Get Mystery Box with random crypto!

MONREC_NUG

Logo of telegram channel monrecnug2021 — MONREC_NUG M
Logo of telegram channel monrecnug2021 — MONREC_NUG
Channel address: @monrecnug2021
Categories: Animals , Automobiles
Language: English
Subscribers: 4.93K
Description from channel

This is the official channel of Ministry of Natural Resources and Environmental Conservation under the administration of National Unity Government of Myanmar

Ratings & Reviews

1.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

0

3 stars

0

2 stars

1

1 stars

1


The latest Messages

2022-08-31 18:31:16
“သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတင်းလွှာ”
အတွဲ (၁)၊ အမှတ် (၇)၊ ထုတ်ပြန်ခြင်း (၃၁ သြဂုတ်လ ၂၀၂၂)
====================

- သြဂုတ်လအတွင်း ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များ
- CDM ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများ
- ဖက်ဒရယ်သယံဇာတဆိုင်ရာ ပညာပေးအစီအစဥ်များ
- ပြည်ထောင်စုဝန်ကြီး စကားသံ
- သြဂုတ်လအတွင်း တရားမဝင်သစ်ဖမ်းဆီးရရှိမှု
- ဆောင်းပါးကဏ္ဍ (ရိုးရာဓလေ့ အသိပညာများ ဖြန့်ဝေခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ဌာနေတိုင်းရင်းသား အမျိုးသမီးများ၏ အခန်းကဏ္ဍ)
- ကဗျာကဏ္ဍ (လွမ်းမောဖွယ်)
- ကာတွန်း
- စက်တင်ဘာလအတွင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကမ္ဘာ့အထိမ်းအမှတ်နေ့များ

(သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတင်းလွှာကို တစ်လ တစ်ကြိမ် ထုတ်ပြန်ပါမည်။)

Download link:
https://assets-monrec.nugmyanmar.org/images/2022/08/MONREC_JournalVol-1_Annex7_v2.pdf

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

#MONREC #Bulletin #NUG
310 views15:31
Open / Comment
2022-08-27 15:55:28
"တွေးတောစရာ တောင်ပေါ်ဒေသ ရေကြီးရေလျှံမှု ပြဿနာ"
====================

တောင်ပေါ်ဒေသ ရေကြီးရေလျှံရခြင်း​၏ အဓိကအကြောင်းအရင်းများတွင်

- မြို့ပြနေထိုင်မှု လျင်မြန်စွာ တိုးပွားလာပြီး လူဦးရေထူထပ်လာခြင်း၊

- စွန့်ပစ်ပစ္စည်းများ စုပုံခြင်းကြောင့် ရေစီးဆင်းမှု ပိတ်ဆို့ခြင်း၊

- ရေစီးရေလာကောင်းမွန်အောင် ထိန်းသိမ်းပြုပြင်မှု မရှိခြင်းတို့ ပါဝင်ပါသည်။

ရေကြီးရေလျှံမှု​၏ နောက်ဆက်တွဲ ဆိုးကျိုးဒဏ်များကို မခံစားကြရလေအောင် သဘာဝဂေဟစနစ်ကြီး​ မှီတည်ရာ အရင်းအမြစ်ဖြစ်သော ရေသံသရာကြီးအား အလေးထား ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်မှာ လူသားအားလုံး​၏ တာဝန်ဖြစ်ပါကြောင်း။

Download link:
https://assets-monrec.nugmyanmar.org/images/2022/08/WeeklyJournal_Flood.pdf

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

#MONREC #NUG #Knowledgeproducts
639 views12:55
Open / Comment
2022-08-23 08:15:16
မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းနှင့် ပတ်သက်သည့် ကြေညာချက် (၇/၂၀၂၂)

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

#MONREC #NUG
1.1K views05:15
Open / Comment
2022-08-21 12:48:31
“တော်လှန်ပြည်သူတို့ သိသင့်တဲ့ ဓာတ်သတ္တုကဏ္ဍအကြောင်းအရာများ” ဆွေးနွေးပွဲ ကျင်းပမည်ဖြစ်ကြောငိး ထပ်မံအသိပေးဖိတ်ကြားခြင်း
==============

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ လစဥ်ဆွေးနွေးပွဲ (၄) ကို “တော်လှန်ပြည်သူတို့ သိသင့်တဲ့ ဓာတ်သတ္တုကဏ္ဍအကြောင်းအရာများ” ခေါင်းစဥ်ဖြင့် ယနေ့ (၂၁-၈-၂၀၂၂) ရက်နေ့၊ မြန်မာစံတော်ချိန် ည (၇) နာရီတွင် ကျင်းပသွားမည်ဖြစ်ပါသည်။

ဆွေးနွေးပွဲအကြောင်းအရာများကို -

CDM ဗိုလ်ကြီး ညီသုတ

အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်တို့မှ ဆွေးနွေးသွားမည်ဖြစ်ပြီး

Moderator အဖြစ် ဒါရိုက်တာသည်ခေတ်နေမှ ပါဝင်အားဖြည့်သွားမည်ဖြစ်ပါသည်။

ဆွေးနွေးပွဲကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန Ministry of Natural Resources and Environmental Conservation - NUG၊ Public Voice Television၊ Radio NUG၊ ဗိုလ်ကြီးညီသုတ NyiThuta's Diary တို့၏ Facebook စာမျက်နှာတို့တွင် တိုက်ရိုက်ထုတ်လွှင့်သွားမည် ဖြစ်ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

#MONREC_Dialogue #NUG
401 views09:48
Open / Comment
2022-08-20 17:05:35
“တော်လှန်ပြည်သူတို့ သိသင့်တဲ့ ဓာတ်သတ္တုကဏ္ဍအကြောင်းအရာများ”
=================

