🔥 Burn Fat Fast. Discover How! 💪

'မြန်မာနိုင်ငံကို ခရီး မသွားနဲ့' အမေရိကန် အစိုးရရဲ့ ခရီးသွား | Mratt's Channel

"မြန်မာနိုင်ငံကို ခရီး မသွားနဲ့"

အမေရိကန် အစိုးရရဲ့ ခရီးသွားလာမှု အကြံပြုတားမြစ်ချက်တွေထဲမှာ ဇူလိုင် ၁၉ ရက်စွဲနဲ့ မြန်မာနိုင်ငံအပါအဝင် ဟောင်ကောင်၊ အီရန်၊ အီရတ်၊ မြောက်ကိုရီးယား၊ ရုရှားနဲ့ ဗင်နီဇွဲလား တို့ကို အသစ် ထပ်ထည့်လိုက်ပါတယ်။

ဒီမှာ တချို့ ကောက်ယူကြသလို မြန်မာက နံပတ် (၁) လို့တော့ အဆင့်အားဖြင့် သတ်မှတ်ထားတာ မတွေ့ရပါ။ စကားလုံးအစဉ်အရ Burma က B နဲ့ စလို့ ရှေ့ဆုံးကို ရောက်နေတာ ဖြစ်ပြီး Venezuela က V နဲ့စလို့ နောက်ဆုံးကို ရောက်နေတာသာ ဖြစ်ပါတယ်။ အစိုးရ ဝက်ဘ်ဆိုက်ထဲမှာဆိုရင် အသစ်ထည့်ဖြည့်တဲ့အထဲ အဆင့် ၄ သတ်မှတ်ချက်ထဲမှာ ဗင်နီဇွဲလားနဲ့ ရုရှားကို အပေါ်ဆုံးကို တင်ထားတာမျိုး တွေ့ရပါတယ်။