🔥 Burn Fat Fast. Discover How! 💪

ယဥ်ကျေးလိမ္မာသင်တန်းတက်ရောက်နေသည့်ကလေးငယ်များအတွက်အဟာရလှူဒါန်း | USDP News

ယဥ်ကျေးလိမ္မာသင်တန်းတက်ရောက်နေသည့်ကလေးငယ်များအတွက်အဟာရလှူဒါန်း
=======================
ပြင်ဦးလွင် မတ် ၁၅

၁၅-၃-၂၀၂၃ ရက်နေ့ ၁၅:၀၀ အချိန်တွင် ပြင်ဦးလွင်မြို့၊ရပ်ကွက်ကြီး(၁)၊ထုံးဘိုရပ်၊ပန်းတိုင်ဓမ္မာရုံ၌ ဖွင့်လှစ်သင်ကြားလျက်ရှိသော နွေရာသီ ဗုဒ္ဓဘာသာ ယဥ်ကျေးလိမ္မာသင်တန်းသား/ သူများအား ပြင်ဦးလွင်ခရိုင်/မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ အာဟာရကျွေးမွေးလှူဒါန်းခဲ့ရာ ပြင်ဦးလွင်ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးဟိန်းမင်းဦးနှင့်ခရိုင်/မြို့နယ်ကော်မတီဝင်များ တက်ရောက်လှူဒါန်းခဲ့ကြပါသည်။အဆိုပါ ဗုဒ္ဓဘာသာ ယဥ်ကျေးလိမ္မာသင်တန်းမှာ ၃-၃-၂၀၂၃ ရက်နေ့မှ ၁၈-၃-၂၀၂၃ ရက်နေ့ထိ နေ့စဥ် ၀၉:၀၀မှ၁၅:၀၀ အချိန်ထိဖွင့်လှစ်သင်ကြားလျက်ရှိပြီး သင်တန်းသား/ သူ ၁၂၀ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရှိရသည်။