🔥 Burn Fat Fast. Discover How! 💪

ပါတီဝင်အသစ်များအားကြိုဆိုရာတွင် လက်ဆောင်ပစ္စည်းများဝယ်ယူရန်အတွ | USDP News

ပါတီဝင်အသစ်များအားကြိုဆိုရာတွင်
လက်ဆောင်ပစ္စည်းများဝယ်ယူရန်အတွက်ရှမ်းမြောက်ပြည်ခိုင်ဖြိုးပါတီသို့
အလှူငွေသိန်း(၁၀၀)လာရောက်လှူဒါန်း
==========================
လားရှိုး မတ် ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊
ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင်၊
ကိုယ်ပိုင်အုပ်ချုပ်ခွင်ရဒေသ၊စီမံအုပ်ချုပ်ရေးအဖွဲ့
ဥက္ကဋ္ဌ ဦးမြင့်ဆွေမှ ​ရှမ်းပြည်နယ်မြောက်ပိုင်း
ပြည်ခိုင်ဖြိုးပါတီသို့ဝင်ရောက်လာကြမည့်ပါတီဝင်
အသစ်များကြိုဆိုဂုဏ်ပြုသောအားဖြင့်
လက်ဆောင်ပစ္စည်းများဝယ်ယူရန်အတွက်
ရှမ်းမြောက်ပြည်ခိုင်ဖြိုးပါတီအားအလှူငွေ
သိန်း(၅၀)ကျပ်ကိုလည်းကောင်း၊
ဗဟုိကော်မတီဝင်၊မုန်းဝန်းယဥ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌဦးမြင့်
လွင်မှ အလှူငွေ သိန်း (၅၀)ကျပ်စုစုပေါင်းသိန်း(၁၀၀)
ကျပ်တိတိလာရောက်လှူဒါန်းခဲ့ရာ
ရှမ်းပြည်နယ်မြောက်ပိုင်းပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဒေါက်တာမျိုးထွန်းမှလက်ခံရယူခဲ့ပါသည်။