🔥 Burn Fat Fast. Discover How! 💪

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ တံတားဦးရွာ၊ အောင်မြင်ကုန်းရွာမှ လ | USDP News

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ တံတားဦးရွာ၊ အောင်မြင်ကုန်းရွာမှ လေဘေးသင့်ပြည်သူများနှင့် ထိခိုက်ဒဏ်ရာရပြည်သူများအား ပြည်ခိုင်ဖြိုးပါတီမှ ထောက်ပံ့ကူညီလှူဒါန်း
=======================================
ဧပြီ ၂၂၊ နေပြည်တော်

​ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ၂၁-၄-၂၀၂၃ ရက်နေ့ ညနေတွင် ပြင်းထန်စွာတိုက်ခတ်ခဲ့သော လေဆင်နှာမောင်းဒဏ်ကြောင့် လေဘေးသင့်ခဲ့သည် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ တံတားဦးရွာ၊ အောင်မြင်ကုန်းရွာမှ ပြည်သူများဆီသို့ သွားရောက်ကူညီခဲ့ပါသည်။

ကူညီမှုအနေဖြင့် ထိခိုက်ဒဏ်ရာများရရှိခဲ့သည့် ပြည်သူများအား ကျေးရွာမှ ဆေးရုံသို့ ပို့ဆောင်ကြရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်မှ မော်တော်ယာဥ် ၁ စီး၊ ပြည်ထောင်စုနယ်မြေပါတီမှ မော်တော်ယာဥ် ၄ စီးဖြင့် သွားရောက်ကူညီခဲ့ပါသည်။

၂၂-၄-၂၀၂၃ ရက်နေ့ နံနက်ပိုင်းတွင် ထပ်မံသွားရောက်ပြီး စားသောက်မှုအဆင်ပြေစေရေးအတွက် သောက်ရေသန့်ကဒ်များ၊ ခေါက်ဆွဲခြောက်ထုတ်များ၊ ဒံပေါက်အထုပ်များ၊ အချိုရည်နှင့် ကော်ဖီမစ်များ ကုန်ကျစရိတ် စုစုပေါင်း (၁၁၅)သိန်းဖိုးအား ပြည်ထောင်စုနယ်မြေပါတီမှ သွားရောက်ပို့ဆောင်ကူညီခဲ့ပါသည်။

၄င်းနောက် နေ့လည်ပိုင်းတွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့် အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးတို့မှ နေပြည်တော် ပြည်သူ့ဆေးရုံ ကုတင် (၁၀၀၀)သို့ သွားရောက်ပြီး ထိခိုက်ဒဏ်ရာရသူများအား သွားရောက်တွေ့ဆုံပြီး အားပေးစကားများပြောကြားကာ အလှူငွေ (၃၅)သိန်းကျပ်အား ထပ်မံထောက်ပံ့လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

#USDP #Myanmar
#Naypyitaw