ကယားပြည်နယ် ကိုတော့ NUG အဖွဲ့က အုပ်ချုပ်ရေး အဖွဲ့စဖွဲ့ပြီး သိမ်းလိုက်ပြီ။ ခွေးဖြစ်သွားတာက knpp တို့ ကညလတ တို့ ဒေသခံ လက်နက်ကိုင်တွေပါ။ လက်ခံတုံး ကလက်ခံထားပြီး အခုမှ ကန့်ကွက်တယ် ဘာညာ ထလုပ် တော့လည်း မရတော့ဘူးလေ။ လက်နက်ကိုင် မရှင်းပဲ ဒါမျိုးက ရမှ မရတာ။ မကြာခင် ကရင်ပြည်နယ် အစွန်အဖျားတွေ မှာလည်း NUG အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့လာလိမ့်မယ်။ ခွေးဖြစ်မှာက KNU ပဲ။ အဲ့ အချိန်ကြမှ လက်မခံပါဘူး ဘာညာ လုပ်လို့မရနိုင်တော့ဘူးလေ။ အခုတော့ ကယားက ဖျင်ချခံလိုက်ရပြီ မကြာခင် ကရင်ကို NUG က ဖျင်ချလိမ့်မယ်။ တစ်ချိန်တုံးက ဗမာပြည်ကွန်မြူနစ်လမ်းစဉ် အတိုင်း NUG ကသွားနေတာ။ တိုင်းရင်းသားနယ်မြေတွေမှာ သူတို့ အုပ်ချုပ်ရေး တည်ဆောက် ပြီး အဆင့်ဆင့်လုပ်ဆောင် သွားမည့်ပုံပါ။ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ တောခိုပြည်ပြေးတွေ ကို တစ်ချိန်တုံးကတော့ KNUကတော့ သူနယ်မြေကနေ ရှင်းလင်းနိုင်ခဲ့တယ်။ လက်ရှိ KNUရဲ့ အခြေ အနေအရ KNUတပ်မင်း အချို့သည် ဗဟိုအမိန့်ကို နာခံမှုရှိသော စစ်သားမျိုးတွေ မဟုတ်တော့ဘူး။ ငွေရရင် ဘာမဆိုလုပ်တဲ့ ကောင်မျိုးတွေ ဖြစ်လာ တော့ မကြာခင် ကရင်ပြည်နယ် အတွင်းမှာလည်း ကယားပြည်နယ်လိုNUGအုပ်ချုပ်ရေးဆိုတာ ဖြစ်လာရတော့မယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေ ပိန်းလို့ ဖျင်ချခံ လိုက်ရတာပါ။ အခု ကယား တွေ ပြူးတူပြာတာနဲ့ ထုတ်ပြန် ချက်တွေ ထုတ်နေရပြီ။ ကို မွေးတဲ့မျောက် ကို့ပြန်ချောက်ဆိုတာ ဒါမျိုး ပြောတာ ပါ။ 3.1K viewsKyaw Swar, 16:11