🔥 Burn Fat Fast. Discover How! 💪

ထောက်ပံ့ရေးရေယာဉ်များအား တရုတ်ကမ်းရိုးတန်းစောင့် တပ်ဖွဲ့က ရေပိ | Thurein


ထောက်ပံ့ရေးရေယာဉ်များအား တရုတ်ကမ်းရိုးတန်းစောင့် တပ်ဖွဲ့က ရေပိုက််များဖြင့် ထိုးခြင်းအပေါ် ဖိလစ်ပိုင် ပြစ်တင်ရှုတ်ချ
23-November-2021

အငြင်းပွား တောင်တရုတ်ပင်လယ်အတွင်းရှိ ဖိလစ်ပိုင်တပ်ဖွဲ့အတွက် ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ပေးနေသော ရေယာဉ်များကို တရုတ်ကမ်းရိုးတန်းစောင့် တပ်ဖွဲ့သင်္ဘောများက အားပြင်းသည့် ရေပိုက်များဖြင့် ထိုးခြင်းကို ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြစ်တင်ရှုတ်ချလိုက်ပြီး ယင်းကဲ့သို့ ထပ်မံမလုပ်ဆောင်ရန် တားမြစ်လိုက်သည်။

ပါလာဝမ်နယ်မြေရှိ အနောက်တိုင်း စစ်ဌာနချုပ်၏ နိုဝင်ဘာ ၁၅ ရက်က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် “တရုတ်ကမ်း‌ရိုးတန်းစောင့် သင်္ဘော ၃ စင်းသည် စားနပ်ရိက္ခာမျာ ပို့ဆောင်ပေးသည့် ဖိလစ်ပိုင်၏ ထောက်ပံ့ရေးရေယာဉ် ၂ စင်းကို လမ်းကြောင်းတွင် ပိတ်ဆို့ကာ အင်အားပြင်း ရေပိုက်များဖြင့် ထိုးခဲ့သည်” ဟု ဝန်ကြီးဌာန၏ တွစ်တာတွင် ရေးသားထားသည်။

“ထိခိုက်မှု မရှိခဲ့ပေမယ့် မိမိတို့ရေယာဉ်များ၏ ထောက်ပံ့ရေး လုပ်ငန်းများ ထပ်မံလုပ်မည့်အစီအစဉ်ကိုဖျက်သိမ်း ခဲ့ရသည်။ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟွေကျိလျန်အား အပြင်းထန်ဆုံး ကန့်ကွက် သတိပေးလိုက်သလို တရုတ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနကိုလည်း ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်တင်ရှုတ်ချ ကန့်ကွက်လိုက်သည်” ဟု အဆိုပါ တွစ်တာတွင် ရေးသားထားသည်။

အခင်းဖြစ်ပွားရာ အာရွန်ဂင် သောင်ပြင်ပတ်ဝန်းကျင်သည် ဖိလစ်ပို်ငက အချုပ်အခြာအာဏာ ပိုင်ဆိုင်သည့် အထူး စီးပွားရေးဇုန်ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အရပ်ဖက်သုံး ရေယာဉ်တစ်စင်းသည် ဖိလစ်ပိုင်-အမေရိကန် အပြန်အလှန် ကာကွယ်ရေးဆိုင်ရာ သဘောတူစာချုပ်တွင် ပါဝင်ကြောင်း တရုတ်အစိုးရအား သတိပေးခဲ့သည်။

“တရုတ်ကမ်းရိုးတန်းစောင့် သင်္ဘောများ၏ လုပ်ရပ်သည့် တရားမဝင်သလို ယင်းနယ်မြေတွင် တရုတ်က တရားဥပဒေ စိုးမိုးရေးကို လုပ်ဆောင်ခွင့်မရှိကြောင်း၊ ယင်းကဲ့သို့ လုပ်ရပ်များကို ရပ်တန့်ရမည်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ တွစ်တာတွင် ဖော်ပြထားသည်။

“မိမိကိုယ်ကို ထိန်းချုပ်မှုမရှိ လုပ်ဆောင်ချက်သည် သမ္မတရိုဒရီဂို ဒူတာတေးနှင့် သမ္မတရှီကျင့်ဖျင်တို့ ခက်ခဲစွာ ထူထောင်ထားရသည့် နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ခြိမ်းခြောက်မှု ဖြစ်စေသည်” ဟုလည်း ရေးသားဖော်ပြထားသည်။

ဖိလစ်ပိုင်အနေဖြင့် အာရွန်ဂင် သောင်ပြင်ပတ်ဝန်းကျင်ရှိ မိမိတို့ တပ်ဖွဲ့များကို ထောက်ပံ့မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် မိမိတို့ နယ်မြေပိုင်နက်အတွင်း လုပ်ဆောင်လိုသည့် အရာများအတွက် ခွင့်ပြုချက်တောင်းခံရန် မလိုအပ်ကြောင်းလည်း ရေးသားထားသည်။

