🔥 Burn Fat Fast. Discover How! 💪

မြန်မာ့ ဆေးလောက ============== ဆယ်တန်းအောင် အမှတ်စန | Thurein


မြန်မာ့ ဆေးလောက
==============

ဆယ်တန်းအောင် အမှတ်စနစ်ဖြင့် အမြင့်ဆုံး ခွဲတမ်း သတ်မှတ်ခံထားရတဲ့ ဆေးလောကကို လေ့လာကြည့်ပါ ။ ယနေ့ ဆရာဝန် 62 % သည် တရုတ်နွယ်ဖွားများသာ ဖြစ်နေကြသည်ကို ကြောက်မက်ဖွယ် လေ့လာတွေ့ရှိလာရပါတယ် ။

နောက်ထပ် အံ့သြစရာ ကိန်း ဂဏန်း အချို့ကတော့ မြန်မာပြည်မှာ နှစ်စဥ် ဆေးတက္ကသိုလ်မှ ဆရာဝန် ၂၀၀၀ ကျော် မွေးထုတ်ပေးနေပါတယ် ။ အစိုးရ ဆေးရုံများသို့ တာဝန်ထမ်းဆောင်တဲ့ ဆရာဝန်က ၂၅၀ ခန့်သာ ရှိကြောင်း လေ့လာတွေ့ရှိရပါတယ် ။

ကျန်ဆရာဝန်များ ဘာကြောင့် လုပ်ငန်းဂွင်ထဲ မဝင်ကြတာလဲ ဆိုတာ ထပ်မံလေ့လာကြည့်ပါ ။

၁ ။ ပျော့ညံ့သော ဥပဒေ

၂ ။ လစာ နည်းပါးခြင်း

၃ ။ အမျိုးချစ်သော တိုင်းရင်းသား ဆေးကျောင်းသား အရေအတွက် နည်းပါးခြင်း

ဆိုတဲ့ အချက်တွေကို တွေ့ရပါတယ် ။

ဆေးတက္ကသိုလ်ကျောင်းတော်ကြီး အတွက် ပညာရေးအသုံးစရိတ်များဟာ အစိုးရအတွက် အင်မတန် များပြားလှပါတယ် ။ သို့သော် ဤသို့ ပညာကပ်များ သင်ကြားရေးအတွက် ပြည်သူ့ဘဏ္ဍာများစွာ ရင်းနှီးမြှပ်နှံထားရတဲ့ ကဏ္ဍအတွက် ထိမ်းချုပ်မှု ဥပဒေကတော့ အင်မတန် ရီစရာကောင်းနေတာ တွေ့ရပါတယ် ။

ဆေးကျောင်းပြီးလျှင် ဆမ ထုတ်ပေးပါတယ် ၊ နောက် အစိုးရဆေးရုံမှာ နှစ် နှစ် အမှုမထမ်းလျှင် MSC ဆက်လက်တက်ရောက်ခွင့် မရှိ ဆိုတဲ့ အချက်တချက်နဲ့ ပြန်ချုပ်ကိုင်ထားပါတယ် ။

ဒီတော့ ဆရာဝန်အတော်များများဟာ လုံးဝ လုပ်ငန်းဂွင် မဝင်တော့ပဲ ပြည်ပမှ MSC ဘွဲ့များရအောင် ကျိုးစားပြီး လွယ်လွယ်ပဲ အမိတိုင်းပြည်ကို ခြေစုံကန် ထွက်သွားနိုင်ကြပါတယ် ။ ပြင်ပဆေးခန်းမှာ သာသာယာယာ ငွေရှာနိုင်ကြပါတယ် ။ တိုင်းပြည်အတွက် လုံးဝ စဥ်းစားစရာ မလိုတော့ပါဘူး ။

အံ့သြစရာကောင်းတာက သူနာပြုတွေကိုတော့ အစိုးရအလုပ် မဝင်ရင် လျှော်ကြေး သိန်း ၁၀၀ သတ်မှတ်ထားပြီး ဆရာဝန်အတွက် တကျပ်မှ လျှော်ကြေးပေးစရာ မလိုဘူးလို့ ဆိုကြပါတယ် ။

နောက်တချက်က လစာ နည်းပါးလှတဲ့ အတွက် ဆရာဝန်တွေဟာ အစိုးရဝန်ထမ်း မလုပ်လိုကြပါဘူး ။ ငွေကြေးများစွာ ကုန်ကျခံထားရပြီး နှစ်ပေါင်းများစွာ သင်ကြားခဲ့ရတဲ့ ဆရာဝန်ပညာအတွက် လုပ်ငန်းခွင် ဝင်စမှာ တလ ၁၉၅၀၀၀ ကျပ် ဆိုတဲ့ လစာဟာ ဆိုင်ကယ် ကယ်ရီသမား ဝင်ငွေတောင် မရှိပါဘူး ။ ဒါကလည်း တကယ့် မဟာအားနည်းချက်ကြီး ဖြစ်နေပါတယ် ။

