🔥 Burn Fat Fast. Discover How! 💪

ပါတီဝင်မှတ်ပုံတင်ခြင်းစနစ်သုံး Application ဖြည့်သွင်းခြင်း ၊ ပ | USDP News

ပါတီဝင်မှတ်ပုံတင်ခြင်းစနစ်သုံး Application ဖြည့်သွင်းခြင်း ၊ ပြည့်မဏ္႑ိုင်ဖွဲ့စည်းမှု လုပ်ငန်းဆောင်ရွက်မှုအခြေနေ နှင့် ဒုတိယ ( ၃ ) လတာ ရက် ( ၉၀ ) စီမံချက် လုပ်ငန်းဆောင်ရွက်မှုအတွက် ပြည်နယ်/ ခရိုင် / မြို့နယ်များ Zoom meeting ဖြင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
====================
တောင်ကြီး ဧပြီလ ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးစိုင်းလုံကျော် မှ ယနေ့ ( ၂၈.၄.၂၀၂၃ ) ရက်နေ့ နံနက် ( ၁၀း၄၅ ) နာရီအခိျန်တွင် ပြည်နယ်ကော်မတီဝင်များ ( ခရိုင်/ မြို့နယ် တာဝန်ခံ ) ၊ ခရိုင် / မြို့နယ် ဥက္ကဌများ နှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး Zoom meeting ပြုလုပ်ခဲ့ပါသည် ။ အစည်းအဝေးတွင် ပြည်နယ်ပါတီ ဥက္ကဌ ဦးစိုင်းလုံကျော် မွ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး ( ၂ / ၂၀၂၃ ) အစည်းအဝေးမှတ်တမ်း မွ ဆုံးဖြတ်ချက်များအား ပြန်လည်ချပြ ရှင်းလင်းခြင်း ၊ ပါတီဝင်လျှောက်လွှာ နှင့် နည်းဥပဒေ ( ၁၃ ) ပုံစံ ( ဇ ) ဖြည့်စွက်ခြင်း ၊ ပါတီဝင်မှတ်ပုံတင်ခြင်းစနစ်သုံး Application ဖြည့်သွင်းခြင်း ၊ ပြည့်မဏ္႑ိုင်ဖွဲ့စည်းမှု လုပ်ငန်းဆောင်ရွက်မှုအခြေနေ နှင့် ဒုတိယ ( ၃ ) လတာ ရက် ( ၉၀ ) စီမံချက် လုပ်ငန်းဆောင်ရွက်မှုအခြေနေ နှင့် ပါတီ ဥက္ကဌကြီး၏ Zoom meeting အစည်းအဝေး၌ လမ်းညွန်မှာကြားချက်များအား ရှင်းလင်းပြောကြားခ့ဲပါသည် ။ ဆက်လက်၍ ခရိုင် / မြို့နယ်ဥက္ကဌ မ်ားမွ ပါတီဝင်အင်အားဖြည့်သွင်းခြင်းကိစ္စ ၊ ပြည့်မဏ္႑ိုင်ဖွဲ့စည်းထားရှိမှု လုပ်ငန်းဆောင်ရွက်မှုအခြေအနေ နှင့် ဒုတိယ ( ၃ ) လတာ ရက် ( ၉၀ ) စီမံချက် လုပ်ငန်းဆောင်ရွက်မှုအခြေနေများအား တင်ပြဆွေးနွေးခဲ့ကြပါသည် ။ ဆက်လက်ပြီး ပြည်နယ်ကော်မတီဝင်များဖြစ်ကြသည့် ဦးစိန်လေးမောင် ( ခေတ္တအတွင်းရေးမှူး )( မီဒီယာတာဝန္်ခံ) ၊ ဦးအောင်ကျော်ညွန့် ( စီမံရေးရာ ) ၊ ဦးစိုင်းစံဝင်း ( ပါတီစည်းကမ်းထိန်းသိမ်းရေး ) ၊ ဦးစိုင်းကျော်မိုး ( ပါတီလုပ်ငန်းစိစစ် ) ၊ ဒေါ်ခင်ထွေးအောင် ( စည်းရုံးရေးရာတာဝန်ခံ ) ၊ ဦးစောထွန်းခိုင် ( လူငယ်ရေးရာတာဝန်ခံ ) တို့မှ သက်ဆိုင်ရာ ကဏ္ဍအလိုက် တင်ပြဆွေးနွေးခဲ့ပါသည် ။ ထိုနောက်ပြည်နယ်ပါတီ ဥက္ကဌ ဦးစိုင်းလုံကျော် မှ နိဂုံးချုပ် အမှာစကားပြောကြားပြီး Zoom meeting အစည်းအဝေးအား မွန်းလွဲ ( ၁း၃၀ ) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည် ။