Get Mystery Box with random crypto!

“လိုင်ဇာမြို့က ပလပ်စတစ်အသုံးပြုမှုလျှော့ချရေး အသိပညာပေးလှုပ်ရှ | Mizzima

“လိုင်ဇာမြို့က ပလပ်စတစ်အသုံးပြုမှုလျှော့ချရေး အသိပညာပေးလှုပ်ရှားမှု” (ရုပ်၊သံ)
=====================

KMN (မဇ္ဈိမ)။ ။ဒီကနေ့ ဇွန်လ ၅ ရက်နေ့ဟာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ပါ။ ဒီနှစ်ရဲ့ ဆောင်ပုဒ်ကတော့ Beat Plastic Pollution ပလပ်စတစ်အသုံးပြုမှုကို ငြင်းဆန်လျှော့ချပါလို့ အမည်ရပါတယ်။
ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့မှာပါဝင်တဲ့အနေနဲ့ KIO/KIA ထိန်းချုပ်ရာ ကချင်ပြည်နယ်၊ လိုင်ဇာ မြို့မှာ ပလပ်စတစ်အသုံးပြုမှုလျှော့ချဖို့ အသိပညာပေးလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အသိပညာပေးလူပ်ရှားမှုဟောပြောပွဲနှင့်အတူ အမှိုက်ကောက်ခြင်း အစီအစဉ်ကို KIO/KIA စည်ပင်သာယာဌာန၊ နောင်အေခူး သာသနာကျောင်းက ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူ ကျောင်းသားတွေ၊ လိုင်ဇာအခြေစိုက်လူငယ်တွေက ပူးပေါင်းပြီးဆောင်ရွက်ခဲ့ကြပါတယ်။





တင်ဆက်၊တည်းဖြတ် - KMN

#Mizzima
#WorldEnvironmentDay2023
#လိုင်ဇာမြို့
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U