🔥 Burn Fat Fast. Discover How! 💪

'ဘားလမ်း ဖောက်ခွဲမှု' ကို ပီဒီအက်ဖ်တစ်ခုက လုပ်ကြောင်း စစ်ကောင် | Mratt's Channel

'ဘားလမ်း ဖောက်ခွဲမှု' ကို ပီဒီအက်ဖ်တစ်ခုက လုပ်ကြောင်း စစ်ကောင်စီ ဘက်တော်သားတွေ ဝါဒဖြန့်နေတာ တွေ့ရပါတယ်။ People's Defence Force - Y A N G O N က ဒီအတွက်ဆိုပြီး ကြေညာချက် ထုတ်ထားတယ်။ အရေးအသားက သာမန်ပါ။ ထုတ်ပြန်ချက်မှာ ရေစာ သေသေချာချာ ထိုးထားတာ တွေ့ရတယ်။

ထူးခြားတာကတော့ ထုတ်ပြန်ချက်မှာ ဖုန်းနံပါတ် ထည့်ထားတာပါ။ +959 2595 331 88 တဲ့။ အရင်ကြေညာချက်တွေမှာတော့ ဖုန်းနံပါတ်ပါတာ မတွေ့ရ။ ခုမှ ဖုန်းနံပါတ် ထည့်ထားတယ်။ ဆက်ကြည့်တော့လည်း မကိုင်ဘူး။