🔥 Burn Fat Fast. Discover How! 💪

ဂုဏ်သရေရှိ လူကြီးမင်း မစ္စတာမင်းအောင်လှိုင် သို့... ဆိုပြီး | Mratt's Channel

ဂုဏ်သရေရှိ လူကြီးမင်း မစ္စတာမင်းအောင်လှိုင် သို့...

ဆိုပြီး လိပ်မူပြီးရေးတဲ့ စာက အစစ်လို့ HRW Myanmar က သူတို့ twitter ကနေ ပြီးခဲ့တဲ့ တစ်နာရီခန့်က ကြေညာပါတယ်။ ဒါကြောင့် စာကို အစစ်/အတု အငြင်းပွားနေစရာ မလိုတော့ဘဲ အစစ်ဖြစ်ကြောင်း အတည်ပြုနိုင်ပါတယ်။

မင်းအောင်လှိုင်ကို HRW (Human Rights Watch Myanmar) က စာပေးပို့တာမှာ တခြားအဖွဲ့တွေရဲ့ သဘောတူညီမှု မရယူခဲ့ဘဲ 'ကံမကောင်းစွာနဲ့ လိပ်မူ' ပေးပို့လိုက်မိတာလို့ HRW Myanmar က ဝန်ခံထားပါတယ်။ ဒါကြောင့် စာကလည်း အစစ်ဖြစ်ပြီး ပေးပို့တာကလည်း အစစ်ဖြစ်ပါတယ်။

ဂုဏ်သရေရှိ လူကြီးမင်း မစ္စတာမင်းအောင်လှိုင် သို့ လို့ လိပ်မူထားတဲ့အဖွဲ့တွေထဲမှာ Amnesty International, Save The Children, World Vision, Planet International တို့လို အဖွဲ့ကြီးတွေလည်း ပါဝင်ပါတယ်။ ခု HRW က ဒီအဖွဲ့တွေကို အသိမပေးဘဲ မင်းအောင်လှိုင် စာပို့မိတယ်လို့ ကြေညာလာတာ ဖြစ်ပါတယ်။

HRW Myanmar က မင်းအောင်လှိုင်ကို ပေးပို့တဲ့ စာထဲမှာတော့ The Honourable Mr. Min Aung Hlaing, Prime Minister လို့ လိပ်မူထားခဲ့ပြီး ပြန်လည် တောင်းပန်စာမှာတော့ Myanmar Military coup leader Sr. General Min Aung Hlaing လို့ ရေးထားတာ တွေ့ရပါတယ်။

ဒီစာထွက်လာတာနဲ့ ပတ်သက်ပြီး Save The Children အဖွဲ့ကတော့ သူတို့ကို အသိမပေးဘဲ HRW Myanmar က ဒီစာကိုပေးပို့တာ ဖြစ်တယ်လို့ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ပြီးခဲ့တဲ့ မိနစ်ပိုင်းက ပြန်လည် ဖြေရှင်းထားတာ တွေ့ရပါတယ်။ တခြားအဖွဲ့တွေရဲ့ ပြန်လည်ဖြေရှင်းချက်ကိုတော့ မတွေ့ရသေးပါဘူး။