နောက်တချက်က အမျိုးစစ်မှ အမျိုးချစ်မှာပါ ။ ယနေ့ ဆေးလောကကြီးကို လူမျိုးခြား 62 % စိုးမိုးထားမှတော့ သုံးပုံ တပုံမျှသော တိုင်းရင်းသားစစ်စစ် အုပ်စု ကြားညှပ်နေတာ မဆန်းဖူးလို့ ယူဆလို့ရနေပါပြီ ။ ရာထူးကြီးရနေတဲ့ လူမျိုးခြားတွေက သူတို့လူမျိုးခြင်းပဲ ဖေးမ ဆွဲခေါ်သွားကြမှာပါပဲ ။

အဲဒါကြောင့် ဆေးကျောင်းသား ရွေးချယ်ခန့်ထားမှု မူအား အမြန်ဆုံး ပြန်လည်ပြုပြင်ရပါတော့မယ် ။ မိမိတိုင်းရင်းသား စစ်စစ်များအား ဆေးလောကအတွက် သင်ကြားခွင့် ရရှိအောင် ဆောင်ရွက်ဖို့ သင့်ပြီဆိုတာ ၂၀၂၁ ရဲ့ အယုတ်မာဆုံး ဆေးလောက CDM လှုပ်ရှားမှုကြီးက သက်သေပြနေပါပြီ ။

ဒီနေ့ CDM လုပ်နေတဲ့ အထဲမှာ မြို့နယ် ဆရာဝန်ကြီးအဆင့်တွေ မပါသလောက် ဖြစ်နေပေမယ့် တကယ်ကုသနေရတဲ့ အဆင့်ဆရာဝန်တွေ ပြန်မလာကြပါဘူး ။ သူနာပြုတွေလည်း လျှော်ကြေးမပေးချင်တာနဲ့ ရောယောင် CDM ကြပါတယ် ။

ဝန် နဲ့ အား မမျှတဲ့အတွက် အချို့ ဒေသတွေမှာ Non CDM တွေဟာ ၂၄ နာရီ ဆက်တိုက်ဆင်းရသလို ပိုဆိုးတဲ့ ဒေသတွေမှာ ၇၂ နာရီအထိ ဆက်တိုက်ဆင်းနေရခြင်းမျိုးအထိ ရှိနေကြောင်း စိတ်မကောင်းဖွယ် ကြားသိရပါတယ် ။

ဒါတွေက နစက အနေနဲ့ ဖြေလျှော့မှုတွေကို လိုသည်ထက်ပိုပြီး လိုက်လျှောပေးနေလို့သာ အခုလို ဆရာဝန် ၊ သူနာပြု စော်ကားရဲနေတာလို့ မထောက်မညှာ ဝေဖန်ရပါမယ် ။

CDM ဆရာဝန်တွေ သူနာပြုတွေကို ဆေးကုသခွင့် လိုင်စင်ရုတ်သိမ်းရပါမယ် ။ ဒီလို သန့်စင်ပစ်ပြီးမှ ရှိတဲ့ အင်အားစုနဲ့ အကောင်းဆုံး ပြန်လည် သုံးသပ် စီမံကြရပါမယ် ။ အိယောင်ဝါး အချိန်ဆွဲလေ တိုင်းပြည် နစ်နာလေ ဖြစ်နေပါပြီ ။ မြန်မာပြည် ဆေးလောကအတွက်

၁ ။ တိကျပြင်းထန်တဲ့ ဥပဒေ ပြင်ပေးရန်
(ဝန်ထမ်းမလုပ်လျှင် ဆမ လုံးဝထုတ်မပေးရန် နဲ့ လျှော်ကြေးငွေ သိန်း ထောင်ချီ သတ်မှတ်ရန်)

၂ ။ လစာ ရိက္ခာ တိုးမြှင့်ရန်

(ဆရာဝန်ဆိုတာ ပန်းရံနောက်လိုက် လစာလောက် ပေးပြီး ခိုင်းလို့ရတယ်ထင်နေတဲ့ အတွေးအခေါ်ကို အစိုးရက စပြီး စွန့်လွတ်ကာ ပညာမှန် နေရာမှန် တန်ဖိုးထားရန် အရေးတကြီးလိုအပ်နေပါပြီ)

၃ ။ အမျိုးစစ်သော တိုင်းရင်းသားများသာ တက်ရောက်ခွင့် ပေးရန်
(ယခု CDM ဖြစ်စင်အရ လူမျိုးခြားများ ကြီးစိုးနေတဲ့ အတွက် မြန်မာလူမျိုးတွေ သေတာ ငါတို့နဲ့ မဆိုင်ဘူး ဆိုတဲ့ အတွေးနဲ့ အမျိုးမစစ်သူများရဲ့ အတွေးအခေါ် အယူအဆကြောင့် မသေသင့်သော တိုင်းရင်းသားအစစ်များ သောင်းနဲ့ချီ သေခဲ့ကြရတာကို သင်ခန်းစာယူရန်)

အဲဒါတွေကတော့ ပြင်ပလောကမှ မိမိလေ့လာရသလောက်သော ဆေးလောက အဖြစ်အပျက်များသာ ဖြစ်ပါတယ် ။ ဆေးလောကသားများ ပိုပြီး သိကြပါလိမ့်မယ် ။ လိုအပ်ချက်များ အတွက် ဖြည့်စွက် မန့် များဖြင့် အကြံဥာဏ်ကောင်းများ ထပ်မံပေးကြပါရန် တောင်းဆိုချင်ပါတယ် ။

ကိုရွှေမျိုးဝင်း