🔥 Burn Fat Fast. Discover How! 💪

ထိပ်သီးဆွေးနွေးပွဲမှာ တရုတ်သမ္မတကို ဒဲ့ ကစ်တဲ့ ဖိလစ်ပိုင်သမ္မတ | Thurein


ထိပ်သီးဆွေးနွေးပွဲမှာ တရုတ်သမ္မတကို ဒဲ့ ကစ်တဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေး
၂၃ နိုဝင်ဘာ ၂၀၂၁

ဖိလစ်ပိုင်သင်္ဘော ၂စီးကို တရုတ်ရေတပ်က ပိတ်ဆို့ဟန့်တားခဲ့တဲ့ဖြစ်ရပ်ဟာ အင်မတန် ရွံရှာစရာကောင်းတဲ့ လုပ်ရပ်အဖြစ်ယူဆကြောင်း ဖိလစ်ပိုင်သမ္မတ ဒူတာတေးက နိုဝင်ဘာ ၂၂ ရက်နေ့က ကျင်းပတဲ့ တရုတ် အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ ထဲ့သွင်းပြောလိုက်ပါတယ်။

တရုတ်သမ္မတကိုယ်တိုင်တက်ရောက်တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ အကြမ်းတမ်းဆုံးစကားလုံးနဲ့ ရွေးချယ်ပြောခဲ့တာပါ။ အာဆီယံကို ကူညီမှုနဲ့ပတ်သက်လို့ အသိအမှတ်ပြုကျေးဇူးတင်ပေမယ့် ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို တကယ်လိုချင်ရင် တရုတ်အနေနဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာတရားရုံးကသဘောတူဆုံးဖြတ်ထားတဲ့ဥပဒေအတိုင်း လက်နာကျင့်သုံးဖို့လိူမယ်လို့ လည်း ဒူတာတေးက ပြောပါတယ်။
တရုတ်နဲ့ဖိလစ်ပိုင်ကြားအငြင်းပွါးနေတဲ့ ရေပြင်နဲ့ ကျွန််းစုပိုင်ဆိုင်မှုပြသနာတွေမှာ နိုင်ငံတကာတရားရုံးက ဖိလစ်ပိုင်ကို အနိုင်ပေးထားတာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းက ဖိလစ်ပိုင်ပိုင်ရေပြင်မှာ တရုတ်ကမ်းခြေစောင့်သင်္ဘောတွေက အရပ်ဖက်ဖိလစ်ပိုင်သင်္ဘော ၂ စီးက်ု ပိတ်ဆို့ဟန့်တားခဲ့ပါတယ်။ အဲဒီလို ဖြစ်ရပ်မျိုးထပ်မဖြစ်ဖို့လည်း ဒူတာတေးကပြောပါတယ်။

ဒူတာတေးဟာ တရုတ်အစိုးရနဲ့ အဆင်ပြေခဲ့တဲ့အာဆီယံခေါင်းဆောင်တဦးပါ။ တရုတ်အပေါ် ပြစ်တင်ဝေဖန်တာမလုပ်လို့ ဖိလစ်ပိုင်ပြည်သူတွေက တရုတ်ကြောက် သမ္မတအဖြစ် ခေါ်ဝေါ်ခံခဲ့ရသူပါ။

လွန်ခဲ့တဲ့ ၃ လ လောက်ကစပြီး ဒူတာတေးဟာ တရုတ်ကို ဝေဖန်ပြောဆိုတာတွေလုပ်လာခဲ့သလို မနေ့ကထိပ်သီးဆွေးနွေးပွဲမှာတာ့ တရုတ်သမ္မတကို တိုက်ရိုက် ဝေဖန်ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။

#
#BurmaNewsNetwork

တယ်လီဂရမ်လင့်နဲ့ကျွန်တော့အကောင့်လင့်ပါ
https://t.me/komyowin

https://www.facebook.com/profile.php?id=100075294842232

နိုင်ငံရေးသတင်းများကို Yutube မှာလည်းနားဆင်လို့ရပါပြီခင်ဗျာ
https://youtube.com/channel/UCG7fGVz_iyGtDnMsqyCABbw

ဝက်ဆိုဒ်လင့်ပါ
https://skynetskynet0035.wixsite.com/thurein


ထိပ္သီးေဆြးေႏြးပြဲမွာ တ႐ုတ္သမၼတကို ဒဲ့ ကစ္တဲ့ ဖိလစ္ပိုင္သမၼတ ဒူတာေတး
၂၃ ႏိုဝင္ဘာ ၂၀၂၁

