🔥 Burn Fat Fast. Discover How! 💪

The Fifth Column ကို  (FC) အနေနဲ့....   တော်လှန်ရေးအဖွဲ့တွေရဲ့ | Mratt's Channel

The Fifth Column ကို  (FC) အနေနဲ့....
 
တော်လှန်ရေးအဖွဲ့တွေရဲ့ ‘သတင်းလိုအပ်ချက်တွေ’ အတွက် အကြံပေးတာ၊ ပံ့ပိုးပေးနေတာ အားလုံး သိပြီးဖြစ်ပါတယ်။ ခုတော့ FC ကို နောက်တစ်ဆင့် ထပ်တိုးမြှင့်တဲ့အနေနဲ့ FC က ပေးပို့တဲ့ မြေပုံအညွှန်းတွေ၊ ဆောင်ရန်၊ ရှောင်ရန်တွေအပါအဝင် FC ရဲ့ မူပိုင်သတင်းအချက်အလက်တွေကို အတည်အခန့် Logo နဲ့ ဖြန့်ဝေဖို့ ဆုံးဖြတ်လိုက်ပါတယ်။
 
ဒါကြောင့် The Fifth Column အတွက် မိတ်ဆွေတို့ဆီက Logo တစ်ခု အကူအညီတောင်းခံ လိုပါတယ်။ Telegram မှာ ‘ဖစ် ကော်လံ’ ဆိုတဲ့နာမည်နဲ့ ထောင်ထားတဲ့ တခြား အဖွဲ့တချို့နဲ့ နာမည်တချို့လည်း ရှိနေတဲ့အတွက် သီးသန့် သီခြားဖြစ်လာစေဖို့နဲ့ အတု/အပ ရွေးချယ်နိုင်စေဖို့ အတွက်ပါ။
 
Logo Theme ကတော့ - သတင်းစုဆောင်း ထောက်လှမ်းတာ (News, Intelligence, Investigation)  ဖြစ်ပြီး Colour ကတော့ - အစိမ်း၊ အနီနဲ့ ရွှေရောင် ကလွဲပြီး ကျန်တဲ့အရောင်တွေကို စိတ်ကူးကွန့်မြူးချင်သလို လုပ်နိုင်ပါတယ်။
 
FC ကို Logo Design ကူညီချင်သူတွေအနေနဲ့ Logo Design အတွက် စိတ်ကူး အိုင်ဒီယာတွေ ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်လည်း အချိန်မရွေး ဆက်သွယ်နိုင်ပါကြောင်းခင်ဗျား။

FC အတွက် Logo Design ကူညီချင်သူတွေအနေနဲ့ ပေးပို့နိုင်တဲ့ Email နဲ့ Telegram:
 
-       mmfifthcolumn@protonmail.com
-       Telegram (t.me/mmfifthcolumn)