🔥 Burn Fat Fast. Discover How! 💪

ပြည့်မဏ္ဍိုင်လုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး ကွင်းဆင်းဆောင်ရွက်ခြင် | USDP News

ပြည့်မဏ္ဍိုင်လုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး ကွင်းဆင်းဆောင်ရွက်ခြင်း
=============================

တောင်ကြီး    မေ  ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဥက္ကဋ္ဌဦးစိုင်းလုံကျော်သည် တောင်ကြီးမြို့နယ် ပါတီဥက္ကဋ္ဌ ဦးအောင်သူရရှင်း၊အတွင်းရေးမှူး ဦးသန်းထူး၊မြို့နယ်ပါတီ အကြံပေး ဦးကျော်ကျော် နှင့် မြို့နယ်ပါတီကော်မတီဝင်များသည် မိုင်းသော်အရှေ့ကျေးရွာအုပ်စု၊ တောင်နီကျေးရွာ ၊နယ်မြေ(၃)မှ ရပ်ကျေးဥက္ကဋ္ဌ ဦးကျော်ကျော်သိုက်​၏ နေအိမ်တွင် ယနေ့ နံနက် (၁၀:၃၀)ချိန်မှ စတင်ပြီး ရပ်ကျေးဥက္ကဋ္ဌ ဦးကျော်ကျော်သိုက်အပါ ကါတီဝင်အင်အား (၃၀)ဦးနှင့် တွေ့ဆုံခဲ့ပါသည်။
ရှေးဦးစွာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်သူရရှင်း မှ လာရောက်တွေ့ဆုံရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်ပါတီ အကြံပေးဦးကျော်ကျော်မှ ပါတီ​၏ အရံအင်အားအဖြစ် ပြည့်မဏ္ဍိုင်ဖွဲ့စည်းဆောင်ရွက်ရေးလုပ်ငန်းစဉ်များကို ချပြဆွေးနွေးခဲ့ပါသည်။
ဆက်လက်ပြီး ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းလုံကျော်က လက်ရှိနိုင်ငံရေးအခြေအနေ ၊ လာမည့်ရွေးကောက်ပွဲတွင် ကျင့်သုံးမည့် PR စနစ်အကြောင်းနှင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယခုလက်ရှိပါတီဝင်များက ပြည်သူများကိုဝိုင်းဝန်း စည်းရုံးပြီး ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းမှာကြားပြီး ရွေးကောက်ပွဲတွင် မိမိမဲပေးရမည့်ပါတီ၊ လူပုဂ္ဂိုလ် ရွေးချယ်ရာတွင်လည်း မိမိဒေသအကျိုးကို အမှန်တကယ် ဖေါ်ဆောင်ပေးနိုင်မည့်သူကိုသာ စီစစ်ရွေးချယ်မဲပေးကြရန် ပြောကြားပြီး ဆွေးနွေးပွဲကို (၁၁:၃၀)ချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။