🔥 Burn Fat Fast. Discover How! 💪

မင်္ဂလာဒုံခရိုင် ရွှေပြည်သာမြို့နယ် ပြည့်မဏ္ဍိုင်အဖွဲ့ အမှတ်(၁ | USDP News

မင်္ဂလာဒုံခရိုင် ရွှေပြည်သာမြို့နယ် ပြည့်မဏ္ဍိုင်အဖွဲ့
အမှတ်(၁၇)ရပ်ကွက်ပြည်သူများနှင့် ရပ်ကွက်ဒေသဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံဆွေးနွေးဆောင်ရွက်
=====================================
ဇွန် ၁၁ ၊ ၂၀၂၃

၁၁ - ၆ - ၂၀၂၃ ရက်နေ့ မွန်းလွဲ ၁၃း၀၀ နာရီမှ ၁၄း၁၅ နာရီအထိတွင် ရွှေပြည်သာမြို့နယ် အမှတ်
(၁၇)ရပ်ကွက် စုစံဘုန်းတော်ကြီးကျောင်းတိုက်အတွင်းရှိ ဓမ္မာရုံ၌ ရွှေပြည်သာမြို့နယ် ပြည့်မဏ္ဍိုင်အဖွဲ့သည် ရပ်ကွက်ဒေသဖွံ့ဖြိုးရေးအတွ ရပ်ကွက် ပြည်သူ (၁၂၀)ဦးနှင့် ဆုံစည်းကာ ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခဲ့ကြသည် ။

ထို့သို့ပြည့်မဏ္ဍိုင်အဖွဲ့နှင့် ဆုံစည်းရာတွင် မင်္ဂလာဒုံ ခရိုင်ပြည့်မဏ္ဍိုင်အဖွဲ့ခေါင်းဆောင် ဒေါ်ချမ်းမြအေးနှင့် ခရိုင်အဖွဲ့ဝင် ဦးထွန်းထွန်းဦး ၊ ရွှေပြည်သာ
မြို့နယ် ပြည့်မဏ္ဍိုင်အဖွဲ့ခေါင်းဆောင် Dr. လေးမောင် နှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်သိင်္ဂီ ၊ ဒေါ်မြတ်မြတ်ညွန့်နှင့် ဦးမျိုးမင်းဦး ၊ ရပ်မိရပ်ဖများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်ရွှေနှင့်အဖွဲ့ဝင်များ ၊ ပြည်သူများ တက်ရောက်ခဲ့ကြပြီး ပြည်သူ များက လမ်းပန်းဆက်သွယ်ရေး ၊ ရေစီးရေလာကောင်းမွန်ရေး ၊ ယိုင်စောင်းနေသည့် လမ်းမီးတိုင်များ တည့်မတ်ရေး စသဖြင့် ဒေသဖွံ့ဖြိုး​ရေးဆိုင် ရာများဆွေးနွေးတင်ပြကြပြီး မင်္ဂလာဒုံခရိုင်ပြည့်မဏ္ဍိုင်အဖွဲ့ဝင် ဦးထွန်းထွန်းဦးက တင်ပြချက်အားပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည် ။