🔥 Burn Fat Fast. Discover How! 💪

ပုသိမ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်၊ အမျိုးသမီးရေးရာတွေ့ဆု | USDP News

ပုသိမ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်၊ အမျိုးသမီးရေးရာတွေ့ဆုံပွဲအခမ်းအနားသို့ တာဝန်ခံဗဟိုအလုပ်အမှုဆောင်များတက်ရောက်
=================================
မတ် ၁၂၊ ပုသိမ်

၁၂-၃-၂၀၂၃ ရက်နေ့ နံနက် ၉ အချိန်တွင် ပုသိမ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် လူငယ်၊ အမျိုးသမီးရေးရာ တွေ့ဆုံပွဲအား ကျင်းပပြုလုပ်ရာ တာဝန်ခံဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဗဟိုလူငယ်ရေးရာတာဝန်ခံ ဒေါက်တာအောင်မြတ်ဦး၊ အောက်မြန်မာပြည်လူငယ်ရေးရာတာဝန်ခံ ဒေါ်သိင်္ဂီဝင်းရွှေ၊ အမျိုးသမီးရေးရာ အောက်မြန်မာပြည်အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်ခင်ရွှေမြင့်တို့မှ သက်ဆိုင်ရာ ရေးရာကဏ္ဍများအလိုက်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် တိုင်းဒေသကြီးပါတီအတွင်းရေးမှူးနှင့် လူငယ်ရေးရာတာဝန်ခံတို့မှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ တွေ့ဆုံပွဲပြုလုပ်ရခြင်းတို့အား ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကို ဆွေးနွေးတင်ပြကြရာ ဗဟိုအလုပ်အမှုဆောင်များမှပြန်လည်ဖြေကြားမှုများ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို နေ့လည် (၁၂)နာရီအချိန်တွင် ပြီးမြောက်ခဲ့ပါသည်။