🔥 Burn Fat Fast. Discover How! 💪

ရွှေပြည်သာမြို့နယ်ပါတီရုံး၌ တိုင်း၊ခရိုင်၊မြို့နယ် လုပ်ငန်းညှိ | USDP News

ရွှေပြည်သာမြို့နယ်ပါတီရုံး၌ တိုင်း၊ခရိုင်၊မြို့နယ် လုပ်ငန်းညှိုနှိုင်းအစည်းအဝေးပြုလုပ်
======================================

၁၈၊မတ်၊၂၀၂၃
================

ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံခရိုင်၊ရွှေပြည်သာမြို့နယ် မြို့နယ်ပါတီးရုံးအစည်းအဝေးခန်းမတွင် ယနေ့နေလည် (၁၃:၀၀) နာရီ အချိန်တွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်၊တိုင်းပါတီကော်မတီဝင်၊မင်္ဂလာဒုံခရိုင်နယ်မြေတာဝန်ခံ ဦးတင်မောင်ဝင်း၊မင်္ဂလာဒုံခရိုင်ပါတီဥက္ကဌ ဦးမျိုးမင်းနိုင်၊ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ချမ်းမြအေး၊ရွှေပြည်သာမြို့နယ်ပါတီဥက္ကဌ(ယာယီ)ဦးထွန်းထွန်းဦးနှင့်မင်္ဂလာဒုံမြို့နယ်၊ရွှေပြည်သာမြို့နယ် အတွင်းရေးမှူး၊ဘဏ္ဍရေးမှူးနှင့်မြို့နယ်ကော်မတီဝင်များတက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ခရိုင်ပါတီတာဝန်ခံ ဦးတင်မောင်ဝင်းမှ ပါတီ၏ရှေ့လုပ်ငန်းစဥ်များ၊ရက်(၉၀)စီမံချက်ပါလုပ်ငန်းများ၊ပါတီစည်းကမ်းထိန်းသိမ်းရေးနှင်လုပ်ငန်းစိစစ်ရေးကိစ္စများ၊မြို့နယ်ဖွံ့ဖြိုးရေးနှင့်လုံခြုံရေးဆိုင်ရာများအားဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့နောက်ခရိုင်ပါတီဥက္ကဌ ဦးမျိုးမင်းနိုင်မှ ပါတီ၏ရှေ့လုပ်ငန်းစဥ်များ၊ပါတီ၏လုပ်ငန်းဆိုင်ရာကိစ္စများအား မြို့နယ်(၂)မြို့နယ်မှ ပါတီဥက္ကဌနှင့်ကော်မတီဝင်များအား ဆွေးနွေးမှာကြားခဲ့ပါသည်။ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ချမ်းမြအေးမှ သတင်းမီဒီယာကိစ္စများအား ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသော ပါတီကော်မတီဝင်များမှ ရေးရာအလိုက်ဆွေးနွေးတင်ပြခဲ့ကြပါသည်။
နေပြည်တော်ပါတီဌာနချုပ်မှ သင်တန်းတက်ရောက်လာသော သင်တန်းသူများမှ သင်တန်းအတွေ့အကြုံများအား ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ညနေ ၁၅:၃၀ နာရီ အချိန်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။

# မဂ်လာဒုံခရိုင် USDP
မီဒီယာ