🔥 Burn Fat Fast. Discover How! 💪

​​တန့်ဆည်မြို့ရှိ စစ်ကောင်စီကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးမဟာမ | Mizzima

​​တန့်ဆည်မြို့ရှိ စစ်ကောင်စီကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်များတိုက်ခိုက်၊ စစ်သား ၇ ဦးသေဆုံးဟုဆို
=====================

MTO
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ကဘဲဘေရင်းကျေးရွာရှိ စစ်ကောင်စီကင်းစခန်းကို ဇွန်လ ၄ ရက်နေ့နံနက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနှစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရသွားကြောင်းMDF -TazeTiger အဖွဲ့ တပ်ရင်းမှူး ဗိုလ်ကျားက ပြောသည်။

စစ်ကောင်စီနှင့် ပျူစောထီး အင်းအား ၄၀ခန့် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုက ဇွန်လ ၄ရက် နံနက် ၄နာရီမှာ နံနက် ၅နာရီခန့်အထိ တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

" မနက်မလင်းခင် ဝင်တိုက်တာပါ။ သူတို့ ဘက်က ကျဆုံး ခုနှစ်ယောက်လောက်ရှိမယ်။ အားလုံးအထိအခိုက်ရောဆိုရင်တော့ ၁၅ ၊ ၂၀ မကဘူး “ဟု ဗိုလ်ကျားက ပြောသည်။

စစ်ကောင်စီကင်းစခန်းကို MDF -Special Force(ဗဟိုတပ်ရင်း)၊ MDF-Taze Tiger ၊ KPK၊ Taze Silent Rangers TSR၊ Nine Star အဖွဲ့ နှင့် တန့်ဆည်မြို့နယ်မြောက်ပိုင်း ပကဖ အဖွဲ့များအပါအဝင် မဟာမိတ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါတိုက်ပွဲတွင် ဒီပဲယင်းမြို့မှ လာရောက်ပူးပေါင်းတိုက်ခိုက်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး အသေးစားဒဏ်ရာရခဲ့ကြောင်း သတင်းရရှ်ိသည်။ တိုက်ပွဲဝင်ပြည်သူ့ကာကွယ်‌ရေးရဲဘော်များသည် ယခုအခါ မိခင်တပ်ရင်းများဆီသို့ ပြန်လည်ရောက်ရှိ‌‌‌နေပြီဟု သိရှိရသည်။

စာတည်း - မောင်ကြီး

#mizzima
#တန့်ဆည်
#ကဘဲဘေရင်းကျေးရွာ
#စစ်ကောင်စီကင်းစခန်း
#ပူးပေါင်းတိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U