🔥 Burn Fat Fast. Discover How! 💪

မင်းဘူးခရိုင်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင | USDP News

မင်းဘူးခရိုင်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မင်းဘူး မတ် ၃၀

မင်းဘူးခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မင်းဘူးခရိုင်ပါတီရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းပါတီအတွင်းရေးမှူးဦးဆန်းညွန့်အောင်၊ တိုင်းပါတီဘဏ္ဍာရေးမှူးဦးကြည်ထွန်း၊ တိုင်းပါတီကော်မတီဝင် ဦးကျော်သူဦး၊ မင်းဘူးခရိုင်ပါတီဥက္ကဋ္ဌဦးစိန်ရွှေမင်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ခရိုင်အတွင်းရှိ မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ ငဖဲ၊ စေတုတ္တရာမြို့နယ်နှင့် မင်းလှမြို့နယ်မှ ပါတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များတက်ရောက်ကြသည်။