🔥 Burn Fat Fast. Discover How! 💪

မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ် နှင့် ဆောမြို့နယ်များတွင် | USDP News

မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ် နှင့်
ဆောမြို့နယ်များတွင် ယော pdf နှင့်
ချင်း pdf များ အကြမ်းဖက်လုပ်ရပ်များ
ဆက်တိုက်ကျူးလွန် နေပါတယ်။

တပ်မတော် စစ်ကြောင်းများ လှုပ်ရှားမှု
မရှိခြင်းကို အခွင့်ကောင်းယူ၍
မြို့ ပေါ်အထိ ဝင်ရောက်တိုက်ခိုက် မီးရှို့ခြင်း များ လုပ်ဆောင်နေပါတယ်။

ထီးလင်းမြို့ အုပ်ချုပ်ရေးနှင့်ဆိုင်သော
ရုံးအချို့ မီးရှို့ခံရတယ်လို့ သိရပါတယ်။

မြို့နယ် တာဝန်ခံ အရာရှိ ပေါင်တွင်
ဒဏ်ရာရပြီး ပျောက်ဆုံးနေတယ်လို့
သိရပါတယ်။

ဆောမြို့နယ် အတွင်း တပ်မတော်
စစ်ကြောင်း ကို အင်အား ၃၀၀ ခန့်ဖြင့်
ဝိုင်းပတ်ပိတ်စို့ တိုက်ခိုက်ရန် ကြိုးစား
ရာမှ MI 35 ပစ်ကူပေးမှု ကြောင့်
pdf အဖွဲ့ အထိနာပြီး ဆုတ်ခွာသွားပါ
တယ်။

ဒဏ်ရာရသူများကို ရွာများအတွင်း
ဆေးကုသနေ ကြောင်းသိရပါတယ်။

ထီးလင်းမြို့နယ် နှင့် ဆောမြို့နယ် အတွင်း
ဆေးရုံ များပိတ်ထားရပြီး pdf အကြမ်း
ဖက်အဖွဲ့မှ ဝန်ထမ်းအားလုံးကို နေ့စဥ် ခြိမ်းခြောက် နေပါတယ်။

အဓိက လိုအပ်ချက်မှာ ထီးလင်းနှင့်
ဆောမြို့နယ် အတွင်းသို့ တပ်မတော်
စစ်ကြောင်းများ စေလွှတ်ပြီး pdf များကို
နှိမ်နင်းရန် လိုအပ်ပါတယ်။

ယော pdf တွေဟာ ချင်း cdf တွေ ခိုင်း
တဲ့ အတိုင်းလုပ် နေရပြီး ချင်း cdf များ
ရပ်တည်ဖို့ ရိက္ခာ ရှာပေးရပါတယ်။

ချင်း cdf များက လက်နက်ကောင်း ရှိပြီး
ယောpdf တွေ က ​တော့ လက်နက်ကောင်း မရှိပဲ အခိုင်းစေအဆင့်သာ ရှိတယ်လို့ ချင်း cdf တွေ က ပြောပါတယ်။

လက်ရှိ အခြေအနေမှာ pdf အဖွဲ့ အားလုံး
ကျည် ရှားပါးခြင်း ရိက္ခာပြတ်လက်ခြင်း
များ ရင်ဆိုင်နေရပါတယ်။

ဆော မြို့နယ်နှင့် ထီးလင်း မြို့နယ် အတွင်း
တပ်မတော်စစ်ကြောင်းများ ထိထိ ရောက်
ရောက် ရှင်းလင်းပါက ၁ လ လောက်
အတွင်း pdf cdf များ မျိုးပြုတ်နိုင်ကြောင်း ဒေသခံ ပြည်သူများက ပြောပါ
တယ်.