Get Mystery Box with random crypto!

The Fifth Column သတင်းတပ်သားများသို့... The Fifth Column (tf | Mratt's Channel

The Fifth Column သတင်းတပ်သားများသို့...

The Fifth Column (tfc) ကို စတင်ချိန်ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ကတည်းက အဖွဲ့သားတွေဟာ မြန်မာနိုင်ငံရဲ့ အိပ်ချိန်ကလွဲပြီး တရက်မှ မနားဘဲ ဒီနေ့ထိ သတင်းတွေ စုဆောင်းနေခဲ့ကြတာ ဖြစ်ပါတယ်။ ခုတော့ tfc အဖွဲ့ကို အဆင့်မြှင့်ဖို့ရော၊ အဖွဲ့သားတွေအနေနဲ့ ဒီထက် ပိုပြီး အလုပ်တွင်ဖို့ရော ပြင်ဆင်ဖို့ အချိန်ရောက်ပြီလို့ ဆုံးဖြတ်ကြပါတယ်။

ဒါကြောင့် tfc အနေနဲ့ သတင်းစုဆောင်းမှုကို ၃ ရက် (ဇူလိုင် ၁၉ ကနေ ၂၁ ထိ) ရပ်နားပါမယ်။ ဒီကြားထဲ သတင်းလာပို့ရင် 'ပုံမှန်လို' ချက်ချင်း အကြောင်းပြန်နိုင်မှာ မဟုတ်ပါ။

ဒီ ၃ ရက်အတွင်း အင်မတန်အရေးကြီးတဲ့ဖြစ်ရပ်တွေ၊ သတင်းတွေကို ပေးပို့ချင်တယ်ဆိုရင်တော့ ကျနော့်ဆီ ပို့ထားနိုင်ပါတယ်။ ပေးပို့နေကျ သတင်းတပ်သားတွေအနေနဲ့ သိပြီးဖြစ်ပေမယ့် မသိသေးသူတွေအတွက် ကျနော့်ဆီ တိုက်ရိုက်ပို့လို့ရတဲ့ တယ်လီဂရမ်က - @mrattkthu ဖြစ်ပါတယ်။

ကျေးဇူးပါ မိတ်ဆွေများ ခင်ဗျား။