Get Mystery Box with random crypto!

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ သင်္ဃန်းကျွန်းခရို | USDP News

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ သင်္ဃန်းကျွန်းခရိုင် ဗုဒ္ဓဘိသေကအနေကဇာတင် ပူဇော်ပွဲနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်

တောင်ဥက္ကလာ ဇူလိုင် ၂၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ သင်္ဃန်းကျွန်းခရိုင် ဗုဒ္ဓဘိသေကအနေကဇာတင် ပူဇော်ပွဲနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအား ယနေ့နံနက် ၆း၀၀ နာရီအချိန်က တောင်ဥက္ကလာပမြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

အစီအစဥ်အရ တောင်ဥက္ကလာပမြို့နယ် အမှတ် ၄ ရပ်ကွက် ရွှေသလ္လာကျောင်းတိုက်ဆရာတော်ဘုရား ဦးကောဝိဒဓဇ အမှူးပြု၍ ပင့်သံဃာ(၅)ပါးတို့မှ ဘုရားအနေကဇာတင်ပူဇော်ခဲ့ကြပါသည်။ ထို့နောက် သီလပေးတရားနှင့် မေတ္တာသုတ်အား ရွတ်ဖတ်ပူဇော်ခဲ့ကြပါသည် ထို့နောက် သင်္ဃန်းကျွန်းခရိုင် ပါတီဥက္ကဌ ဦးကျော်သီဟနှင့် ကော်မတီဝင်များမှဝါဆိုသင်္က္ကန်းများဆက်ကပ်၍ဝထ္ထုငွေများလှူဒါန်းခဲ့ကြပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြည်။

ထို့နောက် ဆရာတော်သံဃာတော်များအားအာရုံဆွမ်းဆက်ကပ်လှူဒါန်းကြပြီး တက်ရောက်လာကြသော တောင်ဥက္ကလာပမြို့နယ် တာမွေမြို့နယ် ရန်ကင်းမြို့နယ် သင်္ဃန်းကျွန်းမြို့နယ် (၄) မြို့နယ်မှ တက်ရောက်လာကြသော ကော်မတီဝင်များအား မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။