ယခုဖြစ်စဉ်အပေါ် မနီလာမြို့ရှိ တရုတ်သံရုံးက တစ်စုံတစ်ရာ တုံ့ပြန်မထားပေ။

By ANI News 23 November 2021

တယ်လီဂရမ်လင့်နဲ့ကျွန်တော့အကောင့်လင့်ပါ
https://t.me/komyowin

https://www.facebook.com/profile.php?id=100075294842232

နိုင်ငံရေးသတင်းများကို Yutube မှာလည်းနားဆင်လို့ရပါပြီခင်ဗျာ
https://youtube.com/channel/UCG7fGVz_iyGtDnMsqyCABbw

ဝက်ဆိုဒ်လင့်ပါ
https://skynetskynet0035.wixsite.com/thurein


ေထာက္ပံ့ေရးေရယာဉ္မ်ားအား တ႐ုတ္ကမ္း႐ိုးတန္းေစာင့္ တပ္ဖြဲ႕က ေရပိုက္္မ်ားျဖင့္ ထိုးျခင္းအေပၚ ဖိလစ္ပိုင္ ျပစ္တင္ရႈတ္ခ်
23-November-2021

အျငင္းပြား ေတာင္တ႐ုတ္ပင္လယ္အတြင္းရွိ ဖိလစ္ပိုင္တပ္ဖြဲ႕အတြက္ ေထာက္ပံ့ေရးပစၥည္းမ်ား ပို႔ေဆာင္ေပးေနေသာ ေရယာဉ္မ်ားကို တ႐ုတ္ကမ္း႐ိုးတန္းေစာင့္ တပ္ဖြဲ႕သေဘၤာမ်ားက အားျပင္းသည့္ ေရပိုက္မ်ားျဖင့္ ထိုးျခင္းကို ဖိလစ္ပိုင္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ျပစ္တင္ရႈတ္ခ်လိုက္ၿပီး ယင္းကဲ့သို႔ ထပ္မံမလုပ္ေဆာင္ရန္ တားျမစ္လိုက္သည္။

ပါလာဝမ္နယ္ေျမရွိ အေနာက္တိုင္း စစ္ဌာနခ်ဳပ္၏ ႏိုဝင္ဘာ ၁၅ ရက္က ထုတ္ျပန္ခဲ့သည့္ အစီရင္ခံစာတြင္ “တ႐ုတ္ကမ္း‌႐ိုးတန္းေစာင့္ သေဘၤာ ၃ စင္းသည္ စားနပ္ရိကၡာမ်ာ ပို႔ေဆာင္ေပးသည့္ ဖိလစ္ပိုင္၏ ေထာက္ပံ့ေရးေရယာဉ္ ၂ စင္းကို လမ္းေၾကာင္းတြင္ ပိတ္ဆို႔ကာ အင္အားျပင္း ေရပိုက္မ်ားျဖင့္ ထိုးခဲ့သည္” ဟု ဝန္ႀကီးဌာန၏ တြစ္တာတြင္ ေရးသားထားသည္။

“ထိခိုက္မႈ မရွိခဲ့ေပမယ့္ မိမိတို႔ေရယာဉ္မ်ား၏ ေထာက္ပံ့ေရး လုပ္ငန္းမ်ား ထပ္မံလုပ္မည့္အစီအစဉ္ကိုဖ်က္သိမ္း ခဲ့ရသည္။ ဖိလစ္ပိုင္ႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ႀကီး ေဟြက်ိလ်န္အား အျပင္းထန္ဆုံး ကန္႔ကြက္ သတိေပးလိုက္သလို တ႐ုတ္အစိုးရ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနကိုလည္း ယခုျဖစ္စဉ္ႏွင့္ ပတ္သက္၍ ျပစ္တင္ရႈတ္ခ် ကန္႔ကြက္လိုက္သည္” ဟု အဆိုပါ တြစ္တာတြင္ ေရးသားထားသည္။

အခင္းျဖစ္ပြားရာ အာရြန္ဂင္ ေသာင္ျပင္ပတ္ဝန္းက်င္သည္ ဖိလစ္ပို္ငက အခ်ဳပ္အျခာအာဏာ ပိုင္ဆိုင္သည့္ အထူး စီးပြားေရးဇုန္ျဖစ္ေၾကာင္း ဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။

အရပ္ဖက္သုံး ေရယာဉ္တစ္စင္းသည္ ဖိလစ္ပိုင္-အေမရိကန္ အျပန္အလွန္ ကာကြယ္ေရးဆိုင္ရာ သေဘာတူစာခ်ဳပ္တြင္ ပါဝင္ေၾကာင္း တ႐ုတ္အစိုးရအား သတိေပးခဲ့သည္။