Get Mystery Box with random crypto!

လားရှိုးမှာ Armoured Fire Support Vehicles ၆ စီးရောက်နေ ရှမ်း | Mratt's Channel

လားရှိုးမှာ Armoured Fire Support Vehicles ၆ စီးရောက်နေ

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ စစ်ကောင်စီရဲ့ Armoured fire support အမျိုးအစား ကား ၆ စီးရောက်ရှိနေတယ်လို့ မျက်မြင်တွေ့ရှိသူ ဒေသခံတွေက သတင်းပေးလာပါတယ်။

လက်ရှိအချိန်ထိ ဒီကားတွေ ဘယ်ကို ဦးတည်သွားလာသလဲဆိုတာ မသိရဘဲ မနေ့ည နိုဝင်ဘာ ၄ လားရှိုးမြို့ထဲမှာ သွားလာနေတာကို မြင်တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် မြို့ထဲမှာ လုံခြုံရေးတင်းကြပ်ထားပြီး အရင်က မဘသ ဘုန်းကြီးကျောင်းအဖြစ် မြို့ခံတွေ သိကြတဲ့ မဟာဗောဓာရုံ ဘုန်းကြီးကျောင်းထဲမှာလည်း စစ်ကောင်စီတပ်သားတွေ တပ်စွဲထားကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ နေ့လယ်ပိုင်းက လားရှိုးမြို့တော်ခန်းမမှာ ပေါက်ကွဲမှု ဖြစ်ခဲ့ပါသေးတယ်။