🔥 Burn Fat Fast. Discover How! 💪

လုပ်ငန်းညှိနှိုင်းအစည်းအဝေး ==================== ပြည်ကြီးတံခွန | USDP News

လုပ်ငန်းညှိနှိုင်းအစည်းအဝေး
====================
ပြည်ကြီးတံခွန် မတ် ၇

၇-၃-၂၀၂၃ ရက်နေ့ ၁၃:၀၀မှ ၁၄:၃၀ အချိန်ထိ ပြည်ကြီးတံခွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ရာ မဟာအောင်မြေခရိုင်ပါတီ ကော်မတီဝင် ဦးစံရ၊ပြည်ကြီးတံခွန်မြို့နယ်ပါတီဥက္ကဌဦးစိုးအေး၊အတွင်းရေးမှုးဦးအောင်မျိုးခိုင်နှင့်ကော်မတီဝင်များ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးပါတီသို့ ပေးပို့ရမည့် ပါတီဝင်များစာရင်း အချိန်မီပြီးစီးအောင်ဝိုင်းဝန်းဆောင်ရွက်ရေး၊ဒုတိယ(၃)လပတ်၊ရက်(၉၀)စီမံချက်ပါလုပ်ငန်းစဥ်များအကောင်အထည်ဖော်ဆောင်ရွက်ရေး၊လူငယ်များ /အမျိုးသမီးကဏ္ဍလှုပ်ရှားမှုများဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။