🔥 Burn Fat Fast. Discover How! 💪

သတ်မှတ်ချက်အရ အန္တရာယ်ရှိတဲ့ အဆင့်မှာ အမြင့်ဆုံး အဆင့် - ၄ ဖြစ | Mratt's Channel

သတ်မှတ်ချက်အရ အန္တရာယ်ရှိတဲ့ အဆင့်မှာ အမြင့်ဆုံး အဆင့် - ၄ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာဟာ အီရန်၊ အီရတ်တို့အပါအဝင် ဆူဒန်၊ အာဖဂန်၊ ဘယ်လာရုစ်၊ ဆီးရီးယားတို့နဲ့ ခရီးသွားတွေအတွက် အမေရိကန်ရဲ့ လုံခြုံရေးသတ်မှတ်မှုမှာ အဆင့်အတန်းတူ ဖြစ်သွားပါတယ်။

အမေရိကန်ရဲ့ ထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အသေးစိတ် ရေးသားထားချက်တွေပါပါတယ်။ ဒီထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ ဖော်ပြချက်တွေ တွေ့ရပါတယ်။ ဘာလို့ဆိုရင် မြန်မာနိုင်ငံကို မသွားနဲ့လို့ တစ်နိုင်ငံလုံးအတိုင်းအတာ ယေဘုယျ ခြုံပြောလိုက်တာ မဟုတ်ဘဲ အန္တရာယ်ရှိတဲ့ တိုင်းနဲ့ပြည်နယ်၊ မြို့နယ်တွေကို အသေးစိတ် ထည့်ရေးထားတာပါ။

ဒီမြို့တွေထဲမှာ ကိုယ့်ပြည်တွင်းက ပြည်သူတွေအနေနဲ့ သိပ် သတိမထားမိတဲ့ မြို့နယ်တွေကို အမေရိကန်အစိုးရက အန္တရာယ်ဇုံတွေအဖြစ် ထည့်သွင်း သတ်မှတ်ထားတာမျိုး တွေ့ရပါတယ်။ ဥပမာ ကချင်ပြည်နယ်က ဗန်းမော်၊ မိုးကောင်း နဲ့ ရှမ်းက ဟိုပန်၊ သိန္နီ၊ သီပေါ၊ နမ့်စန်၊ နမ္မတူ၊ နမ့်ခန်း တို့ပါ။ ပြည်တွင်း သတင်းတွေမှာ တိုက်ပွဲအချို့ ဖြစ်နေတယ်လို့ ဖတ်ရပေမယ့် ဒေသတွင်းမှာ ဒီထဲက တချို့နေရာတွေမှာ ခရီးသွားလာမှုတချို့ ရှိနေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဦးစားပေး ထည့်သွင်းထားတဲ့မြို့က ချင်းပြည်နယ်က မတူပီမြို့ ဖြစ်ပါတယ်။ ပြီးတော့ ခုနောက်ပိုင်း ပြည်တွင်းမှာ ခဏငြိမ်နေတယ်လို့ ထင်ရတဲ့ ရခိုင်၊ ချင်းနယ်စပ်က ပလက်ဝလို မြို့ကိုလည်း ဦးစားပေးစာရင်းထဲ ထည့်ထားတာ တွေ့ရတယ်။ ကယားမှာဆိုရင် ရှားတောမြို့ကို ထည့်ထားတယ်။ မိုးဗြဲ၊ လွိုင်ကော်၊ ဒီမောဆိုလို တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့မြို့တွေကို ထည့်သွင်းထားတာမျိုး မတွေ့ရပါ။

ဦးစားပေးမြို့တွေထဲမှာ ကချင်နဲ့ ရှမ်းက အများစုပါဝင်ပြီး ချင်းက တတိယ ဦးစားပေးလိုက်ပါတယ်။ တိုက်ပွဲတွေ တောက်လျှောက်ဖြစ်နေတယ်လို့ ပြောလို့ရတဲ့ ကရင်ပြည်နယ်ထဲမှာဆိုရင် ဖာပွန် တစ်မြို့တည်းကိုပဲ ထည့်သွင်းထားတာက စိတ်ဝင်စားစရာကောင်းပါတယ်။ ၁၉ ရက်မှာ ထုတ်ပြန်တာ ဖြစ်လို့ ဒီမတိုင်ခင်က တိုက်ပွဲတွေ စိပ်လာတဲ့ တနင်္သာရီတိုင်းနဲ့ မြန်မာနိုင်ငံတောင်ပိုင်းက မြို့တွေကို ဒီထဲ ထည့်သွင်းမထားပါ။

ကျနော်တို့ သာမန်ပြည်သူတွေသိတဲ့ သတင်းအချက်အလက်နဲ့ သံရုံးတွေက စုဆောင်းတဲ့ သတင်းအချက်အလက်မှာ သတင်းရင်းမြစ်တွေ ကွာနိုင်ပါတယ်။ ဒါကြောင့် သတ်မှတ်တဲ့ အန္တရယ်ဇုံတွေကလည်း ကွာနိုင်ပါတယ်။ ဒါပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့ မြို့နယ်တွေ၊ နေရာအချို့ ပါနေတာမို့ ရေးသားလိုက်ပါတယ်။