Get Mystery Box with random crypto!

ထန်တလန်ကို စစ်တပ်က မီးရှို့ပြီးတဲ့အချိန်မှာ.... 'တိုင်းရင်းသ | Mratt's Channel

ထန်တလန်ကို စစ်တပ်က မီးရှို့ပြီးတဲ့အချိန်မှာ....

'တိုင်းရင်းသားတွေကို စစ်တပ်က ဖိနှိပ်တယ်ဆိုတာ မယုံခဲ့ဘူး၊ ခုမှ ယုံတော့တယ်၊ ခွင့်လွှတ်ကြပါ၊ ခုတော့ သိပါပြီ' ဆိုတဲ့ စကားအသွားအလာမျိုးက အင်တာနက်ပေါ် အင်မတန် ခေတ်စားခဲ့ပါတယ်။ တိုင်းရင်းသားတွေကို ကိုယ်ချင်းစာတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ ခုတော့ စစ်တပ်က တိုင်းရင်းသားလည်း ဂရုမစိုက်၊ ဗမာဆိုတာလည်း ဂရုမစိုက်တော့တာ သိခဲ့ကြပြီးပါပြီ။

︎ တစ်ရက် တစ်ကြိမ်နှုန်း
စစ်တမ်းတစ်ခုအရ* စစ်ကိုင်းတစ်နေရာတည်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ ၃ လအတွင်း ၃၅ ကြိမ်ရှိခဲ့ပါတယ်။ မနှစ်က အောက်တိုဘာကနေ နှစ်ကုန်ဒီဇင်ဘာထိ စောင့်ကြည့်တွက်ချက်မှု ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အဲ့ဒီ ၃ လအတွင်းမှာ ၁၁၃ ကြိမ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု လုပ်ခဲ့ပါတယ်။

သဘောက စစ်ကောင်စီဟာ တစ်ရက်မှာ တစ်ကြိမ်နှုန်းလောက်နဲ့ တစ်ရက်မှ မနားဘဲလေကြောင်းကနေ ဗုံးကြဲခဲ့တယ်ဆိုတာပါပဲ။ (ဇယားချပ် - က)