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ လစဥ်ဆွေးနွေးပွဲ (၄) ကို “တော်လှန်ပြည်သူတို့ သိသင့်တဲ့ ဓာတ်သတ္တုကဏ္ဍအကြောင်းအရာများ” ခေါင်းစဥ်ဖြင့် ၂၀၂၂ ခုနှစ်၊ သြဂုတ်လ (၂၁) ရက်နေ့ (တနင်္ဂနွေနေ့)၊ မြန်မာစံတော်ချိန် ည (၇) နာရီတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

တော်လှန်ပြည်သူတို့ သိသင့်သည့် ဓာတ်သတ္တုအကြောင်းအရာများကို -

CDM ဗိုလ်ကြီးညီသုတနှင့်

အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်

တို့မှ ဆွေးနွေးပြောကြားသွားမည်ဖြစ်ပြီး

Moderator အဖြစ် ဒါရိုက်တာ သည်ခေတ်နေမှ ပါဝင်အားဖြည့်သွားမည်ဖြစ်ပါသည်။

ဆွေးနွေးပွဲကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန Ministry of Natural Resources and Environmental Conservation - NUG ၊ Public Voice Television၊ Radio NUG၊ ဗိုလ်ကြီးညီသုတတို့၏ Facebook စာမျက်နှာတို့တွင် ထုတ်လွှင့်သွားမည်ဖြစ်ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

#MONREC_Dialogue #NUG
579 views14:05
Open / Comment
2022-08-20 12:55:08 “ဇီဝမျိုးစုံမျိုးကွဲများ၊ ထိန်းသိမ်းရေးနှင့် ဖက်ဒရယ်စနစ်ရှိ အခွင့်အလမ်းများ (အပိုင်း-၃)”
================

“ထိန်းသိမ်းရေးဆိုင်ရာ အခန်းကဏ္ဍများ”

ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ထိန်းသိမ်းရာတွင် -

၁) အစိုးရအဖွဲ့အစည်းများ (ပြည်ထောင်စု/ပြည်နယ်/ဒေသန္တရ)
၂) အစိုးရမဟုတ်သော အဖွဲ့အစည်းများ
၃) စီးပွားရေးလုပ်ငန်းများ (ဥပမာ- ကုမ္ပဏီများ)
၄) နိုင်ငံသား တစ်ဦးတစ်ယောက်ချင်း ပူးပေါင်းပါဝင်၍ ကာကွယ်ထိန်းသိမ်းကြရမည်ဖြစ်ပါသည်။

“ဖက်ဒရယ်စနစ်ရှိ အခွင့်အလမ်းများ”

နိုင်ငံသူနိုင်ငံသားတိုင်း ကျန်းမာပျော်ရွှင်နိုင်မည့် နိုင်ငံရေး အခင်းအကျင်းအသစ်တွင် နိုင်ငံနှင့် တိုင်းသူ ပြည်သားတို့၏ ကျန်းမာရေး၊ စားဝတ်နေရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပြန်လည်ကုစားနိုင်ရန် အရေးတကြီး လိုအပ်မည်ဖြစ်ပြီး ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ခြင်း (ဥပမာ-အမျိုးသားဥယျာဥ်များ) ဖြင့် နိုင်ငံသူ/သားတို့၏ ကျန်းမာပျော်ရွှင်ရေး၊ လေ့လာအပန်းဖြေရေး၊ စီးပွားရေး အခွင့်အလမ်းများ ဖန်တီးနိုင်မည်ဖြစ်ပါသည်။

Download Links:
https://assets-monrec.nugmyanmar.org/images/2022/08/WeeklyJounal_BiodiversityPart03.pdf

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

#MONREC #NUG #KnowledgeProducts
498 views09:55
Open / Comment
2022-08-20 12:55:07
465 views09:55
Open / Comment
2022-08-18 17:15:47 ဒီမိုကရေစီနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများ၊ ဖက်ဒရယ်စနစ် အစရှိသည့် အကြောင်းအရာများကို ဝင်ရောက်လေ့လာနိုင်သည့် International IDEA ၏ အင်တာနက်စာမျက်နှာများ မျှဝေခြင်း
===================

ဒီမိုကရေစီနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများ၊ ဖက်ဒရယ်စနစ်၊ ဂျန်ဒါတန်းတူညီမျှရေးနှင့် အားလုံးပါဝင်မှုရရှိရေးဆိုင်ရာ အကြောင်းအရာများကို အောက်ဖော်ပြပါ အင်တာနက်စာမျက်နှာတွင် လည်းကောင်း -

https://www.idea.int/publications

အာဏာသိမ်းဖြစ်စဥ်နောက်ပိုင်း မြန်မာနိုင်ငံတွင် ဂျန်ဒါတန်းတူညီမျှရေးကိစ္စရပ်များ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာကိစ္စရပ်များ အစရှိသည့် International IDEA မှ ထုတ်ဝေသော စာအုပ်စာတမ်းများကို အောက်ဖော်ပြပါ အင်တာနက်စာမျက်နှာတွင် လည်းကောင်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://constitutionnet.org/myanmar-publications

မြန်မာနိုင်ငံဆိုင်ရာ IDEA မှ စီစဥ်ဆောင်ရွက်သော ဖွဲ့စည်းပုံအခြေခံဥပဒေသင်တန်း (Myanmar Constitution Academy) အား အောက်ဖော်ပြပါအင်တာနက်စာမျက်နှာတွင်လည်းကောင်း ဝင်ရောက်လေ့လာနိုင်ပါသည်။

https://apmyanmar.lms.idea.int/index

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

#MONREC #NUG
665 views14:15
Open / Comment
2022-08-17 14:09:32
English version
704 views11:09
Open / Comment
2022-08-17 14:08:34
545 views11:08
Open / Comment