ရုရှားတို့ကြောင့် တိုးမပေါက် ဖြစ်ခဲ့ရပါတယ် ။

မြန်မာကလည်း တသက်လုံးမှီခဲ့ရတဲ့ တရုတ်ရဲ့ မရိုးဖြောင့်မှုကို ကန်ထုတ်ဖို့ ကြိုးစားတဲ့ အနေနဲ့ ရုရှားနဲ့ ပိုမိုနီးကပ်စွာ ဆက်ဆံခဲ့ပါတယ် ။

အာဏာနယ်ပယ် ချဲ့ခြင်နေတဲ့ ရုရှားအတွက်လည်း ပစိဖိတ်သမုဒ္ဒရာ နဲ့ အိန္ဒိယသမုဒ္ဒရာ နှစ်စင်းရဲ့ အလယ်က ကမ်းရိုးတန်း မိုင် ၁၂၀၀ ပိုင်တဲ့ မြန်မာ့ရေပြင်ဟာ မက်မောဖွယ် အခွင့်အလန်းဖြစ်နေပါတယ် ။

နှစ်ပေါင်းများစွာ ဆက်ဆံလာခဲ့ရတဲ့ ဆရာ တပည့် ဆက်ဆံရေးလို့ ဆိုနိုင်မယ့် ရုရှား နဲ့ မြန်မာဟာ အချိန်တိုအတွင်း များစွာ ခိုင်မာ တိုးတက်လာခဲ့ပါတယ် ။

မြန်မာ့ဆိပ်ကမ်းတွေမှာ ရုရှားရေတပ် ရပ်နားခွင့်စာချုပ်ပေးလိုက်တော့ တရုတ်ကြီး အနည်းငယ် တင်းသွားရပါတယ် ။ မြန်မာတို့ခြေလှမ်းကို လူလည်တရုတ်တို့ အတော်နောက်ကျမှ သိလိုက်ရပါတယ် ။

ပိုဆိုးသွားတာက ရုရှားကနေ မြန်မာရဲ့ စီးပွားရေး နဲ့ ကာကွယ်ရေးအတွက် အလုံးစုံကူညီမယ်ဆိုတော့ တရုတ်တို့လည်း လွတ်တဲ့ငါး ကြီးနေသလို ဖြစ်ရပါပြီ ။

ဒီတော့ တရုတ်က နယ်စပ်ကို ကိုဗစ်အကြောင်းပြပြီးပိတ်တယ် ။ ငါဘာလဲ ဆိုတာ သိအောင် လုပ်ပြတဲ့သဘောပါပဲ ။

အမေရိကန်ကတော့ UN ၊ အာဆီယံ ၊ EU အဖက်ဖက်ကနေ လှည့်ပြီး ဖြိုနေသလောက် မာသထက် မာလာတဲ့ မြန်မာတပ်မတော်ကို စိတ်ဓာတ်စစ်ဆင်ရေး လုပ်တဲ့အနေနဲ့ မြန်မာကို ဖမ်းဆီးခြင်း ဆိုတဲ့ ခေါင်းစဥ်နဲ့ စစ်ရေးလေ့ကျင့်ပြီး ခြိမ်းခြောက်ပြပါတယ် ။

တကယ်တန်းကျတော့ ဒီလုပ်ရပ်ဟာ ဗီယက်နမ်ကနေ စစ်ရှုံးပြီး ခွေးပြေးဝက်ပြေး ထွက်ပြေးလာတာကို အရှက်ပြေ ရမ်ဘိုဇာတ်ကားရိုက်ပြီး စိတ်ကူးယဥ် အနိုင်တိုက်ပြတဲ့ အပေါစား ဇာတ်ကွက်ထက် မပိုပါဘူး ။

ဒီတော့ ကျနော်တို့ တိုင်းပြည်ဟာ ကမ္ဘာကြီးရဲ့ အဓိကကျတဲ့ အင်အားစု ဝန်ရိုးကြီး သုံးခု ဖြစ်တဲ့ အမေရိကန် ၊ ရုရှား နဲ့ တရုတ်တို့ရဲ့ ကြားထဲက ကစားကွင်းဖြစ်နေတာကို သတိထားဖို့ပါပဲ ။

ဝန်ရိုးသုံးချောင်းမှာ ကိုယ်အပေါ် အရိုးသားဆုံး ၊ နှောင်ကြိုးမဲ့ အကူညီဆုံး ၊ စစ်လက်နက် နည်းပညာ အဖွံ့ဆုံး ရုရှားနဲ့ အနီးကပ်ဆုံး အရင်းနှီးဆုံး မဟာမိတ် ဖွဲ့နိုင်ခဲ့တာ မြန်မာ့တပ်မတော်ရဲ့ မှန်ကန်သော ရပ်တည်ချက် ဖြစ်ပါတယ် ။

ယခု ရောက်နေသော ရုရှားရေတပ်ဒု ဦးစီးချုပ် နဲ့ အဖွဲ့ရဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုမဟာဗျု
ဟာစီမံကိန်းဟာနည်းပညာနဲ့ပို့ကုန်သွင်းကုန်အခွန်လွတ်ပို့ဆောင်ရေးများ အပါဝင်...