Get Mystery Box with random crypto!

ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမှာ စစ်တပ်က အင်အားဖြည့် တန့်ယန် | Mratt's Channel

ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမှာ စစ်တပ်က အင်အားဖြည့်

တန့်ယန်းမှာ ထောက်ပို့တပ်မရှိဘဲ လားရှိုးအခြေစိုက် ထောက်ပံ့ပို့ဆောင်ရေး အမှတ် (၆၂၆) တပ်ရင်းကနေ လာပြီး တပ်စွဲထားတာ ဖြစ်ပါတယ်။ ဒီမှာရှိတဲ့ စစ်တပ်ရဲ့ ဂိုဒေါင်နှစ်ခုမှာ စက်တင်ဘာ ၃ တုန်းက ၁၂ ဘီးကားတွေနဲ့ ဆန်တွေလာချသွားတာ တွေ့ရပါတယ်။

တန့်ယန်းမှာရှိတဲ့ စစ်တပ်ရဲ့ ဒီဂိုဒေါင်တွေဟာ အသုံးမပြုဘဲထားတာ နှစ်ပေါင်းများစွာရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းကမှ ပြန်လည် သန့်ရှင်းရေးလုပ်နေခဲ့တာလည်း ဖြစ်ပါတယ်။

စက်တင်ဘာ ၁၂ တုန်းကတော့ တန့်ယန်းမှာရှိတဲ့ စစ်မှုထမ်းဟောင်းတွေနဲ့ ပြည်သူ့စစ်ဖွဲ့ဖို့ အစည်းအဝေးတစ်ခု လုပ်ခဲ့ပါတယ်။ ဒါကို အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) အောက်က အခြေခံ စစ်ဗျူဟာမှာ လုပ်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ လူ ၂၀ ကနေ ၃၀ ကြား ဖွဲ့ထားနိုင်ပြီလို့ သိရပါတယ်။

တစ်လမှာ ဆန် တစ်အိတ်၊ ငွေ ၇၀၀၀ ဝန်းကျင်ပေးပြီး စည်းရုံးထားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ လောလောဆယ် ဖွဲ့စည်းထားပြီးသားလူတွေကို မြို့တွင်းက ဂိတ်တွေနဲ့ စစ်တပ်ရဲ့ ကင်းစခန်းတွေမှာ ချထားတယ်လို့ ဆိုပါတယ်။

တန့်ယန်းဟာ ရှမ်းတောင်၊ ရှမ်းအရှေ့ကနေ ရှမ်းမြောက်သွားရာလမ်းမှာ အဓိကကျတဲ့ မြို့ဖြစ်ပြီး ထောက်ပံ့ပို့ဆောင်ရေးအတွက် အခရာကျတဲ့ မြို့ကြီးတစ်မြို့လည်း ဖြစ်ပါတယ်။ ဒီရက်တွေမှာပဲ UWSA ‘ဝ’ တပ်နဲ့ AA, MMDAA, NDAA, SSPP/SSA တို့လည်း တွေ့ဆုံခဲ့ပါသေးတယ်။