🔥 Burn Fat Fast. Discover How! 💪

. #ရင်ဝကိုဖနောင့်နဲ့ကန် ဂျူးဆိုတာ ကမ္ဘာမှာ အ | USDP News

.
#ရင်ဝကိုဖနောင့်နဲ့ကန်

ဂျူးဆိုတာ
ကမ္ဘာမှာ အတွက်အချက်အတော်ဆုံး
စီးပွားရေးမှာတော်သလို
နိုင်ငံရေးမှာလည်း ကွက်ကျော်မြင်တယ်
စစ်ရေးမှာလဲ အဆိပ်ပြင်းသလားမမေးနဲ့၊

အမေရိကန်-အစ္စရေးလ်ဆိုတာ
နှစ်ကိုယ်တစိတ်လို့တောင် တင်စားလို့ရတယ်၊
အရှေ့အလယ်ပိုင်းကို အမေရိကန်က
အစ္စရေးလ် သေးသေးလေးနဲ့ ထိမ်းထားတာ၊

အစ္စရေးလ် ဗဟိုဘဏ်က
သူရဲ့နိုင်ငံခြားအရံငွေတွေထဲမှာ
တရုတ်ယွမ်ကို အရာသွင်းလိုက်ပြီ
ပထမအကြိမ် $ (၂၀၇) ဘီလီယံဖိုး
အမေရိကန် ရင်ဝ ဖနောင့်နဲ့ အကန်ခံရသလို
အတော့်ကို ခံစားသွားရမှာ၊

...........

အမေရိကန်ခေတ်
နိဂုံးရဲ့ နိဒါန်းကိုရောက်ပြီလို့ရေးတော့
တချို့ကလက်မခံချင်ကြဘူး၊
ဒီတခါထပ်ရေးရမှာက
အမေရိကန်ခေတ် နိဂုံးရဲ့ အလယ်ကိုရောက်ပြီလို့၊

နောက် (၃) နှစ်လောက်မြန်မာတွေ
တောင့်ခံထားနိုင်ဖို့ပဲလိုတယ်လို့
ရေးခဲ့တာ မှတ်မိကြဦးမလားပဲ၊
ယူကရိမ်းစစ်မှာ အမေရိကန်ရဲ့အခြေအနေ
ပိုထင်ရှားသွားပြီ၊
ကစားချင်သလို ဖြစ်မလာတော့ဘူး၊

............

World bank, IMF ကို
အမေရိကန်ကိုင်ထားခဲ့တယ်၊
တရုတ်က အပြိုင် AIIB ကိုစတည်ထောင်တော့
အနောက်အုပ်စုကို ဝင်မပါဖို့
အကြီးအကျယ် ဟန့်တားခဲ့ဘူးသေးတယ်၊
မရဘူး... ပါသွားကြတာပဲ

BRI မှာလည်း
မိတ်နိုင်ငံတွေ ပါမသွားဖို့
အတင်းအကြပ်ဖိအားပေးခဲ့ပြန်သေးတယ်
မအောင်မြင်ပြန်ဘူး၊

ယူကရိမ်းကိစ္စအတွင်း
ရုရှားကို ပိတ်ဆို့တော့ အိန္ဒိယကို
ရုရှားဖက် ပါမသွားဖို့ မရမက တားတယ်
မိုဒီ ဘယ်လိုတုန့်ပြန်လိုက်သလဲ ?

..........

တဒီတခါ
သားအရင်း... ညီအရင်း
အစ္စရေးက လုပ်လိုက်ပြန်ပြီ
တရုတ်ယွမ်ကို နိုင်ငံခြားအရံငွေအဖြစ်
ကိုင်ထားတော့မယ်တဲ့၊

အမေရိကန်ခေတ် ကုန်တော့မယ်ဆိုတာ
ထပ်ရေးစရာတောင်လိုတော့မယ်မထင်ဘူး။
ထပ်ရေးရမှာက -
အမေရိကန်အကျမှာ ဘယ်သူတွေက
နောက်ထပ် နှစ် (၅၀၀) အတွင်း
ထပ်ပေါ်မလာအောင်
ဘယ်လိုနှိပ်ကွပ်ကြမလဲ ဆိုတဲ့အကြောင်းပဲ။

#NayZinLatt (22.4.22)