🔥 Burn Fat Fast. Discover How! 💪

တိုက်ရင်နိုင်မှ တောင်းရင်ပေးမှ ===================== | Thurein

တိုက်ရင်နိုင်မှ တောင်းရင်ပေးမှ
=====================

ကိုစိုးတယောက် ဒီနေ့တော့ မနက်အစောကြီး ပေါက်လာပြီး လက်ဖက်ရည်ဆိုင် ခေါ်ပါတယ် ။ စားသောက်ပြီးတာ နဲ့ ထုံးစံအတိုင်း လေကန်ပါတယ်......
"ငမျိုးရေ မနေ့က မင်းရေးတဲ့ သတင်းတွေက ဟုတ်ပါပြီ ငါ ဘဝင်မကျတာ ရှိသေးတယ် ကွ''

"ဘာများလည်း ကိုစိုး ''

"ထားဝယ် စီမံကိန်းတို့ ၊ ရုရှားက စစ်လက်နက်စက်ရုံ အကြီးစားတွေ တည်ဆောက်မယ်တို့ ဆိုတဲ့ ကိစ္စတွေက ပြည်တွင်းရေး မတည်ငြိမ်ပဲ ဖြစ်နိုင်ပါ့မလား ဟ အခုတောင် ဟိုလူ့သတ် ဒီနေရာ ဗုံးခွဲ လုပ်နေကြတာပဲ ''

"အဲလို လုပ်ငန်းကြီးတွေ လာဖို့ ရှိတဲ့ အတွက်ကို PDF တွေအတွက် မရဏစီမံကိန်း ဆွဲပြီးရောပေါ့ ဗျာ မပူပါနဲ့ ''

"ဒါဆို သံဃာတွေ အသတ်ခံနေရတာ အော်အုံးကွာ ''

"နိုင်ငံအနှံ့အပြား ရှိနေတဲ့ သံဃာတပါးခြင်းစီကို တပ်မတော်က ဘယ်လိုမှ မစောင့်ရှောက်နိုင်ဘူး ဗျ သို့သော် အားကိုးရမယ့် မာမာချာချာ အခြား အဖွဲ့အစည်းလည်းမရှိဘူး ဒီတော့ ကံဆိုးသူ သံဃာတွေ ခံရအုံးမှာပဲ မတတ်နိုင်ဘူး ''

"YMBA ကတော့ စာထုတ်တာတွေ့ရပြီ မဟန နဲ့ သာသနာရေး ဝန်ကြီးဌာနက ငြိမ်နေပါလား ''

"တနေ့က အဲဒီကိစ္စကို မဟနအဖွဲ့ဝင် မိုင်းသောက်ဆရာတော်ကြီးက စာထုတ်ပြန်ပေးဖို့ တောင်းဆိုတယ် ကျန် အနီ ကိုယ်တော်ကြီးတွေက မလှုပ်ဖူး ၊ နောက် သာသနာရေးဝန်ကြီးဌာန ညွှန်ချုပ် အသစ် နဲ့ လက်ထောက်ညွှန်ချုပ်တို့ကလည်း စာထုတ်ဖို့ စိတ်မကူးကြဘူး အားလုံး ပုလင်းတူဗူးဆို့ သံဃာတွေ သေကြေနေရတာကို နှုတ်ပိတ်နေကြဖို့ ဆုံးဖြတ်ထားကြတယ် ''

"ဟာ အတော်ဆိုးဆိုးပါလား ကွ နေပါအုံး စဉ်းစားမိတာတခု ရှိတယ် စာထုတ်လည်း မထူးပါဘူး ဆိုပြီးတွေးကြလို့လား မသိဖူး''

"ဘယ်ဟုတ်မလဲ ထူးတာပေါ့ PDF တွေ သံဃာတွေကို သတ်ဖြတ်နေတာကို သူတို့ စာထုတ်လိုက်ရင် ကမ္ဘာ့မီဒီယာတွေမှာ ပါသွားပြီး နာမည်ပိုပျက်မှာ စိုးရိမ်လို့ စာမထုတ်တာ ဗျ မဟန ရော သာသနာရေးဝန်ကြီးဌာနရော ဖရဲသီးတွေလို့ပဲ ယူဆရမှာပဲ ''

"PDF တွေ ဘယ်လောက်ထိဇောင်းထမယ် မှန်းထားလဲကွ ''

"မနေ့က ထန်းတပင်ဖြစ်စဉ်ကြည့်ပြီး မှန်းရရင် မကြာတော့ဘူး ဗျ''

"ဘာလို့လဲ ကွ ''

"နောက်က မြှောက်ပေးနေတဲ့ ဝက်မစားတွေ အတွက် ခိုင်းတိုင်း လုပ်နိုင်တဲ့ ကြေးစား မြန်မာ အမျိုးယုတ် PDF တွေ သိပ်မရှိတော့ဖူး ထောင်ကျတဲ့သူနဲ့ သေချင်းဆိုးနဲ့သေတဲ့သူတွေ များနေပြီ ဒါကြောင့် ဒီကောင်တွေ ကိုယ်တိုင် ထွက်လာပြီး လှုပ်ရှားနေရတဲ့ အဆင့် ဖြစ်နေပြီ ''

"အေးဒါဆို သံဃာတွေကို သတ်နေတဲ့ လက်သည်က ''