ဖိလစ္ပိုင္သေဘၤာ ၂စီးကို တ႐ုတ္ေရတပ္က ပိတ္ဆို႔ဟန္႔တားခဲ့တဲ့ျဖစ္ရပ္ဟာ အင္မတန္ ရြံရွာစရာေကာင္းတဲ့ လုပ္ရပ္အျဖစ္ယူဆေၾကာင္း ဖိလစ္ပိုင္သမၼတ ဒူတာေတးက ႏိုဝင္ဘာ ၂၂ ရက္ေန႔က က်င္းပတဲ့ တ႐ုတ္ အာဆီယံထိပ္သီးေဆြးေႏြးပြဲမွာ ထဲ့သြင္းေျပာလိုက္ပါတယ္။

တ႐ုတ္သမၼတကိုယ္တိုင္တက္ေရာက္တဲ့ ထိပ္သီးေဆြးေႏြးပြဲမွာ အၾကမ္းတမ္းဆုံးစကားလုံးနဲ႔ ေရြးခ်ယ္ေျပာခဲ့တာပါ။ အာဆီယံကို ကူညီမႈနဲ႔ပတ္သက္လို႔ အသိအမွတ္ျပဳေက်းဇူးတင္ေပမယ့္ ေဒသတြင္း ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးကို တကယ္လိုခ်င္ရင္ တ႐ုတ္အေနနဲ႔ ကုလသမဂၢနဲ႔ ႏိုင္ငံတကာတရား႐ုံးကသေဘာတူဆုံးျဖတ္ထားတဲ့ဥပေဒအတိုင္း လက္နာက်င့္သုံးဖို႔လိူမယ္လို႔ လည္း ဒူတာေတးက ေျပာပါတယ္။
တ႐ုတ္နဲ႔ဖိလစ္ပိုင္ၾကားအျငင္းပြါးေနတဲ့ ေရျပင္နဲ႔ ကြၽန္္းစုပိုင္ဆိုင္မႈျပသနာေတြမွာ ႏိုင္ငံတကာတရား႐ုံးက ဖိလစ္ပိုင္ကို အႏိုင္ေပးထားတာပါ။

ၿပီးခဲ့တဲ့ရက္ပိုင္းက ဖိလစ္ပိုင္ပိုင္ေရျပင္မွာ တ႐ုတ္ကမ္းေျခေစာင့္သေဘၤာေတြက အရပ္ဖက္ဖိလစ္ပိုင္သေဘၤာ ၂ စီးက္ု ပိတ္ဆို႔ဟန္႔တားခဲ့ပါတယ္။ အဲဒီလို ျဖစ္ရပ္မ်ိဳးထပ္မျဖစ္ဖို႔လည္း ဒူတာေတးကေျပာပါတယ္။

ဒူတာေတးဟာ တ႐ုတ္အစိုးရနဲ႔ အဆင္ေျပခဲ့တဲ့အာဆီယံေခါင္းေဆာင္တဦးပါ။ တ႐ုတ္အေပၚ ျပစ္တင္ေဝဖန္တာမလုပ္လို႔ ဖိလစ္ပိုင္ျပည္သူေတြက တ႐ုတ္ေၾကာက္ သမၼတအျဖစ္ ေခၚေဝၚခံခဲ့ရသူပါ။

လြန္ခဲ့တဲ့ ၃ လ ေလာက္ကစၿပီး ဒူတာေတးဟာ တ႐ုတ္ကို ေဝဖန္ေျပာဆိုတာေတြလုပ္လာခဲ့သလို မေန႔ကထိပ္သီးေဆြးေႏြးပြဲမွာတာ့ တ႐ုတ္သမၼတကို တိုက္႐ိုက္ ေဝဖန္ကန္႔ကြက္ခဲ့တာျဖစ္ပါတယ္။

#
#BurmaNewsNetwork

တယ္လီဂရမ္လင့္နဲ႔ကြၽန္ေတာ့အေကာင့္လင့္ပါ
https://t.me/komyowin

https://www.facebook.com/profile.php?id=100075294842232

ႏိုင္ငံေရးသတင္းမ်ားကို Yutube မွာလည္းနားဆင္လို႔ရပါၿပီခင္ဗ်ာ
https://youtube.com/channel/UCG7fGVz_iyGtDnMsqyCABbw

ဝက္ဆိုဒ္လင့္ပါ
https://skynetskynet0035.wixsite.com/thurein