🔥 Burn Fat Fast. Discover How! 💪

တဖြည်းဖြည်းနဲ့ ကိုယ့်ဒုက္ခ ကိုယ်ဖြေရှင်းရတဲ့ နေ့တွေပိုများလာကြ | Mratt's Channel

တဖြည်းဖြည်းနဲ့ ကိုယ့်ဒုက္ခ ကိုယ်ဖြေရှင်းရတဲ့ နေ့တွေပိုများလာကြပြီ။ သေစာရှင်စာ စုဆောင်းမိထားသူအချို့ကတော့ သက်သာနိုင်ပေမယ့် ရတဲ့လခအပေါ်ပဲ မှီခိုနေခဲ့ကြရသူတွေအဖို့ ဒီကာလမှာ ပိုဆိုးကြတယ်။ ဒေါ်လာဈေး၊ ကုန်ဈေးနှုန်း မတက်ခင်က လှူဒါန်းတာမျိုးတွေကို ဒီနေ့လိုအချိန်မျိုးမှာ သိပ်မလုပ်နိုင်ကြတော့။

ဒါပေမယ့် အံ့သြစရာကောင်းတာက နေ့စဉ်အလုပ်သွား အလုပ်ပြန်၊ လမ်းတွေပေါ်က ကားဆရာတွေ၊ နောက်ဆုံး ဟိုမြို့ ဒီမြို့ တောက်လျှောက် ခရီးထွက်နေကြရသူတွေဟာ ရရင် ရသလို သတင်းပို့နေတာ ကျ မသွားပါဘူးဆိုတာပါပဲ။ ကြုံရင်ကြုံသလို The Fifth Column (tfc) Link လေးပေးပါဦးဗျို့ ဆိုပြီး လာမေးကြတယ်။

အဲ့ဒီလိုပဲ ဟိုးအစောပိုင်းကာလကနေ ဒီနေ့ချိန်ထိ ရက်မခြားဘဲ မြင်တွေ့ရသမျှ သတင်းတွေ လာပို့နေကြတဲ့ သတင်းတပ်သားတွေကိုလည်း tfc အဖွဲ့သားများက ကျေးဇူးတင်ကြောင်း သတင်းစကားပါးလိုက်ပါတယ်။