🔥 Burn Fat Fast. Discover How! 💪

ဘွဲ့တံဆိပ်တော်ရဆရာတော်အားဖူးမြော် ကြည်ညိုပြီးအလှူငွေလှူဒါန်း = | USDP News

ဘွဲ့တံဆိပ်တော်ရဆရာတော်အားဖူးမြော်
ကြည်ညိုပြီးအလှူငွေလှူဒါန်း
=======================
မဟာအောင်မြေ မတ် ၁၅

မဟာအောင်မြေခရိုင် ပြည်ခိုင်ဖြိုးပါတီ
ဥက္ကဌဦးမြင့်သန်း၊အတွင်းရေးမှုးဦးဝင်းလှိုင်ငြိမ်းနှင့်ကော်မတီဝင်များ၊ချမ်းမြသာစည်မြို့နယ်ပါတီဥက္ကဌဦးကိုကိုဦးနှင့်ကော်မတီဝင်များသည် ချမ်းမြသာစည်မြို့နယ်၊ကျွန်းလုံးဥသျှောင်ရပ်ကွက်ရှိ ဒက္ခိဏာရာမ ဘုရားကြီးတိုက်၊လယ်ဝန်ကျောင်းမှ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ဘဒ္ဒန္တ ပညာသီရိထံသို့လည်းကောင်း၊ချမ်းမြသာစည်မြို့နယ်၊ချမ်းမြသာစည်တောင်ရပ်ကွက်ရှိ မင်္ဂလာဘုံကျော်ကျောင်းတိုက်မှ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော် ဘဒ္ဒန္တကေသဝထံသို့လည်းကောင်း သွားရောက်ဖူးမျှော်ကန်တော့ခဲ့ပြီး ထပ်ဆင့်ချီးကျူး ဂုဏ်ပြုပူဇော်ပွဲအတွက် အလှူငွေများ လှူဒါန်းခဲ့ကြောင်းသိရှိရသည်။