🔥 Burn Fat Fast. Discover How! 💪

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ 'ပြည်သူ့ဆက်ဆံရေးအ | USDP News

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ "ပြည်သူ့ဆက်ဆံရေးအထောက်အကူပြုနည်းပြသင်တန်း" ဖွင့်ပွဲသို့ ပါတီဥက္ကဋ္ဌ တက်ရောက်ဖွင့်လှစ်
=======================================
ဧပြီ ၂၄၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ဆက်ဆံရေးဌာနကြီးမှ ကြီးမှူးဖွင့်လှစ်သည့် "ပြည်သူ့ဆက်ဆံရေးအထောက်အကူပြုနည်းပြသင်တန်း" ဖွင့်ပွဲအခမ်းအနားကို ၂၄-၄-၂၀၂၃ ရက်နေ့ နံနက် (၀၉:၁၅)နာရီအချိန်တွင် ပါတီဌာနချုပ်ရှိ ညီလာခံခန်းမတွင် ကျင်းပပြုလုပ်ရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားကို နိုင်ငံတော်အလံအားအ​လေးပြုပြီ နိုင်ငံတော်သီချင်းသီဆို၍ ဖွင့်လှစ်ခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် အနာဂတ်မျှော်မှန်းချက်များ အပါအဝင် မှာကြားချက်များဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ၎င်းနောက် အခမ်းအနားကို နံနက် (၁၀:၀၀)အချိန်တွင် ရုတ်သိမ်းပြီး ပါတီဥက္ကဋ္ဌနှင့် အကြီးအကဲများက သင်တန်းတက်ရောက်လာကြသည့် တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသား/သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပါသည်။ ၎င်းနောက် ဘာသာရပ်ပို့ချခြင်းများကို ပါတီဥက္ကဋ္ဌ ဦးဆောင်သော အဖွဲ့မှလည်း တက်ရောက်လေ့လာခဲ့ကြပါသည်။

အဆိုပါ "ပြည်သူ့ဆက်ဆံရေး အထောက်အကူပြုနည်းပြသင်တန်း" ကို တိုင်းနှင့်ပြည်နယ်အသီးသီးမှ သင်တန်းသား/သင်တန်းသူ (၁၀၀)ဦးဖြင့် ရက်သတ္တတစ်ပတ်တာ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

#USDP #Myanmar
#Naypyitaw