"အရိုးနဲ့စည်းရိုးထိုးကာကွယ်မယ် ကြွေးကြော်နေသူတွေ သိပါတယ်ဗျာ သို့သော် ဆက်ရေးနေရင် ရန်လုပ်ကြအုံးမယ် သွေးကွဲရုံထက် မပိုလို့ ကျနော် မရေးတော့ပါဘူးလေ ''

"အင်း ထားပါကွာ မင်း နစက ကိုတော့ ဒီသံဃာ ကိစ္စအတွက် တောင်းဆိုပေးသင့်တယ် ကွ ''

"တောင်းဆိုတဲ့နေရာမှာ လုပ်နိုင်တာ တောင်းဆိုမှ နှစ်ဖက်လုံးအတွက် ကောင်းတာဗျ လုံခြုံရေးတွေလည်း မချိမဆန့် ပင်ပန်းနေကြတာလေ ''

"အေး မင်းကို ရေးထားတဲ့ ပို့စ် ငါတွေ့လိုက်တယ် မင်း reply ပြန်ထားတဲ့ SS နဲ့ တွဲတင်ထားတာ သဘောကတော့ နာမည်ကြီးလို့ ဖင်ကောင်းမကျယ် နဲ့ ကျဆုံးလိမ့်မယ် တဲ့ ''

"ကိုစိုးရာ မျိုးဝင်းဘဝမှာ ခြိမ်းခြောက်တာတွေ ၊ မကျေမနပ်နဲ့ ဆဲနေတာတွေက များလှပါပြီ ဗျာ ဘာဆန်းတာ မှတ်လို့ ဗျာ နောက်ပြီး ကျနော်က နာမည်ကြီးအောင် ဘာတခုမှ ဖန်တီးပြီး လုပ်နေတာ မဟုတ်ပါဘူး ဗျာ စရေးကတည်းက ကျနော့် ပို့စ် တွေကို ကော်ပီတင်လည်း ခရက်ဒစ်တောင် မလိုပါဘူး တင်နိုင်ပါတယ်လို့ ကြုံတိုင်းပြောနေသူပါ ဗျာ ''

"အေးကွ မင်းက လူလုံးမပြတော့ မြေပြင်မှာ လက်တွေ့လုပ်ဖူးလား ဘာညာ နဲ့ ဝေဖန်နေတာလည်း တွေ့ရသကွ ''

"နာမည်ကြီးချင်ရင် အဲလို အလုပ်တွေမှာ ဝင်ရောမှာပေါ့ဗျာ တချိန်တုန်းက ရန်ကုန် ဗန္ဓုလပန်းခြံမှာ လုပ်တဲ့ပွဲဆို ကျနော် မရောက်တဲ့ပွဲ မရှိပါဘူး ဗျာ ကိုယ့်ဘာသာ ဘေးနားကနေပဲ ကြည့်နေမိတာပါပဲ နောက်ပြီး ကိုအောင်မင်းကြီးက တွေ့တိုင်း စကားဝိုင်းဝင်ဖို့ ဖိတ်ခေါ်နေတာပါ ကျနော်ကိုက နာမည်ကြီးဖို့ထက် လွတ်လပ်မှုကို ကြိုက်လွန်းလို့ လူလုံး မပြတာပါ''

"အေးဒါလည်း ကောင်းတာပဲ ကွ ဘာပဲပြောပြော မျိုးချစ်အတော်များများကတော့ မင်းပို့စ်တွေ ဖတ်ရရင် တော်ရုံအစာမကျေ ဖြစ်နေတာတွေ ဖြေသာပြီး စိတ်သက်သာရသွားပြတာ ပဲ ကွ ''

"ဒီလို ကြားရတာ ဝမ်းသာပါရဲ့ ဗျာ ''

"နေပါအုံး မင်းကို မေးမယ် မေးမယ် နဲ့ မေ့နေလို့ မင်း ပို့စ် နဲ့ တွဲတင်တဲ့ ဓာတ်ပုံတွေ ကာတွန်းတွေ ဘယ်လို ရှာသလဲကွ ''

"ဟဲ ဟဲ အထင်မကြီးစမ်းပါနဲ့ ဗျာ fb ပေါ်မှာ တင်နေတဲ့ အထဲက သဘောကျစရာ တွေ့တာနဲ့ save ထားပြီး ပို့စ်ရေးတဲ့ အကြောင်းအရာနဲ့ ပတ်သပ်ဆက်စပ်အောင် အညွှန်းလေး ကောက်တပ်လိုက်တာပါ ဗျာ မခက်လှပါဘူး ကိုစိုးရာ ''

"သြော် အေးပါကွာ ကဲ ပြန်ကြအုံးစို့ဟေ့ တောင်းဆိုစရာ ရှိရင်လည်း လက်မနှေးနဲ့ကွာ တောင်းဆိုပေးအုံး ''

"စိတ်ချပါဗျာ စစ်ဆိုတာ တိုက်ရင်နိုင်မှ လူဆိုတာ တောင်းရင်ပေးမှ အကျိုးရှိတာကိုးဗျ ပေးနိုင်လောက်တဲ့ တောင်းဆိုမှုဆိုရင် ကျနော်ရေးနေမှာပါ ''

"အေး ဒါဆိုရင် ဒီပို့စ်ကို ငါ နဲ့ ပတ်သက်တဲ့ ကာတွန်း / ဓာတ်ပုံ တင်ပြစမ်းကွာ မင်းပညာ ကြည့်ချင်လို့ ''

"OK ''