🔥 Burn Fat Fast. Discover How! 💪

ရခိုင်ပြည်နယ် စစ်တွေမြို့က စစ်တွေထောင်ထဲမှာ အေအေ ဖမ်းဆီးခံရပြီ | Mratt's Channel

ရခိုင်ပြည်နယ် စစ်တွေမြို့က စစ်တွေထောင်ထဲမှာ အေအေ ဖမ်းဆီးခံရပြီး ပြန်လွတ်လာသူတွေနဲ့အတူ စစ်တပ်ထဲကနေ ထွက်ပြေးခဲ့တဲ့ တပ်ပြေး ၉၀ ကျော် ရှိနေတယ်လို့ ထောင်တွင်း သတင်းရင်းမြစ်က ဒီနေ့ ပြောပါတယ်။

တိုက်ပွဲတွေမှာ ရခိုင့်တပ်တော် (အေအေ) ရဲ့ ဖမ်းဆီးခံရပြီး ပြန်လွတ်လာသူတွေကို စစ်ကောင်စီက ပြန်ဖမ်းဆီးပြီး ထောင်သွင်းအကျဉ်းချသလို စစ်တပ်ထဲကနေ ထွက်ပြေးခဲ့တဲ့ တပ်ပြေးတွေကိုပါ အကျဉ်းချထားတာ ဖြစ်ပါတယ်။

ဒီလူတွေကို စစ်တပ်ရဲ့ အကျဉ်းထောင်တွင်း အထူးတရားရုံးတွေမှာ တရားစီရင်မှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး စစ်ကောင်စီရဲ့ ဗျူဟာကျတဲ့ ကြိမ်ချောင်းအခြေစိုက်စခန်းတွေကို အေအေက သိမ်းယူထားပါတယ်။

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၅ နယ်မြေ ထိုင်း မြန်မာနယ်စပ် ထဲမှာရှိတဲ့ ရခိုင့်တပ်တော်ရဲ့ တပ်စခန်းတစ်ခု ပြီးခဲ့တဲ့ ဇူလိုင်ပထမပတ်က တိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်း ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြန်လည်ပြင်းထန်လာတာပဲဖြစ်ပါတယ်။

ဓာတ်ပုံ - ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်ကို ၂၀၁၃ ခုနှစ်က ဝေဟင်ကနေ မြင်ရတာ ဖြစ်ပါတယ်။