🔥 Burn Fat Fast. Discover How! 💪

မြင်သာမယ်ထင်ပါတယ်။ သတင်းစုဆောင်းနေတဲ့ The Fifth Column မှာ အစန | Mratt's Channel

မြင်သာမယ်ထင်ပါတယ်။ သတင်းစုဆောင်းနေတဲ့ The Fifth Column မှာ အစနဲ့အဆုံး သိရပေမယ့် အလယ်မှာ ပြတ်သွားတာတွေ၊ အလယ်ပွိုင့်တွေသိရပေမယ့် အဆုံးမှာ ပြတ်သွားတာတွေ မဖြစ်အောင် ‘စနစ်တကျ’ ပြုစုနေတဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ တပ်တည်၊ တပ်လှုပ် စာရင်းရှိပါတယ်။ ဒါကြောင့် ကိုယ်မြင်လိုက်တဲ့အချက်အလက်၊ စစ်တပ်နဲ့ပတ်သက်တာ ဘာကိုပဲ မြင်မြင် မြင်လိုက်သမျှ သတင်းပေးကြဖို့ ဆော်သြလိုပါတယ်ခင်ဗျာ။

နောက်တစ်ခုကတော့ The Fifth Column ဟာ NUG နဲ့ မိတ်ဖက်အဖွဲ့တွေအပါအဝင် NUG နဲ့ သီးခြားလုပ်ကိုင်နေတဲ့ ကျန်တော်လှန်ရေးအဖွဲ့တွေကိုလည်း သတင်းအချက်အလက်၊ အကြံဉာဏ်တွေ ပေးနေပါသေးတယ်။ ဟိုးအရင်က ပြောခဲ့သလို The Fifth Column ဟာ ဘယ်သူ့ထိန်းချုပ်မှုအောက်မှာမှ မရှိ သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခုပါ။ ဒါကြောင့်ပဲ တော်လှန်ရေးကို အောင်မြင်စေလိုတဲ့ မည်သည့်အဖွဲ့အစည်း လူပုဂ္ဂိုလ်အတွက် မဆို အကူညီပေးဖို့၊ အတူတူအလုပ်တွဲလုပ်ဖို့ အဆင်သင့်ပါ။

ဒါ့အပြင် လက်ရှိ မြေပြင်က တချို့အဖွဲ့တွေဟာ မစခ လို့ မြင်လိုက်ရင်၊ ရဆလ လို့ မြင်လိုက်ရင်၊ သစခ လို့ တွေ့လိုက်ရင်၊ ဒါမှမဟုတ် ဒစခ လို့ တွေ့လိုက်ရင် စစ်တပ်လို့ သိပေမယ့် ဘာလုပ်နိုင်တယ်၊ ဘာကိုစွမ်းဆောင်နိုင်တယ်ဆိုတာ မသိကြပါဘူး။ ဒါက တိုက်ခိုက်ရေး လုပ်နေကြသူတွေရဲ့ အလုပ် မဟုတ်ပါဘူး။ သူတို့မှာ ငွေရှာရတာ၊ လက်နက်ကိစ္စ စသဖြင့် များလွန်းသလို သတင်းအချက်အလက်၊ မြေပုံကျွမ်းကျင်မှုအတွက် အားနည်းကြပါတယ်။

ဒါပေမယ့် The Fifth Column ကတော့ အဲ့ဒီလို အတိုကောက် စာလုံးမြင်လိုက်တာနဲ့ နောက်က အချက်အလက်တွေကိုပါ တစ်ဆက်တည်း သိပါတယ်။ ဥပမာ မစခ (၉၀၁) လို့ မြင်လိုက်တာနဲ့ ဒါဟာ အမြောက်စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် အမှတ် ၉၀၁ ဖြစ်ပြီး ဘယ်မြို့နယ်မှာ လောင်ဂျီကျုဘယ်လောက် လတ္တီကျု ဘယ်လောက်မှာ ရှိတယ်ဆိုတာက အစ သိပါတယ်။ (အောက်က ဓာတ်ပုံကို ကြည့်ပါ)