Get Mystery Box with random crypto!

စိတ်ခံစားမှုတွေ မြင့်နေချိန်မှာ သတင်းမှားတွေ သတိထားကြပါ မိတ်ဆ | Mratt's Channel

စိတ်ခံစားမှုတွေ မြင့်နေချိန်မှာ
သတင်းမှားတွေ သတိထားကြပါ မိတ်ဆွေများ။

ပရိုဖိုင် အမှန် မတင်ထားတဲ့ အကောင့်တုတွေ၊ တော်လှန်ရေးနာမည် ဖြစ်သလိုပေးထားတဲ့ စာမျက်နှာတွေ၊ သတင်းရင်းမြစ် မပါတဲ့ ၂ ကြောင်း၊ ၃ ကြောင်းပဲ ရေးထားတဲ့ စတေးတပ်စ်တွေ၊ ငိုနေတဲ့ အီမိုဂျီတွေ၊ အရုပ်ကလေးတွေနဲ့ မျက်ရည်ချူတာတွေ၊ သတင်းဌာနမဟုတ်ဘဲ ဘယ်ကမှန်း မသိတဲ့ လူပုဂ္ဂိုလ်က တင်တာတွေ သတိထားကြပါ။

တချို့က ဒီလိုအချိန်မှာ Follower ရှာတယ်၊ သတင်းက မဟုတ်တော့ဘူးဆိုရင် ဖျက်သွားတယ်။ လူတွေကလည်း မေ့လွယ်တော့ ဖြစ်တုန်းခဏပဲ ဝိုင်းဆဲကြ၊ ပြီးတော့ အဲ့ဒီ သတင်းမှား တင်ခဲ့တဲ့အကောင့်က Follower များကုန်ပြီး နောက်တစ်ကြိမ် သတင်းမှား ထပ်ဖြန့်ရင် ထပ်ခံရတယ်။

စိတ်ခံစားမှု မြင့်နေချိန်မှာ
သတင်းမှားတွေ သတိထားကြပါ မိတ်ဆွေများ။